iMyanmarHouse.com - Best Property Website for Myanmar
×





Credit : thithtoolwin



#Unicode Version

Demi Lovato က လတ်တလောမှာ သံသယမဝင်မိတဲ့ ပရိသတ်တွေကို ကားမောင်းပို့ရင်း Disney ရဲ့ Camp Rock ဇာတ်ကားထွက်ခဲ့တဲ့ခေတ်ကို အလည်တစ်ခေါက်ပြန်ရောက်ခဲ့ပါတယ်။

Nick Jonas နှင့်အတူ ကျင်းပတဲ့ Future Now tour ရဲ့ကြားရက်တွေမှာ ဒန်ဗာမြို့က Lyft အငှားကားမောင်းသူအဖြစ်ဟန်ဆောင်ခဲ့တာပါ။

“ကျွန်မတစ်နေ့နေ့တော့ တကယ်ကို အဆိုတော်ဖြစ်ချင်ပါတယ်။ ဥပမာပြောရရင် ရည်စားဟောင်းရဲ့ ညီကလည်း သီချင်းဆိုတယ်ဆိုတော့ သူနဲ့အတူ နိုင်ငံတစ်ပတ် ခရီးထွက်တာမျိုးပေါ့။ ပြီးတော့ ကျွန်မတို့နာမည်တွေကို open mic night မှာ လူတွေသိစေချင်တယ်။ လုပ်နိုင်တာ အားလုံးလုပ်ချင်တယ်” လို့ Lovato က ဟန်ဆောင်နေတုန်းမှာ ခရီးသည်တစ်ယောက်ကို ပြောပြခဲ့ပါတယ်။

သူဘယ်သူလဲဆိုတာထုတ်မပြောခင်မှာ Camp Rock ဇာတ်ကားထဲက သီချင်းတွေကိုတောင် ပရိသတ်နှင့်အတူဆိုခဲ့ပါသေးတယ်။ အဲ့ဒီနောက် နေကာမျက်မှန်ချွတ်လိုက်တဲ့အခါမှာတော့ Demi Lovato နှင့်အတူ ကားမောင်းရင်း ကာရာအိုကေဆိုနေရမှန်းသိရတော့ လူတိုင်းက အရူးအမူးဖြစ်သွားတော့တာပါပဲ။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top