iMyanmarHouse.com - Best Property Website for Myanmar
×

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တစ္ရက္ေလာက္ ေရမခ်ိဳးပဲ ေနလိုက္ရတာမ်ိဳးကို ႀကံဳဖူးၾကမွာပါ။ ဒါေပမယ့္ ႏွစ္ရက္ေလာက္ ေရမခ်ိဳးမိလုိက္ရင္ေတာ့ သင့္ရဲ႕ ခႏၶာကိုယ္က ေသခ်ာေပါက္ အနံ႔အသက္တစ္ခုခု ထြက္လာမွာ ျဖစ္ပါတယ္။

ႏွစ္ရက္ေလာက္ ေရမခ်ိဳးလိုက္ပဲ ေနလိုက္ျခင္းဟာ ႀကီးမားတဲ့ စြန္႔စားမႈတစ္ခုလို႔ ဆရာဝန္ေတြက သတ္မွတ္ထားၾကပါတယ္။ ေရႏွစ္ရက္ေလာက္ မခ်ိဳးလိုက္ဘူးဆိုရင္ သင့္ရဲ႕ခႏၶာကိုယ္ကို ဆိုးက်ိဳးေပးတဲ့ ဘက္တီးရီးယားေတြဟာ အေရျပားေပၚမွာ ပြားမ်ားလာၿပီး ေနထိုင္မေကာင္း ျဖစ္ဖို႔ လမ္းစမ်ားသြားလိမ့္မယ္လို႔ သိရပါတယ္။ မသန္႔ရွင္တဲ့ လက္နဲ႔ မ်က္လံုး၊ ႏွာေခါင္းတို႔ကို ပြတ္မိတဲ့အခါ ေနထိုင္မေကာင္း ပိုၿပီး ျဖစ္လာတတ္ပါတယ္။

ခႏၶာကိုယ္ေပၚမွာ အမ်ိဳးအစားမတူတဲ့ ဘက္တီးရီးယားေပါင္း ၁၀၀၀ ေက်ာ္ရွိတတ္ၿပီး အဲဒီအထဲမွာ ဘက္တီးရီးယား ၄၀ ေလာက္က ခႏၶာကိုယ္အတြက္ ေကာင္းက်ိဳးျပဳပါတယ္။ ေရမခ်ိဳးရင္ အနံ႔ဆိုးထြက္တာဟာ ခႏၶာကိုယ္အတြင္းထဲက ထြက္လာတာမ်ိဳး မဟုတ္ပဲ ဆိုးက်ိဳးေပးတဲ့ ဘက္တီးရီးယားေတြဆီက ျဖစ္ပါတယ။္

ေသခ်ာတာကေတာ့ သင္ႏွစ္ရက္ေရမခ်ိဳးတဲ့အခါ ခႏၶာကိုယ္မွာရွိတဲ့ ပ႐ိုတိန္းဓာတ္နဲ႔ ဖက္တီအက္ဆစ္ဓာတ္ေတြကို စားသံုးၿပီး ဘက္တီးရီးယားေတြဟာ ရွင္သန္ပြားမ်ားလာမွာပါ။ အဲဒီအခါ ဆိုး႐ြားတဲ့အနံ႔အသက္ေပါင္း ၃၀ ေလာက္ကို ဘက္တီးရီးယားေတြက ထုတ္လႊတ္ေပးပါလိမ့္မယ္။

ရလဒ္အေနနဲ႔ သင့္နားကို လာခ်င္သူ နည္းပါးသြားမွာျဖစ္ပါတယ္။ ဘက္တီးရီးယားေတြကို အခြင့္အေရး မေပးတဲ့အေနနဲ႔ ေန႔စဥ္ ေရခ်ိဳးသင့္ပါတယ္။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်လောက် ရေမချိုးပဲ နေလိုက်ရတာမျိုးကို ကြုံဖူးကြမှာပါ။ ဒါပေမယ့် နှစ်ရက်လောက် ရေမချိုးမိလိုက်ရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်က သေချာပေါက် အနံ့အသက်တစ်ခုခု ထွက်လာမှာ ဖြစ်ပါတယ်။

နှစ်ရက်လောက် ရေမချိုးလိုက်ပဲ နေလိုက်ခြင်းဟာ ကြီးမားတဲ့ စွန့်စားမှုတစ်ခုလို့ ဆရာဝန်တွေက သတ်မှတ်ထားကြပါတယ်။ ရေနှစ်ရက်လောက် မချိုးလိုက်ဘူးဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေးတဲ့ ဘက်တီးရီးယားတွေဟာ အရေပြားပေါ်မှာ ပွားများလာပြီး နေထိုင်မကောင်း ဖြစ်ဖို့ လမ်းစများသွားလိမ့်မယ်လို့ သိရပါတယ်။ မသန့်ရှင်တဲ့ လက်နဲ့ မျက်လုံး၊ နှာခေါင်းတို့ကို ပွတ်မိတဲ့အခါ နေထိုင်မကောင်း ပိုပြီး ဖြစ်လာတတ်ပါတယ်။

ခန္ဓာကိုယ်ပေါ်မှာ အမျိုးအစားမတူတဲ့ ဘက်တီးရီးယားပေါင်း ၁၀၀၀ ကျော်ရှိတတ်ပြီး အဲဒီအထဲမှာ ဘက်တီးရီးယား ၄၀ လောက်က ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုပါတယ်။ ရေမချိုးရင် အနံ့ဆိုးထွက်တာဟာ ခန္ဓာကိုယ်အတွင်းထဲက ထွက်လာတာမျိုး မဟုတ်ပဲ ဆိုးကျိုးပေးတဲ့ ဘက်တီးရီးယားတွေဆီက ဖြစ်ပါတယ။်

သေချာတာကတော့ သင်နှစ်ရက်ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတိန်းဓာတ်နဲ့ ဖက်တီအက်ဆစ်ဓာတ်တွေကို စားသုံးပြီး ဘက်တီးရီးယားတွေဟာ ရှင်သန်ပွားများလာမှာပါ။ အဲဒီအခါ ဆိုးရွားတဲ့အနံ့အသက်ပေါင်း ၃၀ လောက်ကို ဘက်တီးရီးယားတွေက ထုတ်လွှတ်ပေးပါလိမ့်မယ်။

ရလဒ်အနေနဲ့ သင့်နားကို လာချင်သူ နည်းပါးသွားမှာဖြစ်ပါတယ်။ ဘက်တီးရီးယားတွေကို အခွင့်အရေး မပေးတဲ့အနေနဲ့ နေ့စဉ် ရေချိုးသင့်ပါတယ်။

Credit : Duwun



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top