iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးမ်ားဓမၼတာမလာမီ ေရာဂါလကၡဏာမ်ားႀကံဳေတြ႕ရျခင္း သည္ ေနာက္ပုိင္းတြင္ ေသြးတိုးေရာဂါျဖစ္လာႏိုင္ေသာ လကၡဏာ ျဖစ္ႏိုင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

အေမရိကန္ဂ်ာနယ္ Epidemiology တြင္ ယခုသီတင္းပတ္အ တြင္း ေဖာ္ျပထားေသာ ယင္းေလ့လာမႈ၌ ဓမၼတာမလာမီ ေရာဂါလကၡဏာမ်ားႀကံဳေတြ႕ေနရသည့္ အမ်ိဳးသမီးသည္ ဘဝေႏွာင္းပိုင္းတြင္ ေသြးတိုးေရာဂါျဖစ္လာႏိုင္သည္ဟု ေဖာ္ျပထားသည္။

အမ်ိဳးသမီး ၃၅၀၀ ဦးကို ဆယ္စုႏွစ္ႏွစ္ခုၾကာ ေလ့လာရာတြင္ မက္ဆာခ်ဴးဆက္တကၠသိုလ္မွ သုေတသီမ်ားသည္ ဓမၼတာမလာမီ ေရာဂါလကၡဏာမ်ားႀကံဳေတြ႕ေနရသည့္အမ်ိဳးသမီးမ်ား ဘဝေႏွာင္း ပိုင္း၌ ေသြးတိုးေရာဂါျဖစ္ႏိုင္ေျခ ၄၀ ရာခိုင္ႏႈန္းပိုမ်ားေၾကာင္း သိရ သည္။

ဓမၼတာမလာမီ ႀကံဳေတြ႕ရေသာ ေရာဂါလကၡဏာမ်ားတြင္ ဝမ္းဗိုက္ပိုင္းနာက်င္ျခင္း၊ ရင္သားေပ်ာ့တြဲက်ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ ေဖာေရာင္ျခင္းတို႔ ပါဝင္သည္။
ေသြးတိုးေရာဂါ ျဖစ္ႏုိင္သည္ဟု ယခင္က သိထားခဲ့ေသာ အႏၲရာယ္မ်ားတြင္ ခႏၶာကိုယ္ၫႊန္းကိန္း (BMI) ျမင့္မားျခင္း၊ ေဆးလိပ္ေသာက္ျခင္း အသက္အရြယ္ႏွင့္ အရက္ေသာက္သံုးျခင္းတို႔ျဖစ္သည္။

 ယခုေလ့လာမႈသည္ ဓမၼတာမလာမီ ႀကံဳေတြ႕ရေသာ ေရာဂါ လကၡဏာမ်ားႏွင့္ ဘဝေႏွာင္းပိုင္းတြင္ ျပင္းထန္ေသာ က်န္းမာေရးအေျခအေနမ်ားျဖစ္ေပၚလာႏုိင္သည့္ အႏၲရာယ္ၾကားဆက္စပ္မႈကို ေဖာ္ျပေသာ ပထမဆံုးက်ယ္ျပန္႔သည့္ ေရရွည္ေလ့လာမႈတစ္ခုျဖစ္ သည္ဟု သုေတသနအဖြဲ႕ေခါင္းေဆာင္ အဲလီဇဘက္ဘာတြန္ဂြၽန္ ဆင္က ေျပာၾကားသည္။

ဓမၼတာမလာမီ ေရာဂါလကၡဏာမ်ားႀကံဳေတြ႕ရေသာ အသက္ (၄၀)ႏွစ္ေအာက္ အမ်ိဳးသမီးမ်ားသည္ ေနာက္ပိုင္းတြင္ ေသြးတိုး ေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ပိုမ်ားေၾကာင္း ယင္းေလ့လာမႈက ေဖာ္ျပသည္။

သို႔ေသာ္ ဗီတာမင္ဘီအုပ္စုဝင္မ်ားျဖစ္ေသာ thiamine  ႏွင့္ riboflavin ပမာဏမ်ားစြာ ေသာက္သံုးေသာ အမ်ိဳးသမီးမ်ား ေသြးတိုးေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္နည္းပါးေၾကာင္း သိရသည္။

Credit : 7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version

အမျိုးသမီးများဓမ္မတာမလာမီ ရောဂါလက္ခဏာများကြုံတွေ့ရခြင်း သည် နောက်ပိုင်းတွင် သွေးတိုးရောဂါဖြစ်လာနိုင်သော လက္ခဏာ ဖြစ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

အမေရိကန်ဂျာနယ် Epidemiology တွင် ယခုသီတင်းပတ်အ တွင်း ဖော်ပြထားသော ယင်းလေ့လာမှု၌ ဓမ္မတာမလာမီ ရောဂါလက္ခဏာများကြုံတွေ့နေရသည့် အမျိုးသမီးသည် ဘဝနှောင်းပိုင်းတွင် သွေးတိုးရောဂါဖြစ်လာနိုင်သည်ဟု ဖော်ပြထားသည်။

အမျိုးသမီး ၃၅၀၀ ဦးကို ဆယ်စုနှစ်နှစ်ခုကြာ လေ့လာရာတွင် မက်ဆာချူးဆက်တက္ကသိုလ်မှ သုတေသီများသည် ဓမ္မတာမလာမီ ရောဂါလက္ခဏာများကြုံတွေ့နေရသည့်အမျိုးသမီးများ ဘဝနှောင်း ပိုင်း၌ သွေးတိုးရောဂါဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများကြောင်း သိရ သည်။

ဓမ္မတာမလာမီ ကြုံတွေ့ရသော ရောဂါလက္ခဏာများတွင် ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ ရင်သားပျော့တွဲကျခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဖောရောင်ခြင်းတို့ ပါဝင်သည်။
သွေးတိုးရောဂါ ဖြစ်နိုင်သည်ဟု ယခင်က သိထားခဲ့သော အန္တရာယ်များတွင် ခန္ဓာကိုယ်ညွှန်းကိန်း (BMI) မြင့်မားခြင်း၊ ဆေးလိပ်သောက်ခြင်း အသက်အရွယ်နှင့် အရက်သောက်သုံးခြင်းတို့ဖြစ်သည်။

 ယခုလေ့လာမှုသည် ဓမ္မတာမလာမီ ကြုံတွေ့ရသော ရောဂါ လက္ခဏာများနှင့် ဘဝနှောင်းပိုင်းတွင် ပြင်းထန်သော ကျန်းမာရေးအခြေအနေများဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကြားဆက်စပ်မှုကို ဖော်ပြသော ပထမဆုံးကျယ်ပြန့်သည့် ရေရှည်လေ့လာမှုတစ်ခုဖြစ် သည်ဟု သုတေသနအဖွဲ့ခေါင်းဆောင် အဲလီဇဘက်ဘာတွန်ဂျွန် ဆင်က ပြောကြားသည်။

ဓမ္မတာမလာမီ ရောဂါလက္ခဏာများကြုံတွေ့ရသော အသက် (၄၀)နှစ်အောက် အမျိုးသမီးများသည် နောက်ပိုင်းတွင် သွေးတိုး ရောဂါဖြစ်နိုင်သည့် အန္တရာယ်ပိုများကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။

သို့သော် ဗီတာမင်ဘီအုပ်စုဝင်များဖြစ်သော thiamine  နှင့် riboflavin ပမာဏများစွာ သောက်သုံးသော အမျိုးသမီးများ သွေးတိုးရောဂါဖြစ်နိုင်သည့် အန္တရာယ်နည်းပါးကြောင်း သိရသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top