iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္ေရးတစ္ခုမွာ ႏွစ္ဦးႏွစ္ဖက္စလံုးက ျပည့္စံုေနဖို႔ ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ျပႆနာ နဲ႔ အဆင္မေျပမႈ အနည္းအက်ဥ္းေတာ့ ရွိတတ္ၾကပါတယ္။ ၿပီးေတာ့ အဲဒီ ျပႆနာ နဲ႔ အဆင္မေျပမႈေတြကို အစပ်ိဳးလာေစတဲ့ အမူအက်င့္ တစ္ခ်ိဳ႕လည္း ရွိေနပါတယ္။ လူတိုင္းဟာ အမွားနဲ႔ မကင္းၾကဘူး။ အမွားေတြကေန သင္ခန္းစာယူၿပီး ေရွ ႔ဆက္ ဖို႔ အခြင့္အေရး ကို အသံုးခ် ရမွာပါ။ ဒါေၾကာင့္ သင့္ရဲ ႔ အခ်စ္ေရး ေရရွည္တည္ၿမဲဖို႔ ခက္ခဲလာေစတဲ့ အေၾကာင္းအရာ အခ်ိဳ ႔ကို ေလ့လာၾကည့္ရေအာင္။

၁။ ဆႏၵေစာလြန္းေနျခင္း
အခ်ိန္မတန္ေသးခင္မွာ တစ္ေယာက္ရဲ ႔ ျဖစ္ခ်င္တာကို တစ္ေယာက္ က ျဖည့္ဆည္းေပးဖို႔ လိုက္မမွီေတာ့ တာေတြရွိ တတ္ပါတယ္။ တစ္ဆင့္ခ်င္း မသြားပဲ ဆႏၵေတြေစာေနမယ္ဆိုရင္ေတာ့ အခ်စ္ေရးတစ္ခုရဲ ႔ တည္ၿငိမ္မႈကို တည္ေဆာက္ဖို႔ ခက္ခဲေနပါလိမ့္မယ္။

၂။ မွီခိုမႈ လြန္ကဲျခင္း
လူတစ္ေယာက္ကို သင့္ေပ်ာ္ရႊင္မႈေတြရဲ ႔ တစ္ရာ ရာခိုင္ႏႈန္းျပည့္ မွီခိုေနေစျခင္း ဟာ သင့္ကို ေနာက္ဆံုးမွာ အျပစ္တင္စရာေတြပဲ ျပန္လည္ရရွိလာေစပါလိမ့္မယ္။ သင့္ေပ်ာ္ရႊင္မႈဟာ လူတစ္ေယာက္ထဲမွာပဲ မွီခိုေနဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ သင့္ကိုယ္သင္ ၊ သင့္သူငယ္ခ်င္းေတြကို ၊ သင့္မိသားစုကို ၊ သင့္ရဲ ႔ ပုဂၢလိက စိတ္၀င္စားမႈ ေတြကို ထိုက္သင့္သေလာက္ အခ်ိန္ေပးထားဖို႔လည္း လိုအပ္ပါတယ္။

၃။ ကိုယ္ပိုင္ အခ်ိန္မရွိျခင္း
အၿမဲတမ္း လက္တြဲေဖာ္ခ်စ္သူ နဲ႔ မခြဲတမ္း အၿမဲ အတူရွိေနၿပီးမွ ၁၂ နာရီေလာက္ တစ္ကိုယ္တည္းသမား ဘ၀ မ်ိဳး ျပန္ေရာက္သြားတဲ့အခါမွာ သူတို႔ရဲ ႔ Facebook ေတြဟာ သင့္အတြက္ အသစ္အဆန္းေတြပဲ ျပသေနပါလိမ့္မယ္။ ေျပာခ်င္တာက ကိုယ္ပိုင္အခ်ိန္ဆိုတာလည္း အေရးႀကီးပါတယ္။ လူမႈေရး ေဖာက္ျပန္တာမ်ိဳးကို ေရွာင္ၾကဥ္ၿပီး က်န္တဲ့အရာေတြကို တစ္ကိုယ္တည္းသမား ဘ၀ မ်ိဳး ျဖတ္သန္းခ်ိန္ ရရွိမွသာ သင္ယူသင့္တာေတြ ကို သင္ယူေနႏိုင္မွာပါ။

၄။ အြန္လိုင္းမွာ ေနာက္ေယာင္ခံျခင္း(Cyberstalking)
နည္းပညာ ေခတ္ဟာ ကၽြႏ္ုပ္တို႔ကို လူတစ္ေယာက္ရဲ ႔ မလိုလားအပ္တဲ့ သတင္းအခ်က္အလက္ေတြကို ရယူျခင္းနဲ႔ ကင္းႏိုင္ဖို႔ ခက္ခဲေစပါတယ္။ လူမႈကြန္ရက္ ေတြ ၊ အျခား အင္တာနက္စာမ်က္ႏွာေတြမွာ ကိုယ့္လက္တြဲေဖာ္ကို မသကၤာစိတ္နဲ႔ ေနာက္ေယာင္ခံ ေစာင့္ၾကည့္ေနတာမ်ိဳး ၊ သူ/သူမ ရဲ ႔ အတိတ္က ျဖစ္ရပ္ေတြအေၾကာင္း ၊ ရည္းစားေဟာင္းေတြအေၾကာင္း ျပန္လည္ ရွာေဖြ ၿပီး ခံစားေနတာမ်ိဳးေတြဟာ မလိုလားအပ္တဲ့ ျပႆနာ ေတြကို ျဖစ္လာေစပါတယ္။

၅။ လိမ္ညာျခင္း
အလိမ္အညာေတြဟာ သင့္အခ်စ္ေရးကို ၀ါးၿမိဳဖ်က္ဆီး လိုက္ႏိုင္ပါတယ္။လိမ္ညာျခင္းရဲ ႔ တန္ျပန္ရလဒ္က နာက်င္မႈ ေတြပဲ ျဖစ္ပါတယ္။ ရိုးသားမႈ ရွိသာ ယံုၾကည္မႈဆိုတာ ရွိလာႏိုင္မွာပါ။ အမွားလုပ္မိသြားတယ္ ၊ အျပစ္ရွိခဲ့တယ္ ဆိုရင္လည္း ရိုးသားစြာ ၀န္ခံလိုက္ပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ လိမ္ညာေနတာဟာ ႏွစ္ေယာက္ လံုးရဲ ႔ ကိုယ္က်င့္တရားနဲ႔ သိကၡာ ကို ထိခိုက္ေစရံုသာမက သင့္အခ်စ္ေရးကို ပါ ပ်က္စီး သြားေစႏိုင္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အချစ်ရေးတစ်ခုမှာ နှစ်ဦးနှစ်ဖက် စလုံးက ပြည့်စုံနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြဿနာ နဲ့ အဆင်မပြေမှု အနည်းအကျဉ်းတော့ ရှိတတ်ကြပါတယ်။ ပြီးတော့ အဲဒီ ပြဿနာ နဲ့ အဆင်မပြေမှုတွေကို အစပျိုးလာစေတဲ့ အမူအကျင့် တစ်ချို့လည်း ရှိနေပါတယ်။ လူတိုင်းဟာ အမှားနဲ့ မကင်းကြဘူး။ အမှားတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက် ဖို့ အခွင့်အရေး ကို အသုံးချ ရမှာပါ။ ဒါကြောင့် သင့်ရဲ့ အချစ်ရေး ရေရှည်တည်မြဲဖို့ ခက်ခဲလာစေတဲ့ အကြောင်းအရာ အချို့ကို လေ့လာကြည့်ရအောင်။

၁။ ဆန္ဒစောလွန်းနေခြင်း
အချိန်မတန်သေးခင်မှာ တစ်ယောက်ရဲ့ ဖြစ်ချင်တာကို တစ်ယောက် က ဖြည့်ဆည်းပေးဖို့ လိုက်မမှီတော့ တာတွေရှိ တတ်ပါတယ်။ တစ်ဆင့်ချင်း မသွားပဲ ဆန္ဒတွေစောနေမယ်ဆိုရင်တော့ အချစ်ရေးတစ်ခုရဲ့ တည်ငြိမ်မှုကို တည်ဆောက်ဖို့ ခက်ခဲနေပါလိမ့်မယ်။

၂။ မှီခိုမှု လွန်ကဲခြင်း
လူတစ်ယောက်ကို သင့်ပျော်ရွှင်မှုတွေရဲ့ တစ်ရာ ရာခိုင်နှုန်းပြည့် မှီခိုနေစေခြင်း ဟာ သင့်ကို နောက်ဆုံးမှာ အပြစ်တင်စရာတွေပဲ ပြန်လည်ရရှိလာစေပါလိမ့်မယ်။ သင့်ပျော်ရွှင်မှုဟာ လူတစ်ယောက်ထဲမှာပဲ မှီခိုနေဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင့်ကိုယ်သင် ၊ သင့်သူငယ်ချင်းတွေကို ၊ သင့်မိသားစုကို ၊ သင့်ရဲ့ ပုဂ္ဂလိက စိတ်ဝင်စားမှု တွေကို ထိုက်သင့်သလောက် အချိန်ပေးထားဖို့လည်း လိုအပ်ပါတယ်။

၃။ ကိုယ်ပိုင် အချိန်မရှိခြင်း
အမြဲတမ်း လက်တွဲဖော်ချစ်သူ နဲ့ မခွဲတမ်း အမြဲ အတူရှိနေပြီးမှ ၁၂ နာရီလောက် တစ်ကိုယ်တည်းသမား ဘ၀ မျိုး ပြန်ရောက်သွားတဲ့အခါမှာ သူတို့ရဲ့ Facebook တွေဟာ သင့်အတွက် အသစ်အဆန်းတွေပဲ ပြသနေပါလိမ့်မယ်။ ပြောချင်တာက ကိုယ်ပိုင်အချိန်ဆိုတာလည်း အရေးကြီးပါတယ်။ လူမှုရေး ဖောက်ပြန်တာမျိုးကို ရှောင်ကြဉ်ပြီး ကျန်တဲ့အရာတွေကို တစ်ကိုယ်တည်းသမား ဘ၀ မျိုး ဖြတ်သန်းချိန် ရရှိမှသာ သင်ယူသင့်တာတွေ ကို သင်ယူနေနိုင်မှာပါ။

၄။ အွန်လိုင်းမှာ နောက်ယောင်ခံခြင်း(Cyberstalking)
နည်းပညာ ခေတ်ဟာ ကျွန်ုပ်တို့ကို လူတစ်ယောက်ရဲ့ မလိုလားအပ်တဲ့ သတင်းအချက်အလက်တွေကို ရယူခြင်းနဲ့ ကင်းနိုင်ဖို့ ခက်ခဲစေပါတယ်။ လူမှုကွန်ရက် တွေ ၊ အခြား အင်တာနက်စာမျက်နှာတွေမှာ ကိုယ့်လက်တွဲဖော်ကို မသင်္ကာစိတ်နဲ့ နောက်ယောင်ခံ စောင့်ကြည့်နေတာမျိုး ၊ သူ/သူမ ရဲ့ အတိတ်က ဖြစ်ရပ်တွေအကြောင်း ၊ ရည်းစားဟောင်းတွေအကြောင်း ပြန်လည် ရှာဖွေ ပြီး ခံစားနေတာမျိုးတွေဟာ မလိုလားအပ်တဲ့ ပြဿနာ တွေကို ဖြစ်လာစေပါတယ်။

၅။ လိမ်ညာခြင်း
အလိမ်အညာတွေဟာ သင့်အချစ်ရေးကို ဝါးမြိုဖျက်ဆီး လိုက်နိုင်ပါတယ်။လိမ်ညာခြင်းရဲ့ တန်ပြန်ရလဒ်က နာကျင်မှု တွေပဲ ဖြစ်ပါတယ်။ ရိုးသားမှု ရှိသာ ယုံကြည်မှုဆိုတာ ရှိလာနိုင်မှာပါ။ အမှားလုပ်မိသွားတယ် ၊ အပြစ်ရှိခဲ့တယ် ဆိုရင်လည်း ရိုးသားစွာ ဝန်ခံလိုက်ပါ။ တစ်ယောက်နဲ့ တစ်ယောက် လိမ်ညာနေတာဟာ နှစ်ယောက် လုံးရဲ့ ကိုယ်ကျင့်တရားနဲ့ သိက္ခာ ကို ထိခိုက်စေရုံသာမက သင့်အချစ်ရေးကို ပါ ပျက်စီး သွားစေနိုင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top