iMyanmarHouse.com - Best Property Website for Myanmar
×

ေရျပင္ကေတာ့ ၾကမ္းတမ္းစြာ စီးဆင္းေနဆဲပါ။ ဒါေပမယ့္ ဒီေရျပင္ေပၚမွာ ေခ်ာ့ေမြ႕ျငိမ္သက္စြာ သင္ ရြက္လႊင့္ႏိုင္တယ္ ဆုိတာကိုေတာ့ ေမ့ထားလို႕မရပါဘူး။ ဒိတ္လုပ္ရံုေလးပါပဲဆုိျပီး စခဲ့ၾကေပမယ့္ တကယ္သံေယာဇဥ္တြယ္မိလာတဲ့အခါ ကုိယ္ခ်စ္ရသူကို လက္တြဲျဖဳတ္ဖုိ႕ မေတြးရဲေလာက္ေအာင္ပါပဲ။ ဒီေတာ့ ခုေျပာျပမယ့္ စည္းမ်ဥ္းေလး (၃) ခုကို သိထားမယ္ဆုိရင္ ေရွ႕ဆက္မယ့္ ခရီးလမ္း ဘယ္ေလာက္ၾကမ္းပါေစ၊ ေခ်ာေမြ႕စြာ ရြက္လႊင့္ႏိုင္ေနဦးမွာပါပဲ။

၁။ သင့္ဘ၀ၾကီး ျပီးျပည့္စံုဖုိ႕အတြက္ သင့္လက္တြဲေဖာ္ကိုပဲ မွီခိုမေနသင့္ပါဘူး။
ကိုယ္ျဖစ္ခ်င္တာကို ကိုယ္တုိင္ဖန္တီးပါ။ သင္ေပ်ာ္ရႊင္ေစဖုိ႕ တျခားတစ္ေယာက္သင့္ကို ေပ်ာ္ရႊင္ေအာင္ လုပ္ေဆာင္ေပးႏိုင္မွာပဲ ဆုိတဲ့ အေတြးကို ေမ့ပစ္ျပီး ကုိယ့္ဘာသာကုိယ္ ေပ်ာ္ေအာင္ေနလိုက္ပါ။ သင့္ဘ၀ကို အေကာင္းဆံုး ျဖစ္ေနေအာင္ ပံုေဖာ္ဖုိ႕ သင့္မွာသာ တာ၀န္ရွိပါတယ္။ ကိုယ့္အေပၚမွီခိုလြန္းတဲ့ အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြဟာ ၾကာရွည္လက္မတြဲခ်င္တတ္ၾကပါဘူး။

၂။ ကိုယ့္ကိုကုိယ္ တန္ဖုိးထားတတ္ပါေစ၊ ဂုဏ္ယူတတ္ပါေစ။
ေနရင္းထုိင္ရင္း ငါေတာ္ပါတယ္။ ငါတတ္ပါတယ္လုိ႕ ေျပာခုိင္းေနတာ မဟုတ္ပါဘူး။ တစ္ခုခုဆုိ ယံုၾကည္မႈရွိရွိနဲ႕ ဒါကို ငါလုပ္နိုင္တယ္ဆုိတဲ့ စိတ္မ်ိဳးအျမဲထားျပီး ၾကိဳးစားပါ။ ဒီလိုဆုိရင္ အျခားလူေတြကလည္း သင့္ကို အေလးထားလာပါလိမ့္မယ္။သင္လိုခ်င္ရင္၊ လုပ္ခ်င္ရင္ ဘယ္သူကမွ တားလို႕မရဘူးဆုိတဲ့ စိတ္မ်ိဳးနဲ႕ အားလံုး အံ့အားသင့္သြားေအာင္ လုပ္ေဆာင္ျပႏိုင္ပါေစ။ ဒီလိုစိတ္မ်ိဳး ပိုင္ဆုိင္ထားတဲ့ မိန္းကေလးကို ဘယ္ေယာက်ၤားကမွ လက္လႊတ္အဆံုးရံႈးမခံႏိုင္ပါဘူး။

၃။ စိတ္ေကာင္းထားပါ။ အေကာင္းျမင္စိတ္ေမြးပါ။
အျခားလူေတြက ဘယ္ေလာက္ပဲ အေကာင္းျမင္စိတ္နည္းပါးေနပါေစ။ သင့္ဘက္ကေတာ့ စိတ္ထားေကာင္းေကာင္းနဲ႕ ၾကိဳဳးစားေနထုိင္ဖုိ႕ လိုအပ္ပါတယ္။ တစ္ခုခုဆုိ မေကာင္းတဲ့ဘက္က အရင္စေတြးမယ့္အစား ဒါျဖစ္ႏိုင္ပါတယ္၊ ဒီလိုဆိုရင္ ေကာင္းတဲ့ဘက္က ဒီလိုေတြးလို႕ရသားပဲ ဆုိတဲ့ စိတ္ထားေလးက သင့္ကို စိတ္ဖိစီးမႈေတြ သက္သာေစႏိုင္ရံုမက သင့္လက္တြဲေဖာ္ကလည္း သင့္ရဲ႕အေကာင္းျမင္တတ္တဲ့စိတ္ကို သေဘာက်ႏွစ္သက္လိမ့္မွာ အမွန္ပါပဲ။

Credit : trend myanmar
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရေပြင်ကတော့ ကြမ်းတမ်းစွာ စီးဆင်းနေဆဲပါ။ ဒါပေမယ့် ဒီရေပြင်ပေါ်မှာ ချော့မွေ့ငြိမ်သက်စွာ သင် ရွက်လွှင့်နိုင်တယ် ဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဒိတ်လုပ်ရုံလေးပါပဲဆိုပြီး စခဲ့ကြပေမယ့် တကယ်သံယောဇဉ်တွယ်မိလာတဲ့အခါ ကိုယ်ချစ်ရသူကို လက်တွဲဖြုတ်ဖို့ မတွေးရဲလောက်အောင်ပါပဲ။ ဒီတော့ ခုပြောပြမယ့် စည်းမျဉ်းလေး (၃) ခုကို သိထားမယ်ဆိုရင် ရှေ့ဆက်မယ့် ခရီးလမ်း ဘယ်လောက်ကြမ်းပါစေ၊ ချောမွေ့စွာ ရွက်လွှင့်နိုင်နေဦးမှာပါပဲ။

၁။ သင့်ဘဝကြီး ပြီးပြည့်စုံဖို့အတွက် သင့်လက်တွဲဖော်ကိုပဲ မှီခိုမနေသင့်ပါဘူး။
ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင်ဖန်တီးပါ။ သင်ပျော်ရွှင်စေဖို့ တခြားတစ်ယောက်သင့်ကို ပျော်ရွှင်အောင် လုပ်ဆောင်ပေးနိုင်မှာပဲ ဆိုတဲ့ အတွေးကို မေ့ပစ်ပြီး ကိုယ့်ဘာသာကိုယ် ပျော်အောင်နေလိုက်ပါ။ သင့်ဘဝကို အကောင်းဆုံး ဖြစ်နေအောင် ပုံဖော်ဖို့ သင့်မှာသာ တာဝန်ရှိပါတယ်။ ကိုယ့်အပေါ်မှီခိုလွန်းတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေဟာ ကြာရှည်လက်မတွဲချင်တတ်ကြပါဘူး။

၂။ ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ပါစေ၊ ဂုဏ်ယူတတ်ပါစေ။
နေရင်းထိုင်ရင်း ငါတော်ပါတယ်။ ငါတတ်ပါတယ်လို့ ပြောခိုင်းနေတာ မဟုတ်ပါဘူး။ တစ်ခုခုဆို ယုံကြည်မှုရှိရှိနဲ့ ဒါကို ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်မျိုးအမြဲထားပြီး ကြိုးစားပါ။ ဒီလိုဆိုရင် အခြားလူတွေကလည်း သင့်ကို အလေးထားလာပါလိမ့်မယ်။သင်လိုချင်ရင်၊ လုပ်ချင်ရင် ဘယ်သူကမှ တားလို့မရဘူးဆိုတဲ့ စိတ်မျိုးနဲ့ အားလုံး အံ့အားသင့်သွားအောင် လုပ်ဆောင်ပြနိုင်ပါစေ။ ဒီလိုစိတ်မျိုး ပိုင်ဆိုင်ထားတဲ့ မိန်းကလေးကို ဘယ်ယောကျၤားကမှ လက်လွှတ်အဆုံးရှုံးမခံနိုင်ပါဘူး။

၃။ စိတ်ကောင်းထားပါ။ အကောင်းမြင်စိတ်မွေးပါ။
အခြားလူတွေက ဘယ်လောက်ပဲ အကောင်းမြင်စိတ်နည်းပါးနေပါစေ။ သင့်ဘက်ကတော့ စိတ်ထားကောင်းကောင်းနဲ့ ကြိုုးစားနေထိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခုခုဆို မကောင်းတဲ့ဘက်က အရင်စတွေးမယ့်အစား ဒါဖြစ်နိုင်ပါတယ်၊ ဒီလိုဆိုရင် ကောင်းတဲ့ဘက်က ဒီလိုတွေးလို့ရသားပဲ ဆိုတဲ့ စိတ်ထားလေးက သင့်ကို စိတ်ဖိစီးမှုတွေ သက်သာစေနိုင်ရုံမက သင့်လက်တွဲဖော်ကလည်း သင့်ရဲ့အကောင်းမြင်တတ်တဲ့စိတ်ကို သဘောကျနှစ်သက်လိမ့်မှာ အမှန်ပါပဲ။


Credit : trend myanmar

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top