iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Duwun



Unicode Version

တောင်ကိုရီးယားအဆိုတော် T.O.P ဟာ တရုတ်မော်ဒယ်တစ်ဦးနဲ့ ချစ်ကြိုက်နေကြောင်း ဟောင်ကောင်သတင်းဌာန Apple Daily က လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေးသားထားပါတယ်။ ယခုတော့ အနုပညာရှင်နှစ်ဦးရဲ့ ရင်းနှီးနေပုံကြောင့် အဆိုပါသတင်းဟာ ပိုပြီးယုံကြည်စရာဖြစ်လာပါပြီ။

အေးရှားချောင် (Asia Chow) ဟာ တရုတ်-အမေရိကန် မော်ဒယ်ဖြစ်ပြီး တရုတ်စားသောက်ကုန်လုပ်ငန်း Mr.Chow ရဲ့ သမီးလည်းဖြစ်ပါတယ်။ BIGBANG အဖွဲ့ရဲ့ ရပ်ပ်အဆိုရှင် T.O.P နဲ့ အင်စတာဂရမ်ပေါ်မှာ အပြန်အလှန် ဆက်သွယ်နေတာ လအနည်းငယ် ကြာမြင့်နေတာကို ခြေရာခံကာ နှစ်ယောက်သားချစ်ကြိုက်နေကြကြောင်း Apple Daily က ရေးသားခဲ့တာလည်းဖြစ်ပါတယ်။

ယခုလည်း T.O.P ရဲ့ အင်စတာဂရမ်က ပုံတစ်ပုံအောက်မှာ အေးရှားချောင်က အသည်းပုံလေး ရေးသားတာကို T.O.P က အပြုံးပုံနဲ့ တုန့်ပြန်တာကို တွေ့ရပြန်ပါတယ်။ ဒီပုံကို T.O.P က နာရီပိုင်းအတွင်းမှာတင် ပြန်ဖျက်လိုက်တာကြောင့် အေးရှားချောင်နဲ့အချစ်ရေးကတော့ ယုံရတော့မလို ဖြစ်လာပါပြီ။


Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top