iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ္ခ်င္းေတြထဲမွာ အျမဲတမ္းေပါက္ကရေတြေျပာျပီး ဟာသလုပ္တတ္တဲ့သူတစ္ေယာက္ေတာ့ ပါတတ္စျမဲပါ။ တကယ္ေတာ့ အျမဲတမ္းဟာသေတြေျပာ၊ ရယ္စရာေပါက္တတ္ကရေတြနဲ႕ ကိုယ့္ကိုေပ်ာ္ရႊင္ေစတဲ့ သူငယ္ခ်င္းမ်ိဳးကိုယ့္မွာရွိတာ ကံေကာင္းျခင္း တစ္မ်ိဳးပါပဲ။ သူက သင္စိတ္ညစ္စရာရွိမွန္းသိေနရင္လည္း သင့္ကို စိတ္ေပ်ာ္သြားေအာင္ ဘယ္လိုလုပ္ေဆာင္ေပးရမလဲဆုိတာ သိသူပါ။ ခုလိုေျပာလိုက္ရင္ သင့္စိတ္ထဲသင့္ကို  ရယ္ေမာေစႏိုင္တဲ့ သူငယ္ခ်င္းကို မ်က္လံုးထဲတန္းျမင္ပါလိမ့္မယ္။ ခုေျပာျပမွာက လူေတြကို ေပ်ာ္ရႊင္ရယ္ေမာေအာင္ ဟာသေတြ ရယ္စရာေတြေျပာတတ္တဲ့ ရာသီဖြား (၅) ဦးအေၾကာင္းပါ။ အဲ့ဒီရာသီဖြားေတြကေတာ့

Gemini - ေမထုန္ရာသီဖြား ( ေမလ ၂၁ ရက္ - ဇြန္လ ၂၀ ရက္ )
ေမထုန္ရာသီဖြားေတြဟာ ဟာသဥာဏ္ရႊင္တဲ့သူေတြပါ။ ဘယ္လိုအေျခအေနမ်ိဳးမွာမဆုိ လူေတြရယ္ေမာသြားေအာင္ ရယ္စရာေတြ ေျပာဆုိတတ္ပါတယ္။ ဟာသဆုိလုိ႕ ေပါက္တတ္ကရေတြမဟုတ္ဘူးေနာ္။ ဇာတ္လမး္ဇာတ္အိမ္နဲ႕ကို လူေတြရယ္ေမာ ေအာင္ ေျပာျပတတ္သူေတြပါ။ ဒါ့အျပင္ သင္က ဇာတ္လမ္းတစ္ခုခု ေျပာလိုက္ျပီဆုိရင္ေတာ့ ေမထုန္ရာသီဖြားေတြက ဘယ္လိုကြန္မန္႕မ်ိဳး ၀င္ေျပာရမလဲဆုိျပီး ဟာသဓာတ္ခံနဲ႕စဥ္းစားေနတတ္ၾကပါတယ္။ သူတုိ႕၀င္ေျပာလုိက္ျပီဆုိရင္လည္း အျခားလူေတြ မစဥ္းစားထားတဲ့ ဟာသမ်ိဳးပဲ ျဖစ္ပါတယ္။

Cancer - ကရကဋ္ ရာသီဖြား ( ဇြန္လ ၂၁ ရက္ - ဇူလိုင္ ၂၂ ရက္ )
ဒီရာသီဖြားေတြကလည္း ဘယ္လိုအေျခအေနကိုမဆုိ ဟာသအျမင္နဲ႕ ျမင္တတ္ေအာင္ ၾကိဳးစားတတ္ၾကသူပါ။ သူက စကားတစ္လံုးစ နွစ္လံုးစေျပာလိုက္ျပီး သူ႕ဘာသာသူေရာ၊ အျခားသူကိုပါ ရယ္ေမာေအာင္လုပ္ေဆာင္ႏိုင္သူေပါ့။ သူက အသားကုန္ရယ္ေမာရမယ့္ စကားေတြေျပာရတာထက္ တခစ္ခစ္နဲ႕ မၾကာမၾကာရယ္ေမာရေစမယ့္ ဟာသေလးေတြ ေျပာတာမ်ားပါတယ္။ သူျမင္တဲ့အရာေတြ၊ ေတြ႕ေနရတဲ့အရာေတြကို တစ္ဖက္လူကို သူ႕ဟာသအျမင္ေ၀မ်ွျပီး ျပံဳးသြားေအာင္ စြမ္းေဆာင္ႏိုင္သူလုိ႕ဆုိရမွာပါ။

Scorpio - ၿဗိစာၦရာသီဖြား ( ေအာက္တိုဘာလ ၂၃ ရက္ - ႏို၀င္ဘာလ ၂၁ ရက္ )
ဒီရာသီဖြားေတြက်ေတာ့ ဟာသေျပာဖုိ႕ မရည္ရြယ္ပဲ သူတုိ႕ေျပာလုိက္တဲ့အရာေတြက တစ္ဖက္လူေတြအတြက္ ရယ္ေမာစရာျဖစ္သြားတတ္တာပါ။ အေျခအေနတစ္ခုခုက ပံုမွန္မဟုတ္ဘူးဆုိရင္လည္း သူမက ေထာက္ျပေျပာဆုိဖုိ႕ ဘယ္ေတာ့မွ မေၾကာက္ပါဘူး။ တစ္ခါတစ္ေလ အားလံုးအတြက္ ခက္ခဲေနတဲ့အခ်ိန္မွာ အားလံုးေပ်ာ္သြားေအာင္ ရယ္ေမာသြားေအာင္ သူမက မထင္မွတ္ထားတဲ့ ရယ္ေမာစရာဟာသေတြ ေျပာခ်သြားတတ္ပါတယ္။ တစ္ခါတစ္ေလ အစအေနာက္ ၾကမ္းတဲ့သူမေၾကာင့္ တစ္ဖက္လူက အတည္လို႕သတ္မွတ္သြားတာေတာင္ ရွိတတ္ပါတယ္တဲ့။

Sagittarius – ဓႏုရာသီဖြား ( ႏို၀င္ဘာလ ၂၂ ရက္ - ဒီဇင္ဘာလ ၂၁ ရက္ )
ကိုယ္ၾကံဳရတဲ့ အေတြ႕အၾကံဳ၊ ဘ၀အေၾကာင္းေတြကို ဟာသေႏွာျပီး အေသးစိတ္ေျပာျပတတ္သူေတြကေတာ့ ဓႏုရာသီဖြားေတြပါပဲ။ အဖြဲ႕ထဲမွာ ဆိုရင္လည္း ရယ္ေမာစရာ ဟာသေတြအေျပာတတ္ဆံုးလူလုိ႕ သတ္မွတ္ခံၾကရပါတယ္။

Aquarius - ကံုရာသီဖြား ( ဇန္န၀ါရီလ ၂၀ ရက္ - ေဖေဖာ္၀ါရီလ ၁၈ ရက္ )
ကံုရာသီဖြားေတြဟာ သူ႕ဘာသာသူကို ရယ္ေနရတဲ့လူေတြပါ။ တစ္ခါတစ္ေလ ကိုယ့္ဘာသာကိုယ္ ဘာေျပာလိုက္မွန္းမသိပဲ အျခားလူေတြက ၀ိုင္းရယ္ေနမွ ကိုယ့္ကိုရယ္ေနၾကမွန္း သိတဲ့လူမ်ိဳးေတြေပါ့။ သူမ်ားေတြနဲ႕မတူတဲ့ အျမင္ရွိတာေၾကာင့္ ဟာသေျပာလိုက္ရင္လည္း သူမ်ားေတြမထင္ထားတဲ့ ဟာသမ်ိဳးေတြ ေျပာတတ္သူပါ။


 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

သူငယ်ချင်းတွေထဲမှာ အမြဲတမ်းပေါက်ကရတွေပြောပြီး ဟာသလုပ်တတ်တဲ့သူတစ်ယောက်တော့ ပါတတ်စမြဲပါ။ တကယ်တော့ အမြဲတမ်းဟာသတွေပြော၊ ရယ်စရာပေါက်တတ်ကရတွေနဲ့ ကိုယ့်ကိုပျော်ရွှင်စေတဲ့ သူငယ်ချင်းမျိုးကိုယ့်မှာရှိတာ ကံကောင်းခြင်း တစ်မျိုးပါပဲ။ သူက သင်စိတ်ညစ်စရာရှိမှန်းသိနေရင်လည်း သင့်ကို စိတ်ပျော်သွားအောင် ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတာ သိသူပါ။ ခုလိုပြောလိုက်ရင် သင့်စိတ်ထဲသင့်ကို  ရယ်မောစေနိုင်တဲ့ သူငယ်ချင်းကို မျက်လုံးထဲတန်းမြင်ပါလိမ့်မယ်။ ခုပြောပြမှာက လူတွေကို ပျော်ရွှင်ရယ်မောအောင် ဟာသတွေ ရယ်စရာတွေပြောတတ်တဲ့ ရာသီဖွား (၅) ဦးအကြောင်းပါ။ အဲ့ဒီရာသီဖွားတွေကတော့

Gemini - မေထုန်ရာသီဖွား ( မေလ ၂၁ ရက် - ဇွန်လ ၂၀ ရက် )
မေထုန်ရာသီဖွားတွေဟာ ဟာသဉာဏ်ရွှင်တဲ့သူတွေပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို လူတွေရယ်မောသွားအောင် ရယ်စရာတွေ ပြောဆိုတတ်ပါတယ်။ ဟာသဆိုလို့ ပေါက်တတ်ကရတွေမဟုတ်ဘူးနော်။ ဇာတ်လမ်းဇာတ်အိမ်နဲ့ကို လူတွေရယ်မော အောင် ပြောပြတတ်သူတွေပါ။ ဒါ့အပြင် သင်က ဇာတ်လမ်းတစ်ခုခု ပြောလိုက်ပြီဆိုရင်တော့ မေထုန်ရာသီဖွားတွေက ဘယ်လိုကွန်မန့်မျိုး ဝင်ပြောရမလဲဆိုပြီး ဟာသဓာတ်ခံနဲ့စဉ်းစားနေတတ်ကြပါတယ်။ သူတို့ဝင်ပြောလိုက်ပြီဆိုရင်လည်း အခြားလူတွေ မစဉ်းစားထားတဲ့ ဟာသမျိုးပဲ ဖြစ်ပါတယ်။

Cancer - ကရကဋ် ရာသီဖွား ( ဇွန်လ ၂၁ ရက် - ဇူလိုင် ၂၂ ရက် )
ဒီရာသီဖွားတွေကလည်း ဘယ်လိုအခြေအနေကိုမဆို ဟာသအမြင်နဲ့ မြင်တတ်အောင် ကြိုးစားတတ်ကြသူပါ။ သူက စကားတစ်လုံးစ နှစ်လုံးစပြောလိုက်ပြီး သူ့ဘာသာသူရော၊ အခြားသူကိုပါ ရယ်မောအောင်လုပ်ဆောင်နိုင်သူပေါ့။ သူက အသားကုန်ရယ်မောရမယ့် စကားတွေပြောရတာထက် တခစ်ခစ်နဲ့ မကြာမကြာရယ်မောရစေမယ့် ဟာသလေးတွေ ပြောတာများပါတယ်။ သူမြင်တဲ့အရာတွေ၊ တွေ့နေရတဲ့အရာတွေကို တစ်ဖက်လူကို သူ့ဟာသအမြင်ဝေမျှပြီး ပြုံးသွားအောင် စွမ်းဆောင်နိုင်သူလို့ဆိုရမှာပါ။

Scorpio - ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာလ ၂၃ ရက် - နိုဝင်ဘာလ ၂၁ ရက် )
ဒီရာသီဖွားတွေကျတော့ ဟာသပြောဖို့ မရည်ရွယ်ပဲ သူတို့ပြောလိုက်တဲ့အရာတွေက တစ်ဖက်လူတွေအတွက် ရယ်မောစရာဖြစ်သွားတတ်တာပါ။ အခြေအနေတစ်ခုခုက ပုံမှန်မဟုတ်ဘူးဆိုရင်လည်း သူမက ထောက်ပြပြောဆိုဖို့ ဘယ်တော့မှ မကြောက်ပါဘူး။ တစ်ခါတစ်လေ အားလုံးအတွက် ခက်ခဲနေတဲ့အချိန်မှာ အားလုံးပျော်သွားအောင် ရယ်မောသွားအောင် သူမက မထင်မှတ်ထားတဲ့ ရယ်မောစရာဟာသတွေ ပြောချသွားတတ်ပါတယ်။ တစ်ခါတစ်လေ အစအနောက် ကြမ်းတဲ့သူမကြောင့် တစ်ဖက်လူက အတည်လို့သတ်မှတ်သွားတာတောင် ရှိတတ်ပါတယ်တဲ့။

Sagittarius – ဓနုရာသီဖွား ( နိုဝင်ဘာလ ၂၂ ရက် - ဒီဇင်ဘာလ ၂၁ ရက် )
ကိုယ်ကြုံရတဲ့ အတွေ့အကြုံ၊ ဘဝအကြောင်းတွေကို ဟာသနှောပြီး အသေးစိတ်ပြောပြတတ်သူတွေကတော့ ဓနုရာသီဖွားတွေပါပဲ။ အဖွဲ့ထဲမှာ ဆိုရင်လည်း ရယ်မောစရာ ဟာသတွေအပြောတတ်ဆုံးလူလို့ သတ်မှတ်ခံကြရပါတယ်။

Aquarius - ကုံရာသီဖွား ( ဇန်နဝါရီလ ၂၀ ရက် - ဖေဖော်ဝါရီလ ၁၈ ရက် )
ကုံရာသီဖွားတွေဟာ သူ့ဘာသာသူကို ရယ်နေရတဲ့လူတွေပါ။ တစ်ခါတစ်လေ ကိုယ့်ဘာသာကိုယ် ဘာပြောလိုက်မှန်းမသိပဲ အခြားလူတွေက ဝိုင်းရယ်နေမှ ကိုယ့်ကိုရယ်နေကြမှန်း သိတဲ့လူမျိုးတွေပေါ့။ သူများတွေနဲ့မတူတဲ့ အမြင်ရှိတာကြောင့် ဟာသပြောလိုက်ရင်လည်း သူများတွေမထင်ထားတဲ့ ဟာသမျိုးတွေ ပြောတတ်သူပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top