iMyanmarHouse.com - Best Property Website for Myanmar
×

1. အေမႊးအမွ်င္မ်ားကို ဖယ္ရွားျခင္းေၾကာင့္ ျပည္တည္နာျဖစ္ႏုိင္ပါတယ္

          အေမႊးအမွ်င္မ်ားကိုဖယ္ရွားလိုက္ေသာေၾကာင့္ ဆံပင္အျမစ္မ်ားမွတဆင့္ ခႏၶာကိုယ္တြင္းသို႔ ဘက္တီးရီးယားပိုးမ်ား ဝင္ေရာက္ျခင္းျဖင့္ ျပည္တည္နာမ်ားျဖစ္လာရျခင္းျဖစ္ပါတယ္။ ပဋိဇီဝေဆး၀ါးေတြနဲ႔ လြယ္လြယ္ကူကူကုသလို႔ရႏိုင္ေပမယ့္လည္း တခါတရံမွာေတာ့ ျပည္ေတြကိုစုတ္ထုတ္ဖုိ႔လိုအပ္ႏုိင္ပါတယ္။

2. အေမႊးရိတ္ျခင္းသည္ Waxing (ဖေယာင္း)နည္းျဖင့္ ဖယ္ရွားျခင္းထက္ ပိုမဆုိးပါ

          Waxing နည္းျဖင့္ အေမႊးအမွ်င္ဖယ္ရွားျခင္းသည္ ပိုေကာင္းသည္ဟုအထင္ရွိၾကေသာ္လည္း အမွန္တကယ္တြင္ေတာ့ Waxing ျဖင့္လည္း ဆီးစပ္ေမႊးမ်ားကို ကုန္စင္ေအာင္မဖယ္ရွားႏုိင္ေပ။ မည္သည့္နည္းလမ္းကိုအသံုးျပဳသည္ျဖစ္ေစ အေမႊးအမွ်င္မ်ားကိုဖယ္ရွားျခင္းျဖစ္သည့္အတြက္ အက်ိဳးရလဒ္ကေတာ့ ထူးမျခားေပ။

3. အေမႊးအမွ်င္မ်ားကိုဖယ္ရွားျခင္းဟာ လိင္မွတဆင့္ကူးစက္တတ္ေသာေရာဂါမ်ားျဖစ္ပြားျခင္းကို ျမင့္တက္ေစပါတယ္

          2012 ခုႏွစ္မွာျပဳလုပ္တဲ့ သုေတသနျပဳလုပ္ခ်က္အရ အေမႊးအမွ်င္ဖယ္ရွားျခင္းဟာ အေရျပားအေပၚယံလႊာကို ပ်က္စီးေစျခင္းေၾကာင့္ ဘက္တီးရီးယားပိုးမ်ား ခႏၶာကုိယ္အတြင္းသို႔ အလြယ္တကူဝင္ေရာက္ႏုိင္ျခင္းျဖစ္ေၾကာင့္ ေတြ႕ရွိရပါတယ္။

          ဆီးစပ္ေမႊးေတြရွိတာေၾကာင့္ အစိုဓာတ္ကိုစုပ္ယူေပးၿပီး အေမႊးအမွ်င္ေတြေအာက္က ဖံုးအုပ္ထားတဲ့ေနရာကိုမေရာက္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ အေမႊးအမွ်င္ေတြမရွိေတာ့ပါက အေရျပားအတြင္းသို႔ ေရာဂါပိုးမ်ား (ဥပမာ - ေရယံု) ဝင္ေရာက္ႏုိင္ရန္ အခြင့္အလမ္းပိုမုိမ်ားျပားလာေစပါတယ္။

4. အေမႊးအမွ်င္မ်ားကို ညႇပ္ျခင္းသည္အႏၲရာယ္အကင္းဆံုးျဖစ္ပါတယ္

          သဘာဝအတိုင္းမေနလိုတဲ့ အမ်ိဳးသမီးမ်ားအတြက္ အေမႊးအမွ်င္မ်ားကိုညႇပ္ပစ္ျခင္းက စိတ္အခ်ရဆံုးနည္းလမ္းျဖစ္ပါတယ္။ ညႇပ္ပစ္ျခင္းျဖင့္ ဆံပင္ေအာက္ေျခမ်ားအတြင္း အေမႊးငုတ္တိုမ်ား က်န္ရွိျခင္းကိုလည္း မျဖစ္ေစႏုိင္ပါ။ တစ္ခုတည္းေသာ မေကာင္းတဲ့အခ်က္ကေတာ့ အေမႊးအမွ်င္မ်ားရွည္လာသည္ႏွင့္အမွ် ယားယံေစႏုိင္ပါတယ္။

Credit:drmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

1. အမွှေးအမျှင်များကို ဖယ်ရှားခြင်းကြောင့် ပြည်တည်နာဖြစ်နိုင်ပါတယ်

          အမွှေးအမျှင်များကိုဖယ်ရှားလိုက်သောကြောင့် ဆံပင်အမြစ်များမှတဆင့် ခန္ဓာကိုယ်တွင်းသို့ ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်းဖြင့် ပြည်တည်နာများဖြစ်လာရခြင်းဖြစ်ပါတယ်။ ပဋိဇီဝဆေးဝါးတွေနဲ့ လွယ်လွယ်ကူကူကုသလို့ရနိုင်ပေမယ့်လည်း တခါတရံမှာတော့ ပြည်တွေကိုစုတ်ထုတ်ဖို့လိုအပ်နိုင်ပါတယ်။

2. အမွှေးရိတ်ခြင်းသည် Waxing (ဖယောင်း)နည်းဖြင့် ဖယ်ရှားခြင်းထက် ပိုမဆိုးပါ

          Waxing နည်းဖြင့် အမွှေးအမျှင်ဖယ်ရှားခြင်းသည် ပိုကောင်းသည်ဟုအထင်ရှိကြသော်လည်း အမှန်တကယ်တွင်တော့ Waxing ဖြင့်လည်း ဆီးစပ်မွှေးများကို ကုန်စင်အောင်မဖယ်ရှားနိုင်ပေ။ မည်သည့်နည်းလမ်းကိုအသုံးပြုသည်ဖြစ်စေ အမွှေးအမျှင်များကိုဖယ်ရှားခြင်းဖြစ်သည့်အတွက် အကျိုးရလဒ်ကတော့ ထူးမခြားပေ။

3. အမွှေးအမျှင်များကိုဖယ်ရှားခြင်းဟာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါများဖြစ်ပွားခြင်းကို မြင့်တက်စေပါတယ်

          2012 ခုနှစ်မှာပြုလုပ်တဲ့ သုတေသနပြုလုပ်ချက်အရ အမွှေးအမျှင်ဖယ်ရှားခြင်းဟာ အရေပြားအပေါ်ယံလွှာကို ပျက်စီးစေခြင်းကြောင့် ဘက်တီးရီးယားပိုးများ ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူဝင်ရောက်နိုင်ခြင်းဖြစ်ကြောင့် တွေ့ရှိရပါတယ်။

          ဆီးစပ်မွှေးတွေရှိတာကြောင့် အစိုဓာတ်ကိုစုပ်ယူပေးပြီး အမွှေးအမျှင်တွေအောက်က ဖုံးအုပ်ထားတဲ့နေရာကိုမရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အမွှေးအမျှင်တွေမရှိတော့ပါက အရေပြားအတွင်းသို့ ရောဂါပိုးများ (ဥပမာ - ရေယုံ) ဝင်ရောက်နိုင်ရန် အခွင့်အလမ်းပိုမိုများပြားလာစေပါတယ်။

4. အမွှေးအမျှင်များကို ညှပ်ခြင်းသည်အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်

          သဘာဝအတိုင်းမနေလိုတဲ့ အမျိုးသမီးများအတွက် အမွှေးအမျှင်များကိုညှပ်ပစ်ခြင်းက စိတ်အချရဆုံးနည်းလမ်းဖြစ်ပါတယ်။ ညှပ်ပစ်ခြင်းဖြင့် ဆံပင်အောက်ခြေများအတွင်း အမွှေးငုတ်တိုများ ကျန်ရှိခြင်းကိုလည်း မဖြစ်စေနိုင်ပါ။ တစ်ခုတည်းသော မကောင်းတဲ့အချက်ကတော့ အမွှေးအမျှင်များရှည်လာသည်နှင့်အမျှ ယားယံစေနိုင်ပါတယ်။

Credit:drmyanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top