iMyanmarHouse.com - Best Property Website for Myanmar
×

ဘီယာကေပးစြမ္းႏိုင္သည့္ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူး(၇)ခု

အေဖ်ာ္ယမကာေတြထဲမွာ ၀ိုင္နီဟာ ေဆးဘက္ဆိုင္ရာအာနိသင္ေတြပါ၀င္ၿပီး ႏွလံုးေရာဂါေတြကို ဆန္႔က်င္ ကာကြယ္ေပးႏိုင္တဲ့အတြက္ နာမည္ႀကီးလူႀကိဳက္မ်ားခဲ့ပါတယ္။ ဒါဆို ဘီယာသမားေတြအတြက္လည္း သတင္းေကာင္းရွိပါတယ္။ ဘီယာမွာလည္း အဆစ္အျမစ္ေရာင္ေရာဂါကို ကုသႏိုင္စြမ္းရွိ႐ုံသာမက အသက္ရွည္ေစႏိုင္ တဲ့ အစြမ္းသတိၱေတြရွိတယ္လို႔လည္း သုေတသီေတြက ေလ့လာေတြ႕ရွိခဲ့ၿပီ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ဘီယာခ်စ္သူ အမ်ိဳးသားေတြ သိမွတ္ႏိုင္ဖို႔အတြက္ ဘီယာေသာက္ျခင္းေၾကာင့္ ရရွိႏိုင္တဲ့ က်န္းမာေရးဆိုင္ရာ အက်ိဳးေက်းဇူး(၇)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ အဆစ္ေရာင္ေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။

အဆစ္ေရာင္ေရာဂါဟာ နာက်ဥ္စြာခံစားရတဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။ အသက္အရြယ္ငယ္ရြယ္စဥ္ အခ်ိန္မွာကတည္းက ျဖစ္တတ္ၿပီး အဆစ္အျမစ္ေတြ ေရာင္ယမ္းနာက်ဥ္လာတဲ့ ေရာဂါမ်ိဳးျဖစ္ပါတယ္။ ေရာဂါလကၡဏာေတြအျဖစ္ အဆစ္အျမစ္ေတြေနရာမွာ နီျမန္းလာျခင္း၊ ေယာင္လာျခင္း၊ နာက်ဥ္လာျခင္း တို႔ကို ခံစားရတတ္ပါတယ္။ ဒီလို အဆစ္ေရာင္ေရာဂါမ်ိဳးကို ဘီယာေသာက္ျခင္းျဖင့္ ကာကြယ္ကုသႏိုင္ပါတယ္။ ဒါေပမယ့္ ဘီယာခ်ည္းလွိမ့္ေသာက္ေနလို႔ေတာ့မရပါဘူး။ အစားအေသာက္ပံုစံအတြင္းမွာ သတ္မွတ္ထားတဲ့ ဘီယာပမာဏေသာက္သံုးၿပီး သင့္ေတာ္တဲ့ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ေပးမယ္ဆိုရင္ အဆစ္ေရာင္ ေရာဂါသက္သာေပ်ာက္ကင္းသြားႏိုင္ပါတယ္။

၂။ ေက်ာက္ကပ္ေတြကို က်န္းမာေစပါတယ္။

ဘီယာတစ္ပုလင္းေသာက္သံုးျခင္းဟာ အမ်ိဳးသားေတြမွာ ေက်ာက္ကပ္အတြင္းေက်ာက္တည္ႏိုင္ေခ်ကို (၄၀)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ အေၾကာင္းရင္းကေတာ့ ဘီယာမွာပါ၀င္တဲ့ ေရဓာတ္ၾကြယ္၀မႈ ေၾကာင့္ ေက်ာက္ကပ္ေတြရဲ႕လုပ္ငန္းေဆာင္တာကို အေထာက္အကူျဖစ္ေစတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘီယာေသာက္ျခင္းက ဆီးရႊင္ေစတာေၾကာင့္ ေက်ာက္ကပ္ေတြေရာ၊ ဆီးအိတ္ကိုပါ သန္႔ရွင္းက်န္းမာ ေနေစမွာ ျဖစ္ပါတယ္။

၃။ အစာအိမ္နာတာကို သက္သာေစပါတယ္။

အစာအိမ္နာျခင္းကို ဘီယာအနည္းငယ္ေသာက္သံုးေပးျခင္းျဖင့္ သက္သာေစႏိုင္ပါတယ္။ ဒါေပမယ့္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ အနာျဖစ္ေနတာဆိုရင္ေတာ့ ဘီယာကိုေရွာင္သင့္ပါတယ္။ ဘာေၾကာင့္ဆိုရင္ ဘီယာမွာလည္း အယ္လ္ကိုေဟာပမာဏအနည္းငယ္ပါ၀င္တတ္တာေၾကာင့္ အနာကိုပိုၿပီးနာေစႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။

၄။ ဦးေႏွာက္စြမ္းရည္ကို ျမွင့္တင္ေပးႏိုင္ပါတယ္။

ေန႔တိုင္းဘီယာအနည္းငယ္ေလာက္ေသာက္သံုးေပးမယ္ဆိုရင္ အယ္လ္ဇုိင္းမားေရာဂါနဲ႔ သတိေမ့ေရာဂါတို႔ကို ပူစရာမလိုေတာ့ဘူးလို႔ ေလ့လာေတြ႕ရွိခဲ့ၿပီးျဖစ္ပါတယ္။ ပံုမွန္ေလာက္သာေသာက္သံုးတဲ့သူေတြအတြက္ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈေတြျဖစ္ပြားႏိုင္ေခ်ကို (၂၀)ရာခိုင္ႏႈန္းေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဘီယာခ်က္လုပ္ရာမွာပါ၀င္တဲ့ ပန္းတစ္မ်ိဳးက အိပ္မေပ်ာ္တဲ့ေရာဂါကို သက္သာေစႏိုင္တဲ့အတြက္ ႏွစ္ႏွစ္ ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေစႏိုင္ဖို႔ အကူအညီျဖစ္ေစပါတယ္။

၅။ ကင္ဆာျဖစ္ႏိုင္ေခ်ကို ေလ်ာ့နည္းေစပါတယ္။

အသားေတြကို ဘီယာထဲမွာ စိမ္ႏွပ္ၿပီးမွ ခ်က္ျပဳတ္စားေသာက္မယ္ဆိုရင္ အေကာင္းဆံုးနည္းလမ္းျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ဒီလိုစိမ္ႏွပ္ထားျခင္းျဖင့္ ကင္ဆာကိုျဖစ္ေစႏိုင္တဲ့ ကာစီႏိုဂ်င္ေတြကို (၇၀)ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ပစ္လိုက္ႏိုင္တာေၾကာင့္ျဖစ္ပါတယ္။ ဒါ့အျပင္ အသားေတြမွာ ပါ၀င္ၿပီး အာ႐ုံေၾကာခ်ိဳ႕ယြင္းမႈကို ျဖစ္ေစႏိုင္တဲ့ HCA ဓာတ္သဘာ၀ကိုလည္း သိသိသာသာေလွ်ာ့ခ်ေပးႏိုင္တဲ့အတြက္ အာ႐ုံေၾကာဆိုင္ရာ ျပႆနာေတြကိုလည္း နည္းသြားေစမွာျဖစ္ပါတယ္။

၆။ သက္ရွည္က်န္းမာေစပါတယ္။

ဘီယာကို ေဆးျဖစ္၀ါးျဖစ္ေလာက္ ပုံမွန္ေလးေသာက္သံုးေပးမယ္ဆိုရင္ ယေန႔ေခတ္ရဲ႕လူသတ္ေရာဂါေတြ ျဖစ္တဲ့ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္းနဲ႔ ဆီးခ်ိဳေရာဂါေတြ ျဖစ္ႏိုင္ေခ်နည္းသြားတဲ့အတြက္ သက္ရွည္က်န္းမာစြာ ေနထိုင္ႏိုင္မွာျဖစ္ပါတယ္။

၇။ ဆံပင္နဲ႔ မ်က္ခံုးေတြအတြက္လည္း အသံုးတည့္ပါတယ္။

ဘီယာဟာ သဘာ၀ ဆံပင္ေပ်ာ့ေဆးတစ္မ်ိဳးျဖစ္ပါတယ္။ ဘီယာစက္ေလးအနည္းငယ္ေလာက္နဲ႔ သင့္ရဲ႕႐ႈပ္ပြ လိမ္ေကာက္ေနတဲ ဆံပင္ေတြကို ပံုစံတက်ျဖစ္ေစႏိုင္ပါတယ္။ မ်က္ခံုးေတြကို ပံုစံတက်လွပေစဖို႔ အတြက္လည္း သံုးႏိုင္ပါတယ္။ လက္ေခ်ာင္းကို ဘီယာအနည္းငယ္စြတ္ၿပီး မ်က္ခံုးနဲ႔ ဦးေရျပားကို ပြတ္သပ္ေပး ႐ုံပါပဲ။ ဒါ့အျပင္ ေခါင္းေလွ်ာ္တဲ့အခါမွာ ေခါင္းေလွ်ာ္ရည္နဲ႔အတူ ဘီယာ သံုးေလးစက္ေလာက္ေရာၿပီး ေလွ်ာ္မယ္ဆိုရင္ ေတာက္ပတဲ့ဆံေကသာအလွကိုလည္း ရရွိေစႏိုင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : gentleman magazine

#Unicode Version

ဘီယာကပေးစွမ်းနိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး(၇)ခု

အဖျော်ယမကာတွေထဲမှာ ဝိုင်နီဟာ ဆေးဘက်ဆိုင်ရာအာနိသင်တွေပါဝင်ပြီး နှလုံးရောဂါတွေကို ဆန့်ကျင် ကာကွယ်ပေးနိုင်တဲ့အတွက် နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ ဒါဆို ဘီယာသမားတွေအတွက်လည်း သတင်းကောင်းရှိပါတယ်။ ဘီယာမှာလည်း အဆစ်အမြစ်ရောင်ရောဂါကို ကုသနိုင်စွမ်းရှိရုံသာမက အသက်ရှည်စေနိုင် တဲ့ အစွမ်းသတ္တိတွေရှိတယ်လို့လည်း သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘီယာချစ်သူ အမျိုးသားတွေ သိမှတ်နိုင်ဖို့အတွက် ဘီယာသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အဆစ်ရောင်ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

အဆစ်ရောင်ရောဂါဟာ နာကျဉ်စွာခံစားရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အရွယ်ငယ်ရွယ်စဉ် အချိန်မှာကတည်းက ဖြစ်တတ်ပြီး အဆစ်အမြစ်တွေ ရောင်ယမ်းနာကျဉ်လာတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေအဖြစ် အဆစ်အမြစ်တွေနေရာမှာ နီမြန်းလာခြင်း၊ ယောင်လာခြင်း၊ နာကျဉ်လာခြင်း တို့ကို ခံစားရတတ်ပါတယ်။ ဒီလို အဆစ်ရောင်ရောဂါမျိုးကို ဘီယာသောက်ခြင်းဖြင့် ကာကွယ်ကုသနိုင်ပါတယ်။ ဒါပေမယ့် ဘီယာချည်းလှိမ့်သောက်နေလို့တော့မရပါဘူး။ အစားအသောက်ပုံစံအတွင်းမှာ သတ်မှတ်ထားတဲ့ ဘီယာပမာဏသောက်သုံးပြီး သင့်တော်တဲ့ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် အဆစ်ရောင် ရောဂါသက်သာပျောက်ကင်းသွားနိုင်ပါတယ်။

၂။ ကျောက်ကပ်တွေကို ကျန်းမာစေပါတယ်။

ဘီယာတစ်ပုလင်းသောက်သုံးခြင်းဟာ အမျိုးသားတွေမှာ ကျောက်ကပ်အတွင်းကျောက်တည်နိုင်ချေကို (၄၀)ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ အကြောင်းရင်းကတော့ ဘီယာမှာပါဝင်တဲ့ ရေဓာတ်ကြွယ်ဝမှု ကြောင့် ကျောက်ကပ်တွေရဲ့လုပ်ငန်းဆောင်တာကို အထောက်အကူဖြစ်စေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘီယာသောက်ခြင်းက ဆီးရွှင်စေတာကြောင့် ကျောက်ကပ်တွေရော၊ ဆီးအိတ်ကိုပါ သန့်ရှင်းကျန်းမာ နေစေမှာ ဖြစ်ပါတယ်။

၃။ အစာအိမ်နာတာကို သက်သာစေပါတယ်။

အစာအိမ်နာခြင်းကို ဘီယာအနည်းငယ်သောက်သုံးပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ အနာဖြစ်နေတာဆိုရင်တော့ ဘီယာကိုရှောင်သင့်ပါတယ်။ ဘာကြောင့်ဆိုရင် ဘီယာမှာလည်း အယ်လ်ကိုဟောပမာဏအနည်းငယ်ပါဝင်တတ်တာကြောင့် အနာကိုပိုပြီးနာစေနိုင်တာကြောင့် ဖြစ်ပါတယ်။

၄။ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

နေ့တိုင်းဘီယာအနည်းငယ်လောက်သောက်သုံးပေးမယ်ဆိုရင် အယ်လ်ဇိုင်းမားရောဂါနဲ့ သတိမေ့ရောဂါတို့ကို ပူစရာမလိုတော့ဘူးလို့ လေ့လာတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ ပုံမှန်လောက်သာသောက်သုံးတဲ့သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဖြစ်ပွားနိုင်ချေကို (၂၀)ရာခိုင်နှုန်းလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဘီယာချက်လုပ်ရာမှာပါဝင်တဲ့ ပန်းတစ်မျိုးက အိပ်မပျော်တဲ့ရောဂါကို သက်သာစေနိုင်တဲ့အတွက် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ဖို့ အကူအညီဖြစ်စေပါတယ်။

၅။ ကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။

အသားတွေကို ဘီယာထဲမှာ စိမ်နှပ်ပြီးမှ ချက်ပြုတ်စားသောက်မယ်ဆိုရင် အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုစိမ်နှပ်ထားခြင်းဖြင့် ကင်ဆာကိုဖြစ်စေနိုင်တဲ့ ကာစီနိုဂျင်တွေကို (၇၀)ရာခိုင်နှုန်းအထိ လျှော့ချပစ်လိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အသားတွေမှာ ပါဝင်ပြီး အာရုံကြောချို့ယွင်းမှုကို ဖြစ်စေနိုင်တဲ့ HCA ဓာတ်သဘာဝကိုလည်း သိသိသာသာလျှော့ချပေးနိုင်တဲ့အတွက် အာရုံကြောဆိုင်ရာ ပြဿနာတွေကိုလည်း နည်းသွားစေမှာဖြစ်ပါတယ်။

၆။ သက်ရှည်ကျန်းမာစေပါတယ်။

ဘီယာကို ဆေးဖြစ်ဝါးဖြစ်လောက် ပုံမှန်လေးသောက်သုံးပေးမယ်ဆိုရင် ယနေ့ခေတ်ရဲ့လူသတ်ရောဂါတွေ ဖြစ်တဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ဆီးချိုရောဂါတွေ ဖြစ်နိုင်ချေနည်းသွားတဲ့အတွက် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

၇။ ဆံပင်နဲ့ မျက်ခုံးတွေအတွက်လည်း အသုံးတည့်ပါတယ်။

ဘီယာဟာ သဘာ၀ ဆံပင်ပျော့ဆေးတစ်မျိုးဖြစ်ပါတယ်။ ဘီယာစက်လေးအနည်းငယ်လောက်နဲ့ သင့်ရဲ့ရှုပ်ပွ လိမ်ကောက်နေတဲ ဆံပင်တွေကို ပုံစံတကျဖြစ်စေနိုင်ပါတယ်။ မျက်ခုံးတွေကို ပုံစံတကျလှပစေဖို့ အတွက်လည်း သုံးနိုင်ပါတယ်။ လက်ချောင်းကို ဘီယာအနည်းငယ်စွတ်ပြီး မျက်ခုံးနဲ့ ဦးရေပြားကို ပွတ်သပ်ပေး ရုံပါပဲ။ ဒါ့အပြင် ခေါင်းလျှော်တဲ့အခါမှာ ခေါင်းလျှော်ရည်နဲ့အတူ ဘီယာ သုံးလေးစက်လောက်ရောပြီး လျှော်မယ်ဆိုရင် တောက်ပတဲ့ဆံကေသာအလှကိုလည်း ရရှိစေနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : gentleman magazine
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top