iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာေရး ေကာင္းခ်င္ရင္ေတာ့ မ်ား်ားသာ အနမ္း ေပး လိုက္လိုက္ပါ။

ခ်စ္ရတဲ့သူကို နမ္းဖူးပါသလား။ ကိုယ့္ခ်စ္သူနဲ႔ အနမ္းဖလွယ္တာဟာ သိပ္ကိုေကာင္းတဲ့ ကိစၥပါပဲ။ က်န္းမာေရးနဲ႔လည္း ညီညြတ္တာမို႔ ခ်စ္ရင္ မ်ားမ်ားသာနမ္းဖို႔ အၾကံေပးပါရေစ။

၁။ ခုခံအား ျမင့္တက္ေစ
မယံုမ႐ွိပါနဲ႔။ အနမ္းေပးျခင္းေၾကာင့္ အမ်ိဳးသမီးေတြမွာ ခုခံအား ျမင့္တက္လာပါတယ္။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္ကာလမွာ ခံစားရတဲ့ ေဝဒနာေတြနဲ႔ မီးဖြားခ်ိန္ နာက်င္မႈေတြကိုလည္း သက္သာေစပါတယ္။

၂။ ၾကင္ေဖာ္ေကာင္းကို သိေစႏိုင္
ကိုယ္နဲ႔ လိုက္ေလ်ာညီေထြ ျဖစ္၊ မျဖစ္ဆုိတာ နမ္းၾကည့္ရင္ သိႏိုင္ပါတယ္။ ခ်စ္ေရးခ်စ္ရာ ကၽြမ္းက်င္သူေတြရဲ႕ အဆုိအရ အနမ္းေကာင္းတဲ့လူဟာ အိမ္ေထာင္ဖက္ေကာင္း ျဖစ္လာႏိုင္သတဲ့။

၃။ ကယ္လိုရီေတြ ေလာင္ကၽြမ္းေစ
မ်ားမ်ားစားၿပီး ဝိတ္တက္မွာေၾကာက္ရင္ မ်ားမ်ားသာ နမ္းပစ္လိုက္ပါ။ တစ္မိနစ္နမ္းတိုင္း ကယ္လိုရီ ၂ မွ ၆ အထိ ေလာင္ကၽြမ္းေပးႏိုင္ပါတယ္။

၄။ မ်က္ႏွာအသားအေရ ေကာင္းမြန္ေစ
နမ္းဖို႔အတြက္ မ်က္ႏွာျပင္က ၾကြက္သား အခု ၃၀ ေလာက္ လႈပ္႐ွားရပါတယ္။ မ်ားမ်ားနမ္းတဲ့လူရဲ႕ မ်က္ႏွာျပင္ ၾကြက္သားေတြ သန္မာလာေစလုိ႔ တင္းရင္းလွပတဲ့ မ်က္ႏွာေလးကို ပိုင္ဆုိင္ႏိုင္မွာပါ။

၅။ စိတ္ဖိစီးမႈ ေလ်ာ့က်ေစ
သိပၸံပညာ႐ွင္ေတြရဲ႕ ထုတ္ျပန္ခ်က္အရ နမ္းျခင္းေၾကာင့္ ေအာက္ဆီတိုစင္ပမာဏေတြ ျမင့္တက္လာေစတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ကိုယ္ခႏၶာထဲကေန ေကာင္းတဲ့ ဓာတုပစၥည္းေတြ ထြက္လာႏိုင္ၿပီး စိတ္ဖိစီးမႈေတြ ေလ်ာ့က်ေစပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Duwun

#Unicode Version

ကျန်းမာရေး ကောင်းချင်ရင်တော့ များျားသာ အနမ်း ပေး လိုက်လိုက်ပါ။

ချစ်ရတဲ့သူကို နမ်းဖူးပါသလား။ ကိုယ့်ချစ်သူနဲ့ အနမ်းဖလှယ်တာဟာ သိပ်ကိုကောင်းတဲ့ ကိစ္စပါပဲ။ ကျန်းမာရေးနဲ့လည်း ညီညွတ်တာမို့ ချစ်ရင် များများသာနမ်းဖို့ အကြံပေးပါရစေ။

၁။ ခုခံအား မြင့်တက်စေ
မယုံမရှိပါနဲ့။ အနမ်းပေးခြင်းကြောင့် အမျိုးသမီးတွေမှာ ခုခံအား မြင့်တက်လာပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ကာလမှာ ခံစားရတဲ့ ဝေဒနာတွေနဲ့ မီးဖွားချိန် နာကျင်မှုတွေကိုလည်း သက်သာစေပါတယ်။

၂။ ကြင်ဖော်ကောင်းကို သိစေနိုင်
ကိုယ်နဲ့ လိုက်လျောညီထွေ ဖြစ်၊ မဖြစ်ဆိုတာ နမ်းကြည့်ရင် သိနိုင်ပါတယ်။ ချစ်ရေးချစ်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အနမ်းကောင်းတဲ့လူဟာ အိမ်ထောင်ဖက်ကောင်း ဖြစ်လာနိုင်သတဲ့။

၃။ ကယ်လိုရီတွေ လောင်ကျွမ်းစေ
များများစားပြီး ဝိတ်တက်မှာကြောက်ရင် များများသာ နမ်းပစ်လိုက်ပါ။ တစ်မိနစ်နမ်းတိုင်း ကယ်လိုရီ ၂ မှ ၆ အထိ လောင်ကျွမ်းပေးနိုင်ပါတယ်။

၄။ မျက်နှာအသားအရေ ကောင်းမွန်စေ
နမ်းဖို့အတွက် မျက်နှာပြင်က ကြွက်သား အခု ၃၀ လောက် လှုပ်ရှားရပါတယ်။ များများနမ်းတဲ့လူရဲ့ မျက်နှာပြင် ကြွက်သားတွေ သန်မာလာစေလို့ တင်းရင်းလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာပါ။

၅။ စိတ်ဖိစီးမှု လျော့ကျစေ
သိပ္ပံပညာရှင်တွေရဲ့ ထုတ်ပြန်ချက်အရ နမ်းခြင်းကြောင့် အောက်ဆီတိုစင်ပမာဏတွေ မြင့်တက်လာစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာထဲကနေ ကောင်းတဲ့ ဓာတုပစ္စည်းတွေ ထွက်လာနိုင်ပြီး စိတ်ဖိစီးမှုတွေ လျော့ကျစေပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top