iMyanmarHouse.com - Best Property Website for Myanmar
×

သင္နဲ ့တြဲေနသူက စိတ္မူမွန္တဲ့သူလား။ အၾကမ္းဖက္စိတ္ေ၀ဒနာရွင္မ်ား ျဖစ္ေနမလား ဆုိတာ ဘယ္လုိခြဲျခားမလဲ။ ဒီအတြက္ သိပၸံပညာရွင္ေတြက ကူညီႏိုင္ပါတယ္။ လူတစ္ေယာက္ဟာ အၾကမ္းဖက္စိတ္ေ၀ဒနာရွင္ လားဆုိတာကို သူ ့ရဲ့ သမ္းေ၀ပုံကို ၾကည့္ျပီး ဆုံးျဖတ္ႏိုင္ပါတယ္။

Personality and Individual Differences ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ေလ့လာေတြ ့ရွိမွဳအသစ္တစ္ခုအရ အၾကမ္းဖက္ စိတ္ေ၀ဒနာခံစားေနရတဲ့ လကၡဏာရွိတဲ့လူေတြဟာ သူ ့ေရွ ့မွာ တျခားသူတစ္ေယာက္ သမ္းတာကို လိုက္သမ္းေလ့ သိပ္မရွိဘူးလုိ ့ဆုိပါတယ္။ အၾကမ္းဖက္စိတ္ေ၀ဒနာဟာ လူထုအသိုင္းအ၀ုိင္းနဲ ့ကင္းကြာမွဳေ၀ဒနာ တစ္မ်ိဳးျဖစ္ျပီး စိတ္ခံစားမွဳ အရည္အေသြး ကင္းမဲ့ပါတယ္။

အၾကမ္းဖက္စိတ္ေ၀ဒနာရွင္ေတြဟာ အတၱၾကီးမားျပီး၊ ဥာဏ္နီဥာဏ္နက္ မ်ားကာ တျခားသူေတြနဲ ့စိတ္ပိုင္းဆုိင္ရာဆက္သြယ္ႏိုင္မွဳမရွိဘူးလုိ ့ဆုိပါတယ္။ သူတုိ ့ေတြဟာ ျပစ္ဒဏ္ေတြကေန သင္ခန္းစာမရဘဲ၊ စာနာစိတ္ကင္းမဲ့ကာ လိပ္ျပာမလုံတာမ်ိဳးလည္း မရွိဘူးလုိ ့သိရပါတယ္။ သာမန္လူေတြအေနနဲ ့တစ္ေယာက္ သမ္းရင္ အလုိအေလ်ာက္ လုိက္သမ္းမိတာမ်ိဳး ျဖစ္ႏိုင္ေပမယ့္ အၾကမ္းဖက္စိတ္ေ၀ဒနာရွင္ေတြကေတာ့ တျခား သမ္းသူတစ္ေယာက္ရဲ့ စိတ္ခံစားမွဳပုိင္းဆုိင္ရာ အေျခအေနကို မခံစားတတ္ဘူးလုိ ့ဆုိပါတယ္။

ဒါေပမယ့္ တစ္ေယာက္သမ္းတာကို လုိက္မသမ္းတုိင္း အၾကမ္းဖက္စိတ္ေ၀ဒနာရွင္လုိ ့မဆုိႏိုင္ဘဲ သမ္းျခင္းနဲ ့စိတ္ပုိင္းဆုိင္ရာ ဆက္စပ္မွဳၾကားမွာ စမ္းသပ္မွဳအနည္းငယ္နဲ ့ေဆးပညာရွဳေထာင့္အရ စစ္ေဆးမွဳေတြ လုိေသးတယ္လုိ ့ဆုိပါတယ္။ သင္နဲ ့တြဲေနတဲ့သူဟာ သင္သမ္းတုိင္း လုိက္မသမ္းဘူး၊ စိတ္ခံစားမွဳကလည္း ဟိုလြင့္ဒီလြင့္ျဖစ္ေနတယ္၊ ကိုယ့္ဘက္ကိုယ္ယက္တတ္တဲ့ လူမ်ိဳးနဲ ့ဥာဏ္နီဥာဏ္နက္ မ်ားတဲ့ လူမ်ိဳးဆုိရင္ေတာ့ သူတစ္ခုခုေတာ့ မွားေနပါျပီ။ သတိထားဆက္ဆံဖုိ ့လုိပါလိမ့္မယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

 သင်နဲ့တွဲနေသူက စိတ်မူမှန်တဲ့သူလား။ အကြမ်းဖက်စိတ်ဝေဒနာရှင်များ ဖြစ်နေမလား ဆိုတာ ဘယ်လိုခွဲခြားမလဲ။ ဒီအတွက် သိပ္ပံပညာရှင်တွေက ကူညီနိုင်ပါတယ်။ လူတစ်ယောက်ဟာ အကြမ်းဖက်စိတ်ဝေဒနာရှင် လားဆိုတာကို သူ့ရဲ့ သမ်းဝေပုံကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။

Personality and Individual Differences ဂျာနယ်မှာ ဖော်ပြခဲ့တဲ့လေ့လာတွေ့ရှိမှုအသစ်တစ်ခုအရ အကြမ်းဖက် စိတ်ဝေဒနာခံစားနေရတဲ့ လက္ခဏာရှိတဲ့လူတွေဟာ သူ့ရှေ့မှာ တခြားသူတစ်ယောက် သမ်းတာကို လိုက်သမ်းလေ့ သိပ်မရှိဘူးလို့ဆိုပါတယ်။ အကြမ်းဖက်စိတ်ဝေဒနာဟာ လူထုအသိုင်းအဝိုင်းနဲ့ကင်းကွာမှုဝေဒနာ တစ်မျိုးဖြစ်ပြီး စိတ်ခံစားမှု အရည်အသွေး ကင်းမဲ့ပါတယ်။

အကြမ်းဖက်စိတ်ဝေဒနာရှင်တွေဟာ အတ္တကြီးမားပြီး၊ ဉာဏ်နီဉာဏ်နက် များကာ တခြားသူတွေနဲ့စိတ်ပိုင်းဆိုင်ရာဆက်သွယ်နိုင်မှုမရှိဘူးလို့ဆိုပါတယ်။ သူတို့တွေဟာ ပြစ်ဒဏ်တွေကနေ သင်ခန်းစာမရဘဲ၊ စာနာစိတ်ကင်းမဲ့ကာ လိပ်ပြာမလုံတာမျိုးလည်း မရှိဘူးလို့သိရပါတယ်။ သာမန်လူတွေအနေနဲ့တစ်ယောက် သမ်းရင် အလိုအလျောက် လိုက်သမ်းမိတာမျိုး ဖြစ်နိုင်ပေမယ့် အကြမ်းဖက်စိတ်ဝေဒနာရှင်တွေကတော့ တခြား သမ်းသူတစ်ယောက်ရဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အခြေအနေကို မခံစားတတ်ဘူးလို့ဆိုပါတယ်။

ဒါပေမယ့် တစ်ယောက်သမ်းတာကို လိုက်မသမ်းတိုင်း အကြမ်းဖက်စိတ်ဝေဒနာရှင်လို့မဆိုနိုင်ဘဲ သမ်းခြင်းနဲ့စိတ်ပိုင်းဆိုင်ရာ ဆက်စပ်မှုကြားမှာ စမ်းသပ်မှုအနည်းငယ်နဲ့ဆေးပညာရှုထောင့်အရ စစ်ဆေးမှုတွေ လိုသေးတယ်လို့ဆိုပါတယ်။ သင်နဲ့တွဲနေတဲ့သူဟာ သင်သမ်းတိုင်း လိုက်မသမ်းဘူး၊ စိတ်ခံစားမှုကလည်း ဟိုလွင့်ဒီလွင့်ဖြစ်နေတယ်၊ ကိုယ့်ဘက်ကိုယ်ယက်တတ်တဲ့ လူမျိုးနဲ့ဉာဏ်နီဉာဏ်နက် များတဲ့ လူမျိုးဆိုရင်တော့ သူတစ်ခုခုတော့ မှားနေပါပြီ။ သတိထားဆက်ဆံဖို့လိုပါလိမ့်မယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top