iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္သစ္မွာ စိတ္သစ္၊ လူသစ္နဲ႕ ျဖတ္သန္းခ်င္တယ္ဆုိရင္ စြန္႕သင့္တဲ့အက်င့္ဆိုးေတြကို စြန္႕လႊတ္ျပီး ခ်မွတ္ျပီး မျဖစ္မေန လုပ္ေဆာင္သင့္တဲ့အရာေတြကိုေတာ့ တစ္ႏွစ္တာအခ်ိန္အတြင္း လက္ေလ်ာ့အားေလ်ာ့ျခင္းမရွိပဲ ျပဳမူလုပ္ေဆာင္သြားရမွာပါ။ ဒါ့ေၾကာင့္ ဇန္န၀ါရီလမွာ စတင္ပံုေဖာ္လုပ္ေဆာင္ခဲ့တဲ့အရာေတြဟာ ေဖေဖာ္၀ါရီေလာက္မွာ ရပ္မသြားသင့္ပဲ တစ္ႏွစ္တာလံုး လုပ္သြားရမယ့္အရာေတြပါ။

၁။ ကိုယ္တကယ္လုပ္ခ်င္တဲ့၊ လုပ္သင့္တဲ့ ေလ့က်င့္ခန္းေတြက ဘာျဖစ္တယ္ဆုိတာ စဥ္းစားျပီး ၂၀၁၇အစကတည္းက လုပ္ေဆာင္သြားပါ။

၂။ အဘြားေတြ၊ အေဒၚေတြဆီ မၾကာခဏဖုန္းေခၚျပီး စကားေျပာဖုိ႕ မေမ့ပါနဲ႕။

၃။ တစ္ပတ္ကိုတစ္ခါ ကိုယ္ၾကိဳက္တဲ့အစားအစာေတြ၊ အသံုးအေဆာင္ေလးေတြ၀ယ္ျပီး ကိုယ့္ကိုကုိယ္ ျပဳစုဖုိ႕မေမ့ပါနဲ႕။ ကိုယ္ၾကိဳက္တဲ့ ပန္းေတြ၊ မဂၢဇင္း စတာေတြက ကိုယ့္ကိုစိတ္ေပ်ာ္ေစတယ္ဆုိ တစ္ပတ္တစ္ခါ ၀ယ္လိုက္ပါ။

၄။ နယ္ေျမသစ္၊ ျမိဳ႕၊ ႏိုင္ငံ စတဲ့ေနရာသစ္ေတြကို သြားေရာက္လည္ပတ္ႏိုင္ေအာင္ ၾကိဳးစားပါ။ ကိုယ္နဲ႕အတူ စြန္႕စားခ်င္တဲ့စိတ္ေလးရယ္၊ လမ္းေလွ်ာက္တဲ့အခါ စီးလို႕သိပ္ေကာင္းတဲ့ ဖိနပ္ေလးတစ္ရံပါရင္ ရပါျပီ။

၅။ ဆီစက္ေတြ၊ အညစ္အေၾကးေတြ စြန္းထင္းေနတဲ့ အက်ီေတြကို စြန္႕ပစ္လုိက္ပါေတာ့။ ႏွေျမာေနတဲ့စိတ္ကိုဖယ္ျပီး အားလံုးကို စြန္႕ပစ္လိုက္ပါ။

၆။ကုိယ္ခ်စ္ရတဲ့သူဆီကို စာပံုမွန္ေရးပါ။ တံဆိပ္ေခါင္းကပ္ျပီး စာတုိက္ကတစ္ဆင့္၊ သူ႕ဆီစာပို႕ပါ။

၇။ ကိုယ့္ဘာသာကိုယ္ စိတ္ၾကိဳက္ ခ်က္ျပဳတ္ျပီး သူငယ္ခ်င္းေတြကို ဖိတ္ေက်ြးပါ။ သူတုိ႕နဲ႕အခ်ိန္ျဖဳန္းပါ။

၈။ ကုိယ္အရမ္းဖတ္ခ်င္တဲ့စာအုပ္ကိုေတြးပါ။ ဒီစာအုပ္ကို ဘယ္အခ်ိန္မွာအျပီးဖတ္မယ္ဆုိျပီး ရက္တစ္ခုကို မွတ္သားလိုက္ပါ။ တကယ္ျပီးေအာင္ ဖတ္ျဖစ္ဖုိ႕ ၾကိဳးစားလိုက္ပါ။

၉။ ဟိုးအရင္တုန္းက ကိုယ္နဲ႕တြဲခဲ့တဲ့ သူငယ္ခ်င္းႏွစ္ေယာက္ဆီ အေရာက္သြားပါ။ ဟိုးအရင္တုန္းကလို စကားေတြေျပာျပီး သူတုိ႕နဲ႕ အခ်ိန္ကုန္ဆံုးလိုက္ပါ။

၁၀။ ဘာသာစကားတစ္မ်ိဳးမ်ိဳးကို ေလ့လာႏိုင္ေအာင္ ၾကိဳးစားပါ။

၁၁။ တစ္ပတ္ကို ေဆာင္းပါး သံုးပုဒ္အနည္းဆံုး ဖတ္ျဖစ္ပါေစ။

၁၂။ အသင္းအဖြဲ႕ေတြ ၀င္ထားျပီး မသြားျဖစ္တာမ်ိဳး၊ အဆက္အသြယ္မလုပ္ျဖစ္တာမ်ိဳးရွိတယ္ဆုိရင္ အဲ့ဒီအသင္းအဖြဲ႕ေတြကို ျပန္ဆက္သြယ္ပါ။ သူတုိ႕နဲ႕သြားေတြ႕ပါ။

၁၃။ တစ္လတစ္ခါ ကိုယ္သံုးခဲ့တဲ့ အသံုးစရိတ္နဲ႕ ေဘလ္ေတြကိုၾကည့္ျပီး ဘယ္အရာကိုေလ်ွာ့ခ်ပစ္ႏိုင္မလဲဆုိတာ ေတြးပါ။

၁၄။ တစ္လကို ဘယ္ေလာက္ေတာ့ ငါပိုက္ဆံစုမယ္ဆိုျပီးေတြးပါ။ အေကာင္အထည္ေဖာ္ပါ။

၁၅။ ဟိုးအရင္ကတည္းက အိပ္မက္မက္ခဲ့ရတဲ့ အားလပ္ရက္ခရီးအတြက္ ဘုိကင္လုပ္လိုက္ပါ။ အခ်ိန္ထပ္မဆြဲပါနဲ႕ေတာ့။

၁၆။ ေမြးေန႕ဆုေတာင္းကတ္ေလးေတြ၊ ေက်းဇူးတင္ေၾကာင္းေရးသားထားတဲ့ ကတ္ေလးေတြ ၀ယ္ထားျပီး သင္တကယ္ေပးစရာရွိတဲ့အခါ ဒါေလးေတြကို ေပးျဖစ္ေအာင္ေပးဖုိ႕ မေမ့ပါနဲ႕။

၁၇။ ဘာမဟုတ္တဲ့အရာေလးေတြအတြက္ ေတာင္းပန္စကားေတြ တဖြဖြေျပာတတ္တဲ့အက်င့္ကို ေမ့ပစ္လိုက္ပါ။ ဘ၀ကို ေနေပ်ာ္ေအာင္ ထိုက္တန္ေအာင္ ေနပစ္လိုက္စမ္းပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ဖြတ်သန်းချင်တယ်ဆိုရင် စွန့်သင့်တဲ့အကျင့်ဆိုးတွေကို စွန့်လွှတ်ပြီး ချမှတ်ပြီး မဖြစ်မနေ လုပ်ဆောင်သင့်တဲ့အရာတွေကိုတော့ တစ်နှစ်တာအချိန်အတွင်း လက်လျော့အားလျော့ခြင်းမရှိပဲ ပြုမူလုပ်ဆောင်သွားရမှာပါ။ ဒါ့ကြောင့် ဇန်နဝါရီလမှာ စတင်ပုံဖော်လုပ်ဆောင်ခဲ့တဲ့အရာတွေဟာ ဖေဖော်ဝါရီလောက်မှာ ရပ်မသွားသင့်ပဲ တစ်နှစ်တာလုံး လုပ်သွားရမယ့်အရာတွေပါ။

၁။ ကိုယ်တကယ်လုပ်ချင်တဲ့၊ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေက ဘာဖြစ်တယ်ဆိုတာ စဉ်းစားပြီး ၂၀၁၇အစကတည်းက လုပ်ဆောင်သွားပါ။

၂။ အဘွားတွေ၊ အဒေါ်တွေဆီ မကြာခဏဖုန်းခေါ်ပြီး စကားပြောဖို့ မမေ့ပါနဲ့။

၃။ တစ်ပတ်ကိုတစ်ခါ ကိုယ်ကြိုက်တဲ့အစားအစာတွေ၊ အသုံးအဆောင်လေးတွေဝယ်ပြီး ကိုယ့်ကိုကိုယ် ပြုစုဖို့မမေ့ပါနဲ့။ ကိုယ်ကြိုက်တဲ့ ပန်းတွေ၊ မဂ္ဂဇင်း စတာတွေက ကိုယ့်ကိုစိတ်ပျော်စေတယ်ဆို တစ်ပတ်တစ်ခါ ဝယ်လိုက်ပါ။

၄။ နယ်မြေသစ်၊ မြို့၊ နိုင်ငံ စတဲ့နေရာသစ်တွေကို သွားရောက်လည်ပတ်နိုင်အောင် ကြိုးစားပါ။ ကိုယ်နဲ့အတူ စွန့်စားချင်တဲ့စိတ်လေးရယ်၊ လမ်းလျှောက်တဲ့အခါ စီးလို့သိပ်ကောင်းတဲ့ ဖိနပ်လေးတစ်ရံပါရင် ရပါပြီ။

၅။ ဆီစက်တွေ၊ အညစ်အကြေးတွေ စွန်းထင်းနေတဲ့ အကျီတွေကို စွန့်ပစ်လိုက်ပါတော့။ နှမြောနေတဲ့စိတ်ကိုဖယ်ပြီး အားလုံးကို စွန့်ပစ်လိုက်ပါ။

၆။ကိုယ်ချစ်ရတဲ့သူဆီကို စာပုံမှန်ရေးပါ။ တံဆိပ်ခေါင်းကပ်ပြီး စာတိုက်ကတစ်ဆင့်၊ သူ့ဆီစာပို့ပါ။

၇။ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက် ချက်ပြုတ်ပြီး သူငယ်ချင်းတွေကို ဖိတ်ကျွေးပါ။ သူတို့နဲ့အချိန်ဖြုန်းပါ။

၈။ ကိုယ်အရမ်းဖတ်ချင်တဲ့စာအုပ်ကိုတွေးပါ။ ဒီစာအုပ်ကို ဘယ်အချိန်မှာအပြီးဖတ်မယ်ဆိုပြီး ရက်တစ်ခုကို မှတ်သားလိုက်ပါ။ တကယ်ပြီးအောင် ဖတ်ဖြစ်ဖို့ ကြိုးစားလိုက်ပါ။

၉။ ဟိုးအရင်တုန်းက ကိုယ်နဲ့တွဲခဲ့တဲ့ သူငယ်ချင်းနှစ်ယောက်ဆီ အရောက်သွားပါ။ ဟိုးအရင်တုန်းကလို စကားတွေပြောပြီး သူတို့နဲ့ အချိန်ကုန်ဆုံးလိုက်ပါ။

၁၀။ ဘာသာစကားတစ်မျိုးမျိုးကို လေ့လာနိုင်အောင် ကြိုးစားပါ။

၁၁။ တစ်ပတ်ကို ဆောင်းပါး သုံးပုဒ်အနည်းဆုံး ဖတ်ဖြစ်ပါစေ။

၁၂။ အသင်းအဖွဲ့တွေ ဝင်ထားပြီး မသွားဖြစ်တာမျိုး၊ အဆက်အသွယ်မလုပ်ဖြစ်တာမျိုးရှိတယ်ဆိုရင် အဲ့ဒီအသင်းအဖွဲ့တွေကို ပြန်ဆက်သွယ်ပါ။ သူတို့နဲ့သွားတွေ့ပါ။

၁၃။ တစ်လတစ်ခါ ကိုယ်သုံးခဲ့တဲ့ အသုံးစရိတ်နဲ့ ဘေလ်တွေကိုကြည့်ပြီး ဘယ်အရာကိုလျှော့ချပစ်နိုင်မလဲဆိုတာ တွေးပါ။

၁၄။ တစ်လကို ဘယ်လောက်တော့ ငါပိုက်ဆံစုမယ်ဆိုပြီးတွေးပါ။ အကောင်အထည်ဖော်ပါ။

၁၅။ ဟိုးအရင်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ အားလပ်ရက်ခရီးအတွက် ဘိုကင်လုပ်လိုက်ပါ။ အချိန်ထပ်မဆွဲပါနဲ့တော့။

၁၆။ မွေးနေ့ဆုတောင်းကတ်လေးတွေ၊ ကျေးဇူးတင်ကြောင်းရေးသားထားတဲ့ ကတ်လေးတွေ ဝယ်ထားပြီး သင်တကယ်ပေးစရာရှိတဲ့အခါ ဒါလေးတွေကို ပေးဖြစ်အောင်ပေးဖို့ မမေ့ပါနဲ့။

၁၇။ ဘာမဟုတ်တဲ့အရာလေးတွေအတွက် တောင်းပန်စကားတွေ တဖွဖွပြောတတ်တဲ့အကျင့်ကို မေ့ပစ်လိုက်ပါ။ ဘဝကို နေပျော်အောင် ထိုက်တန်အောင် နေပစ်လိုက်စမ်းပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top