iMyanmarHouse.com - Best Property Website for Myanmar
×

ဒီလို အျဖစ္မ်ိဳး ခင္ဗ်ားတို႕ရဲ႕ အိမ္မွာ ျဖစ္ဖူးပါသလား

ပန္းသီး ( ဒါမွမဟုတ္ ) ေပါင္မုန္႕ ၊ ကိတ္မုန္႕ ေတြကို စားဖို႕ စားပဲြေပၚမွာ တင္ထားတယ္။ လူေတြကလည္း စားပဲြနားမွာ ထိုင္ေနၾကတယ္။ သိပ္မၾကာဘူး စားပဲြေပၚက တင္ထားတဲ့ ဟာေတြ အကုန္ကုန္သြားေလေရာ။ ဒါဟာ ဘာျဖစ္လုိ႕လဲ။ ဘယ္သူမွ မဆာၾကေပမယ့္ သူတို႕အားလံုး စားပစ္လုိက္ၾကတယ္။ ပန္းသီး ( သို႕မဟုတ္ ) ကိတ္မုန္႕က စားပဲြေပၚမွာ ရွိေနတာကိုး။

ေနာက္ထပ္ အျဖစ္မ်ိဳး ခင္ဗ်ား ဒီလို ျဖစ္ဖူးပါသလား

လစာေငြထုတ္လာတယ္။ သိပ္မၾကာလုိက္ဘူး ပိုက္ဆံေတြ ေျပာင္ပါေလေရာ။ တကယ္ သံုးစရာ မလိုေပမယ့္လည္း သံုးလုိက္မိတယ္။ ဒါလည္း ဘာေၾကာင့္လည္း ဆိုေတာ့ ပိုက္ဆံက ကိုယ့္လက္ထဲမွာ ရွိေနတာကိုး။

တကယ္လို႕မ်ား ခင္ဗ်ားဟာ ကိတ္မုန္႕ကို မနက္ျဖန္အတြက္ ခ်န္ထားခ်င္တယ္ဆိုရင္ စားပဲြေပၚ မတင္ခင္ ပထမဆံုး တခ်ိဳ႕တ၀က္ လွီးထားျပီး ဘယ္သူမွ လက္နဲ႔ မတို႕နိင္ခင္ ေရခဲေသတၱာထဲ သိမ္းထားခဲ့မယ္ ဆိုရင္ ၊ လခထုတ္လာတဲ့ ပိုက္ဆံ အားလံုးကုိ ပုိက္ဆံအိတ္ထဲ မထည့္ထားပဲ စုထား ၊ သိမ္းထားခဲ့မယ္ ဆိုရင္။

ဒါဟာ လြယ္ကူတဲ့ နည္းဗ်ဳဟာ တစ္ခုပါ

ကၽြန္ေတာ္ ၀င္ေငြနည္းနည္းပဲ ရတယ္လို႕ ဆင္ေျခမေပးပါနဲ႔ ။ နည္းနည္းစရ နည္းနည္း စစု။ ေနာက္ေတာ့ မ်ားမ်ား ျဖစ္လာလိမ့္မယ္။ ကၽြန္ေတာ္တို႕ လူေတာ္ေတာ္ မ်ားမ်ား ပိုက္ဆံေတြ အမ်ားၾကီး ရွာနိင္ၾကပါတယ္။ ဒါေပမယ့္ လူတစ္ခ်ိဳ႕သာ ပိုက္ဆံ အမ်ားၾကီး စုနိင္တယ္။ “ ပိုက္ဆံေတြ အမ်ားၾကီး ရတဲ့ အခါစုမယ္ ” လို႕ သင္က ေျပာရင္ စုျဖစ္ခ်င္မွ စုျဖစ္ေတာ့မယ္။ ေငြစုတဲ့ အက်င့္ကို အခုခ်ိန္ကစပါ။

“ ခ်မ္းသာတဲ့ လူနဲ႔ ဆင္းရဲ႕တဲ့လူ ကြာျခားတာက ဆင္းရဲ႕တဲ့လူေတြက သံုးျပီးမွ က်န္တာကို စုၾကတယ္။ ခ်မ္းသာတဲ့ လူေတြက ဦးစြာ စုေဆာင္းျပီးမွ သံုးၾကတယ္ ”

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit :thutazone

#Unicode Version

ဒီလို အဖြစ်မျိုး ခင်ဗျားတို့ရဲ့ အိမ်မှာ ဖြစ်ဖူးပါသလား

ပန်းသီး ( ဒါမှမဟုတ် ) ပေါင်မုန့် ၊ ကိတ်မုန့် တွေကို စားဖို့ စားပွဲပေါ်မှာ တင်ထားတယ်။ လူတွေကလည်း စားပွဲနားမှာ ထိုင်နေကြတယ်။ သိပ်မကြာဘူး စားပွဲပေါ်က တင်ထားတဲ့ ဟာတွေ အကုန်ကုန်သွားလေရော။ ဒါဟာ ဘာဖြစ်လို့လဲ။ ဘယ်သူမှ မဆာကြပေမယ့် သူတို့အားလုံး စားပစ်လိုက်ကြတယ်။ ပန်းသီး ( သို့မဟုတ် ) ကိတ်မုန့်က စားပွဲပေါ်မှာ ရှိနေတာကိုး။

နောက်ထပ် အဖြစ်မျိုး ခင်ဗျား ဒီလို ဖြစ်ဖူးပါသလား

လစာငွေထုတ်လာတယ်။ သိပ်မကြာလိုက်ဘူး ပိုက်ဆံတွေ ပြောင်ပါလေရော။ တကယ် သုံးစရာ မလိုပေမယ့်လည်း သုံးလိုက်မိတယ်။ ဒါလည်း ဘာကြောင့်လည်း ဆိုတော့ ပိုက်ဆံက ကိုယ့်လက်ထဲမှာ ရှိနေတာကိုး။

တကယ်လို့များ ခင်ဗျားဟာ ကိတ်မုန့်ကို မနက်ဖြန်အတွက် ချန်ထားချင်တယ်ဆိုရင် စားပွဲပေါ် မတင်ခင် ပထမဆုံး တချို့တဝက် လှီးထားပြီး ဘယ်သူမှ လက်နဲ့ မတို့နိင်ခင် ရေခဲသေတ္တာထဲ သိမ်းထားခဲ့မယ် ဆိုရင် ၊ လခထုတ်လာတဲ့ ပိုက်ဆံ အားလုံးကို ပိုက်ဆံအိတ်ထဲ မထည့်ထားပဲ စုထား ၊ သိမ်းထားခဲ့မယ် ဆိုရင်။

ဒါဟာ လွယ်ကူတဲ့ နည်းဗျုဟာ တစ်ခုပါ

ကျွန်တော် ဝင်ငွေနည်းနည်းပဲ ရတယ်လို့ ဆင်ခြေမပေးပါနဲ့ ။ နည်းနည်းစရ နည်းနည်း စစု။ နောက်တော့ များများ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ လူတော်တော် များများ ပိုက်ဆံတွေ အများကြီး ရှာနိင်ကြပါတယ်။ ဒါပေမယ့် လူတစ်ချို့သာ ပိုက်ဆံ အများကြီး စုနိင်တယ်။ “ ပိုက်ဆံတွေ အများကြီး ရတဲ့ အခါစုမယ် ” လို့ သင်က ပြောရင် စုဖြစ်ချင်မှ စုဖြစ်တော့မယ်။ ငွေစုတဲ့ အကျင့်ကို အခုချိန်ကစပါ။

“ ချမ်းသာတဲ့ လူနဲ့ ဆင်းရဲ့တဲ့လူ ကွာခြားတာက ဆင်းရဲ့တဲ့လူတွေက သုံးပြီးမှ ကျန်တာကို စုကြတယ်။ ချမ်းသာတဲ့ လူတွေက ဦးစွာ စုဆောင်းပြီးမှ သုံးကြတယ် ”

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :thutazone
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top