iMyanmarHouse.com - Best Property Website for Myanmar
×

နာမည္ေက်ာ္ ေတာင္ကိုရီး ယားမင္းသား လီမင္ဟုိက ၎ပါ ၀င္သ႐ုပ္ေဆာင္ခဲ့ေသာ The Legend of the Blue Sea ဇာတ္ လမ္းတဲြ ေအာင္ျမင္မႈအတြက္ ပရိ သတ္မ်ားအား ေက်းဇူးတင္ ေၾကာင္း ေျပာၾကားသည္။

SBS ႐ုပ္သံလိုင္းက ယင္း ဒရာမာ ဇာတ္လမ္းတဲြကို ဇန္န၀ါ ၇ီ ၂၅ ရက္တြင္ ထုတ္လႊင့္ၿပီးစီးခဲ့ သည္။ ဇန္န၀ါရီ ၂၆ ရက္တြင္ လီမင္ဟိုက ထိုဇာတ္လမ္းတဲြကို အားေပးခဲ့သည့္ ပရိသတ္မ်ား အား ေက်းဇူးတင္ေၾကာင္း ၎၏ အႏုပညာကုမၸဏီမွတစ္ဆင့္ ေျပာ ၾကားသည္။

‘‘ဒီဇာတ္လမ္းတဲြမွာ ဂၽြန္း ဂ်ယ္ဇာတ္ေကာင္အေနနဲ႔ ငါးလ ေလာက္ေနရတာ အရမ္းကို ေပ်ာ္ ရႊင္စရာေကာင္းပါတယ္။ ေႏြး ေထြးတဲ့ ႏွလံုးသားေတြနဲ႔ သ႐ုပ္ ေဆာင္လီမင္ဟုိအျဖစ္ တစ္ ေလွ်ာက္လံုး ေစာင့္ၾကည့္အား ေပးတဲ့ ပရိသတ္ေတြမရွိရင္ ကၽြန္ ေတာ္လည္း ဒီေနရာမွာ မရပ္ တည္ႏုိင္ပါဘူး။ ကၽြန္ေတာ့္ကို အႏုပညာအလုပ္ေတြ လုပ္ခြင့္ ေပးတဲ့၊ အားေပးတဲ့ပရိသတ္ေတြ ကို ကၽြန္ေတာ္ ဘယ္ေတာ့မွ ေမ့ မွာမဟုတ္ပါဘူး။’’

ထိုဒရာမာဇာတ္လမ္းတဲြၿပီး ေနာက္ လီမင္ဟုိက ေဖေဖာ္၀ါရီ ၁၈ ရက္ႏွင့္ ၁၉ ရက္တြင္ ဆုိးလ္ ၿမိဳ႕၌ ၎၏ ပရိသတ္မ်ားႏွင့္ ေတြ႕ဆံုရန္ စီစဥ္ထားေၾကာင္း သိ ရသည္။

မင္းသား လီမင္ဟိုႏွင့္ မင္း သမီး ဂ်န္ဂ်ီယြန္တို႔ အဓိကပါ၀င္ သ႐ုပ္ေဆာင္ထားေသာ The Legend of the Blue Sea ဇာတ္ လမ္းတဲြသည္ ဒ႑ာရီဆန္ေသာ ေရသူမႏွင့္ လူသားတို႔ အခ်စ္ ဇာတ္လမ္းကို ပံုေဖာ္႐ိုက္ကူထား ၿပီး ပရိသတ္အားေပးမႈ အမ်ားအ  ျပားရရွိခဲ့သည္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version

နာမည်ကျော် တောင်ကိုရီး ယားမင်းသား လီမင်ဟိုက ၎င်းပါ ဝင်သရုပ်ဆောင်ခဲ့သော The Legend of the Blue Sea ဇာတ် လမ်းတွဲ အောင်မြင်မှုအတွက် ပရိ သတ်များအား ကျေးဇူးတင် ကြောင်း ပြောကြားသည်။

SBS ရုပ်သံလိုင်းက ယင်း ဒရာမာ ဇာတ်လမ်းတွဲကို ဇန်နဝါ ရီ ၂၅ ရက်တွင် ထုတ်လွှင့်ပြီးစီးခဲ့ သည်။ ဇန်နဝါရီ ၂၆ ရက်တွင် လီမင်ဟိုက ထိုဇာတ်လမ်းတွဲကို အားပေးခဲ့သည့် ပရိသတ်များ အား ကျေးဇူးတင်ကြောင်း ၎င်း၏ အနုပညာကုမ္ပဏီမှတစ်ဆင့် ပြော ကြားသည်။

‘‘ဒီဇာတ်လမ်းတွဲမှာ ဂျွန်း ဂျယ်ဇာတ်ကောင်အနေနဲ့ ငါးလ လောက်နေရတာ အရမ်းကို ပျော် ရွှင်စရာကောင်းပါတယ်။ နွေး ထွေးတဲ့ နှလုံးသားတွေနဲ့ သရုပ် ဆောင်လီမင်ဟိုအဖြစ် တစ် လျှောက်လုံး စောင့်ကြည့်အား ပေးတဲ့ ပရိသတ်တွေမရှိရင် ကျွန် တော်လည်း ဒီနေရာမှာ မရပ် တည်နိုင်ပါဘူး။ ကျွန်တော့်ကို အနုပညာအလုပ်တွေ လုပ်ခွင့် ပေးတဲ့၊ အားပေးတဲ့ပရိသတ်တွေ ကို ကျွန်တော် ဘယ်တော့မှ မေ့ မှာမဟုတ်ပါဘူး။’’

ထိုဒရာမာဇာတ်လမ်းတွဲပြီး နောက် လီမင်ဟိုက ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တွင် ဆိုးလ် မြို့၌ ၎င်း၏ ပရိသတ်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိ ရသည်။

မင်းသား လီမင်ဟိုနှင့် မင်း သမီး ဂျန်ဂျီယွန်တို့ အဓိကပါဝင် သရုပ်ဆောင်ထားသော The Legend of the Blue Sea ဇာတ် လမ်းတွဲသည် ဒဏ္ဍာရီဆန်သော ရေသူမနှင့် လူသားတို့ အချစ် ဇာတ်လမ်းကို ပုံဖော်ရိုက်ကူထား ပြီး ပရိသတ်အားပေးမှု အများအ  ပြားရရှိခဲ့သည်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top