iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္၍ သင့္ရဲ႕တံေထြးေတြ ဟာ အရမ္းပ်စ္ခြ်ဲေနမယ္ ။ ႏႈတ္ခမ္း ေတြ ေျခာက္ေနမယ္ ။ ႏႈတ္ခမ္း အေရ ျပားေတြ ကြာမယ္ ။ သင့္ရဲ႕လွ်ာေပၚ မွာ အျဖဴေရာင္အဖတ္ေတြ ျဖစ္ေပၚ ေနမယ္။ ခံတြင္းနံ႔ဆိုးေနမယ္။ သြား ဖံုးေတြ နီရဲေရာင္ရမ္းေနမယ္၊ အစပ္ စားလို႔မရဘူး။ အၿမဲေရငတ္ ေနမယ္ စတဲ့လကၡဏာေတြ ခံစားေနရမယ္ ဆိုရင္ ဒါဟာ ခံတြင္းေျခာက္ျခင္း  (Dry mouth ) ရဲ႕ လကၡဏာေတြ ျဖစ္ပါတယ္ ။

 ဒီလိုခံတြင္းေျခာက္ကပ္ ေနရင္ ေနရထိုင္ရ မသက္သာျဖစ္႐ံု သာမက ယင္းက သြားပိုးစားျခင္း ၊ ပါး စပ္တြင္းမိႈပိုးကူးစက္ခံရမႈတို႔အား ျမင့္တက္ေစႏိုင္ၿပီး စကားေျပာစဥ္ မ်ိဳခ်စဥ္ သြားႏွင့္ပတ္သက္သည့္ကိရိ ယာမ်ားတပ္ဆင္ခ်ိန္တို႔၌ ျပႆနာ ျဖစ္ ေစႏိုင္သည္။ ထို႔ျပင္ ယင္းက ဆီးခ်ိဳ၊ ေသြးတိုး၊ ေသြးအားနည္း ေရာဂါ၊ အယ္ဇိုင္းမား၊ ပါကင္ဆန္၊ ေလးဖက္နာ အဆစ္ေရာင္၊ ပါးခ်ိတ္ ေရာင္ေရာဂါနဲ႔ အျခားေသာမိမိခုခံ အားစနစ္က မိမိကိုယ္ကို ျပန္တိုက္ ေသာေရာဂါမ်ား၏ လကၡဏာတစ္ခု ျဖစ္ႏိုင္ေပ သည္။

ဒါ့အျပင္ေခ်ာင္းဆိုး၊ ဖ်ားနာရာတြင္ သံုးသည့္ေဆးမ်ား၊ ေသြးတိုး၊ ဝမ္းပ်က္ေရာဂါမ်ားတြင္ သံုးေသာ ေဆးမ်ား ၊ ႄကြက္သားေပ်ာ့ ေျပာင္းေစေသာေဆးမ်ား၊ ကင္ဆာ ေဆးမ်ားကလည္း ယင္းကဲ့သို႔လကၡဏာ မ်ားကို ခံစားရေစႏိုင္သည္ ။ ထို႔ျပင္ ဦးေခါင္းႏွင့္လည္ေခ်ာင္းခြဲ စိတ္ထား သူမ်ားတြင္လည္း ခံတြင္းေျခာက္ျခင္း ကို ခံစားရႏိုင္သည္ ။ ေဆးလိပ္၊ ေဆးရြက္ႀကီးႏွင့္ အရက္ေသာက္ျခင္း တို႔က ခံတြင္းေျခာက္ျခင္း ကို ျဖစ္ေစ ႏိုင္သည္ ။ ထို႔ေၾကာင့္ ေနာက္ တစ္ ႀကိမ္တြင္ ခံတြင္းေျခာက္သည့္ လကၡဏာ အား အခ်ိန္ကာလတစ္ခုအထိ ၾကာ ျမင့္စြာခံစားလာရပါက ဆရာဝန္နဲ႔ တိုင္ ပင္သင့္ေပသည္ ။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal

#Unicode Version

အကယ်၍ သင့်ရဲ့တံထွေးတွေ ဟာ အရမ်းပျစ်ချွဲနေမယ် ။ နှုတ်ခမ်း တွေ ခြောက်နေမယ် ။ နှုတ်ခမ်း အရေ ပြားတွေ ကွာမယ် ။ သင့်ရဲ့လျှာပေါ် မှာ အဖြူရောင်အဖတ်တွေ ဖြစ်ပေါ် နေမယ်။ ခံတွင်းနံ့ဆိုးနေမယ်။ သွား ဖုံးတွေ နီရဲရောင်ရမ်းနေမယ်၊ အစပ် စားလို့မရဘူး။ အမြဲရေငတ် နေမယ် စတဲ့လက္ခဏာတွေ ခံစားနေရမယ် ဆိုရင် ဒါဟာ ခံတွင်းခြောက်ခြင်း  (Dry mouth ) ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ် ။

 ဒီလိုခံတွင်းခြောက်ကပ် နေရင် နေရထိုင်ရ မသက်သာဖြစ်ရုံ သာမက ယင်းက သွားပိုးစားခြင်း ၊ ပါး စပ်တွင်းမှိုပိုးကူးစက်ခံရမှုတို့အား မြင့်တက်စေနိုင်ပြီး စကားပြောစဉ် မျိုချစဉ် သွားနှင့်ပတ်သက်သည့်ကိရိ ယာများတပ်ဆင်ချိန်တို့၌ ပြဿနာ ဖြစ် စေနိုင်သည်။ ထို့ပြင် ယင်းက ဆီးချို၊ သွေးတိုး၊ သွေးအားနည်း ရောဂါ၊ အယ်ဇိုင်းမား၊ ပါကင်ဆန်၊ လေးဖက်နာ အဆစ်ရောင်၊ ပါးချိတ် ရောင်ရောဂါနဲ့ အခြားသောမိမိခုခံ အားစနစ်က မိမိကိုယ်ကို ပြန်တိုက် သောရောဂါများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်ပေ သည်။

ဒါ့အပြင်ချောင်းဆိုး၊ ဖျားနာရာတွင် သုံးသည့်ဆေးများ၊ သွေးတိုး၊ ဝမ်းပျက်ရောဂါများတွင် သုံးသော ဆေးများ ၊ ကြွက်သားပျော့ ပြောင်းစေသောဆေးများ၊ ကင်ဆာ ဆေးများကလည်း ယင်းကဲ့သို့လက္ခဏာ များကို ခံစားရစေနိုင်သည် ။ ထို့ပြင် ဦးခေါင်းနှင့်လည်ချောင်းခွဲ စိတ်ထား သူများတွင်လည်း ခံတွင်းခြောက်ခြင်း ကို ခံစားရနိုင်သည် ။ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သောက်ခြင်း တို့က ခံတွင်းခြောက်ခြင်း ကို ဖြစ်စေ နိုင်သည် ။ ထို့ကြောင့် နောက် တစ် ကြိမ်တွင် ခံတွင်းခြောက်သည့် လက္ခဏာ အား အချိန်ကာလတစ်ခုအထိ ကြာ မြင့်စွာခံစားလာရပါက ဆရာဝန်နဲ့ တိုင် ပင်သင့်ပေသည် ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top