iMyanmarHouse.com - Best Property Website for Myanmar
×

  ႏွလံုးအနီးတြင္ အဆီတစ္မ်ိဳး စုေ၀းလာျခင္းသည္ ေသြးဆံုးၿပီး အမ်ိဳးသမီးမ်ားတြင္
 ႏွလံုးေရာဂါျဖစ္ပြားႏိုင္သည့္ လကၡ ဏာတစ္ရပ္ျဖစ္ႏိုင္သည္ဟု ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပ သည္။ ေသြးဆံုးခ်ိန္တြင္ အက္စထ႐ိုဂ်င္ဓာတ္မ်ား က်သြားသျဖင့္ ႏွလံုးအနီးတစ္၀ိုက္၌ အဆီအခ်ိဳ႕ စုေ၀းလာေၾကာင္း သုေတသီမ်ား က ေတြ႕ရွိခဲ့သည္။

ယင္းအတြက္ ႏွလံုးေသြးေၾကာမႀကီးမ်ားတြင္ ကယ္လ္ဆီယမ္ ဓာတ္မ်ား စုေ၀းလာၿပီး ယင္းမွာ ႏွလံုးေရာဂါ၏ ေရွ႕ေျပးလကၡဏာ တစ္ရပ္ျဖစ္သည္။


Pericardial အဆီမ်ားသည္ ေသြးဆံုးၿပီး အမ်ိဳးသမီးမ်ားတြင္ ကယ္လ္ဆီယမ္စုေ၀းမႈကို ျဖစ္ေစသည္ဟု ၀မ္စဘာ့ဂ္တကၠသိုလ္ ျပည္သူ႔က်န္းမာေရးဘဲြ႕လြန္ေက်ာင္းမွကူးစက္ေရာဂါဌာန၏လက္ ေထာက္ပါေမာကၡ
 ဆာမာအယ္လ္ကူဒါရီကေျပာသည္။

ေသြးမဆံုးမီ အမ်ိဳးသမီးမ်ားတြင္ အဆုိပါအဆီ အမ်ိဳးအစား ေတြ႕ရွိရေသာ္လည္း ေသြးဆံုးၿပီး အက္စထ႐ိုဂ်င္ဓာတ္ နည္းပါးသြား ခ်ိန္၌ ယင္းအဆီမ်ား ပိုမိုမ်ားျပားလာသည္ဟု ၎ကရွင္းျပသည္။

အက္စထ႐ိုဂ်င္ဓာတ္ ေလ်ာ့က်သြားၿပီး ႏွလံုးအနီး၌ အဆီမ်ား ျပားလာျခင္းသည္ ေသြးဆံုးျခင္း၏ သဘာ၀အျဖစ္အပ်က္ျဖစ္ ေၾကာင္းႏွင့္ ေသြးဆံုးခါနီး ေဟာ္မုန္းေျပာင္းလဲမႈကို စတင္ခံစား သိရွိလာခ်ိန္တြင္ ႏွလံုးေရာဂါအႏၲရာယ္မ်ားကို ထိန္းခ်ဳပ္ရန္ လိုအပ္ သည္ဟု နယူးေယာက္ၿမိဳ႕ လီေနာ့စ္ဟီးလ္ေဆး႐ံု အမ်ိဳးသမီးႏွလံုး က်န္းမာေရးဌာန ဒါ႐ိုက္တာဆူဇန္စတိန္ေတာင္းကေျပာသည္။

ယင္းသို႔ ထိန္းခ်ဳပ္မႈမ်ားတြင္ ေသြးတိုးျခင္း၊ ကိုလက္စထေရာ ဓာတ္ႏွင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ျခင္းမ်ား ပါ၀င္ၿပီး က်န္းမာေရး ႏွင့္ညီၫြတ္စြာစားျခင္းႏွင့္ ေလ့က်င့္ခန္းျပဳလုပ္ျခင္းတုိ႔သည္လည္း ႏွလံုးေရာဂါ အႏၲရာယ္ကို ေလွ်ာ့ခ်ႏိုင္သည္ဟု စတိန္းေတာင္းကေျပာသည္။                                                 

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:7Day Daily

#Unicode Version
  နှလုံးအနီးတွင် အဆီတစ်မျိုး စုဝေးလာခြင်းသည် သွေးဆုံးပြီး အမျိုးသမီးများတွင် နှလုံးရောဂါဖြစ်ပွားနိုင်သည့် လက္ခ ဏာတစ်ရပ်ဖြစ်နိုင်သည်ဟု လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြ သည်။ သွေးဆုံးချိန်တွင် အက်စထရိုဂျင်ဓာတ်များ ကျသွားသဖြင့် နှလုံးအနီးတစ်ဝိုက်၌ အဆီအချို့ စုဝေးလာကြောင်း သုတေသီများ က တွေ့ရှိခဲ့သည်။

ယင်းအတွက် နှလုံးသွေးကြောမကြီးများတွင် ကယ်လ်ဆီယမ် ဓာတ်များ စုဝေးလာပြီး ယင်းမှာ နှလုံးရောဂါ၏ ရှေ့ပြေးလက္ခဏာ တစ်ရပ်ဖြစ်သည်။


Pericardial အဆီများသည် သွေးဆုံးပြီး အမျိုးသမီးများတွင် ကယ်လ်ဆီယမ်စုဝေးမှုကို ဖြစ်စေသည်ဟု ဝမ်စဘာ့ဂ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဘွဲ့လွန်ကျောင်းမှ ကူးစက်ရောဂါဌာန၏ လက် ထောက်ပါမောက္ခ ဆာမာအယ်လ်ကူဒါရီကပြောသည်။

သွေးမဆုံးမီ အမျိုးသမီးများတွင် အဆိုပါအဆီ အမျိုးအစား တွေ့ရှိရသော်လည်း သွေးဆုံးပြီး အက်စထရိုဂျင်ဓာတ် နည်းပါးသွား ချိန်၌ ယင်းအဆီများ ပိုမိုများပြားလာသည်ဟု ၎င်းကရှင်းပြသည်။

အက်စထရိုဂျင်ဓာတ် လျော့ကျသွားပြီး နှလုံးအနီး၌ အဆီများ ပြားလာခြင်းသည် သွေးဆုံးခြင်း၏ သဘာဝအဖြစ်အပျက်ဖြစ် ကြောင်းနှင့် သွေးဆုံးခါနီး ဟော်မုန်းပြောင်းလဲမှုကို စတင်ခံစား သိရှိလာချိန်တွင် နှလုံးရောဂါအန္တရာယ်များကို ထိန်းချုပ်ရန် လိုအပ် သည်ဟု နယူးယောက်မြို့ လီနော့စ်ဟီးလ်ဆေးရုံ အမျိုးသမီးနှလုံး ကျန်းမာရေးဌာန ဒါရိုက်တာဆူဇန်စတိန်တောင်းကပြောသည်။

ယင်းသို့ ထိန်းချုပ်မှုများတွင် သွေးတိုးခြင်း၊ ကိုလက်စထရော ဓာတ်နှင့် ကိုယ်အလေးချိန် လျှော့ချခြင်းများ ပါဝင်ပြီး ကျန်းမာရေး နှင့်ညီညွတ်စွာစားခြင်းနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့သည်လည်း နှလုံးရောဂါ အန္တရာယ်ကို လျှော့ချနိုင်သည်ဟု စတိန်းတောင်းကပြောသည်။                                                 


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:7Day Daily

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top