iMyanmarHouse.com - Best Property Website for Myanmar
×

ကမၻာ့အႀကီးက်ယ္ဆံုး အလွမယ္ၿပိဳင္ပြဲတစ္ခုျဖစ္သည့္ မယ္စၾကဝဠာၿပိဳင္ပြဲတြင္ ျမန္မာ ႏုိင္ငံအတြက္ ဆုတစ္ဆု ရယူႏိုင္ ေသာ ထက္ထက္ထြန္း၏ ျပည္ ေတာ္ျပန္ခရီးကို ျမန္မာျပည္သူ မ်ားက ႐ုပ္ေသး႐ုပ္မ်ားျဖင့္ ျပင္ ဆင္၍ ႀကိဳဆိုခဲ့ၾကသည္။

ဇန္နဝါရီ ၃၀ ရက္က ဖိလစ္ ပိုင္ႏုိင္ငံတြင္ က်င္းပခဲ့သည့္ မယ္ စၾကဝဠာ ၂၀၁၆ ၿပိဳင္ပြဲ၌ ၈၆ ႏိုင္ငံမွ အလွမယ္မ်ား ပါဝင္ယွဥ္ၿပိဳင္ၿပီး ျမန္မာႏုိင္ငံကိုယ္စားျပဳ အလွမယ္ထက္ထက္ထြန္းက NationalCostume (အမ်ိဳးသားဝတ္စံု)ဆု ရယူႏိုင္ခဲ့သည္။

ဇာတ္စင္ေပၚတြင္ ကျပေန သည့္ ျမန္မာ့႐ုပ္ေသးစင္ပံုစံႏွင့္ ႐ုပ္ေသးမင္းသမီးပံုစံ ျပင္ဆင္ ထားေသာ ထက္ထက္ထြန္း၏ National Costume ဝတ္စံုကို ပရိသတ္အားေပးမႈမ်ားျပားခဲ့ျခင္း ေၾကာင့္ မယ္စၾကဝဠာၿပိဳင္ပြဲ သမုိင္းတစ္ေလွ်ာက္တြင္ ပထမ ဆံုးအႀကိမ္အျဖစ္ ပြဲမတုိင္မီတစ္ ရက္ေစာ၍ ဆုရရွိသူအား ေၾက ညာခဲ့သကဲ့သုိ႔ ဝတ္စံုျပည့္အစမ္းေလ့က်င့္သည့္ေန႔တြင္ အဆုိပါ ဝတ္စံုကို ျပန္လည္ဝတ္ဆင္ကာ ျပသေစခဲ့သည္။ ထို႔အျပင္ မယ္ စၾကဝဠာၿပိဳင္ပြဲတြင္ အစမ္းေလ့က်င့္ေသာေန႔က ႐ိုက္ကူးထား သည့္ ဗီဒီယိုကို ျပန္လည္ထုတ္ လႊင့္ျပသခဲ့သည္။ ယခင္ႏွစ္မ်ား က National Costume အေနျဖင့္ ဆုရရွိသူဓာတ္ပံုသာ ျပသျခင္း ျဖစ္ၿပီး ယခုႏွစ္မွသာ အထက္ပါကဲ့သုိ႔ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ထက္ထက္ထြန္း၏ အျပန္ ခရီးကို ၎၏ သူငယ္ခ်င္းအလွ မယ္မ်ားႏွင့္အတူ မိတ္ေဆြမ်ား၊ ပရိသတ္မ်ားႏွင့္ မယ္စၾကဝဠာ ျမန္မာအဖြဲ႕အစည္းတုိ႔က လာ ေရာက္ႀကိဳဆိုခဲ့ၿပီး ထက္ထက္ ထြန္း ဆုရရွိခဲ့သည့္ ႐ုပ္ေသး႐ုပ္ မ်ားျဖင့္ ႀကိဳဆိုခဲ့ၾကသည္။

ထက္ထက္ထြန္းကလည္း ၿပိဳင္ပြဲတြင္ ဆုရရွိခဲ့သည့္ မင္းသမီးဝတ္စံုကို ဝတ္ဆင္ခဲ့ၿပီး ၎ကို လာေရာက္ႀကိဳဆိုသူမ်ားအား ၿပိဳင္ပြဲ၌ ကျပခဲ့သည့္ပံုစံအတုိင္း ေလ ဆိပ္တြင္ ကျပခဲ့သည္။

ျမန္မာႏုိင္ငံအေနျဖင့္ မယ္ စၾကဝဠာၿပိဳင္ပြဲကို ၿပီးခဲ့သည့္ ၂၀၁၃ တြင္ ျပန္လည္ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ယခုႏွစ္သည္ ေလးႏွစ္အတြင္း အေအာင္ျမင္ဆံုးႏွစ္ တစ္ႏွစ္ျဖစ္ခဲ့ေၾကာင္း မယ္စၾကဝဠာ ျမန္မာအဖြဲ႕အစည္း၏ Na-tional Director ေဒၚစိုးယုေဝက ေျပာသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: 7Day Daily

#Unicode Version
ကမ္ဘာ့အကြီးကျယ်ဆုံး အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာ နိုင်ငံအတွက် ဆုတစ်ဆု ရယူနိုင် သော ထက်ထက်ထွန်း၏ ပြည် တော်ပြန်ခရီးကို မြန်မာပြည်သူ များက ရုပ်သေးရုပ်များဖြင့် ပြင် ဆင်၍ ကြိုဆိုခဲ့ကြသည်။

ဇန်နဝါရီ ၃၀ ရက်က ဖိလစ် ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် မယ် စကြဝဠာ ၂၀၁၆ ပြိုင်ပွဲ၌ ၈၆ နိုင်ငံမှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်ပြီး မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်ထက်ထက်ထွန်းက NationalCostume (အမျိုးသားဝတ်စုံ)ဆု ရယူနိုင်ခဲ့သည်။

ဇာတ်စင်ပေါ်တွင် ကပြနေ သည့် မြန်မာ့ရုပ်သေးစင်ပုံစံနှင့် ရုပ်သေးမင်းသမီးပုံစံ ပြင်ဆင် ထားသော ထက်ထက်ထွန်း၏ National Costume ဝတ်စုံကို ပရိသတ်အားပေးမှုများပြားခဲ့ခြင်း ကြောင့် မယ်စကြဝဠာပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ပထမ ဆုံးအကြိမ်အဖြစ် ပွဲမတိုင်မီတစ် ရက်စော၍ ဆုရရှိသူအား ကြေ ညာခဲ့သကဲ့သို့ ဝတ်စုံပြည့်အစမ်းလေ့ကျင့်သည့်နေ့တွင် အဆိုပါ ဝတ်စုံကို ပြန်လည်ဝတ်ဆင်ကာ ပြသစေခဲ့သည်။ ထို့အပြင် မယ် စကြဝဠာပြိုင်ပွဲတွင် အစမ်းလေ့ကျင့်သောနေ့က ရိုက်ကူးထား သည့် ဗီဒီယိုကို ပြန်လည်ထုတ် လွှင့်ပြသခဲ့သည်။ ယခင်နှစ်များ က National Costume အနေဖြင့် ဆုရရှိသူဓာတ်ပုံသာ ပြသခြင်း ဖြစ်ပြီး ယခုနှစ်မှသာ အထက်ပါကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထက်ထက်ထွန်း၏ အပြန် ခရီးကို ၎င်း၏ သူငယ်ချင်းအလှ မယ်များနှင့်အတူ မိတ်ဆွေများ၊ ပရိသတ်များနှင့် မယ်စကြဝဠာ မြန်မာအဖွဲ့အစည်းတို့က လာ ရောက်ကြိုဆိုခဲ့ပြီး ထက်ထက် ထွန်း ဆုရရှိခဲ့သည့် ရုပ်သေးရုပ် များဖြင့် ကြိုဆိုခဲ့ကြသည်။

ထက်ထက်ထွန်းကလည်း ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် မင်းသမီးဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး ၎င်းကို လာရောက်ကြိုဆိုသူများအား ပြိုင်ပွဲ၌ ကပြခဲ့သည့်ပုံစံအတိုင်း လေ ဆိပ်တွင် ကပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် မယ် စကြဝဠာပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၃ တွင် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်သည် လေးနှစ်အတွင်း အအောင်မြင်ဆုံးနှစ် တစ်နှစ်ဖြစ်ခဲ့ကြောင်း မယ်စကြဝဠာ မြန်မာအဖွဲ့အစည်း၏ Na-tional Director ဒေါ်စိုးယုဝေက ပြောသည်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: 7Day Daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top