iMyanmarHouse.com - Best Property Website for Myanmar
×









Credit: Trend Myanmar

#Unicode Version
စူပါမားကစ်မှာ တင်ရောင်းနေတဲ့ လက်ဖက်ရည်ထုပ်မျိုးစုံမှာ ဖလူအိုရိုက်ဒ် ပါဝင်နှုန်းမြင့်နေတယ်လို့

 လေ့လာမှုတွေက သုံးသပ်ထားပါတယ်။

ဖလူအိုရိုက်ဒ်ဟာ အရိုးနဲ့သွား ကျန်းမာရေးအတွက် မရှိမဖြစ်ဆိုပေမယ့် တစ်နေ့ကို ၄မီလီဂရမ်ထက်ပို

 သောက်ရင် ကြွက်သားတွေ နာလာပြီး၊ ရေရှည်မှာ အဆစ်အမြစ်နဲ့ သွားရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

အစားအသောက်စံညွှန်းပညာရှင်များဟာ အခုတော့ အစားအသောက်အထုပ် ပေါ်မှာ ဖလူအိုရိုက်ဒ်

ပါဝင်မှုနှုန်း ကိုဖော်ပြပေးဖို့ တောင်းဆိုနေပါတယ်။

ဒါဘီတက္ကသိုလ်မှ ပါမောက္ခ Aradhana Mehra နဲ့ ပါမောက္ခ Paul Lunch တို့ဟာ လက်ဖက်ရည်

ထုတ်ကုန် ၃၈မျိုးမှာ ပါဝင်တဲ့ ဖလူအိုရိုက်ဒ်ပမာဏကို နှိုင်းယှဉ်လေ့လာကြည့်ခဲ့ကြပါတယ်။



Lon Selective Electrode ဆန်းစစ်နည်း လို့ခေါ်တဲ့ ပါဝင်တဲ့ဒြပ်စင်တွေကို ခြေရာကောက်တဲ့ ဆန်းစစ်နည်းကိုအသုံးပြုခဲ့ကြပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့တာ လက်ဖက်ရည် ပျမ်းမျှ

လေးခွက်သောက်ရင် စားသုံးမိမယ့် ဖလူအိုရိုက်ဒ် ပမာဏတွေကို လေ့လာခဲ့ကြတာပါ။

 အကြမ်းဖျင်းတွက်ချက်ချက်အရ ဈေးပေါတဲ့လက်ဖက်ရည်ထုပ်ကို ဖျော်လို့ရလာတဲ့ ၁လီတာပမာဏမှာ ဖလူအိုရိုက်ဒ် ၆မီလီဂရမ်ပါရှိပါတယ်။ အရွယ်ရောက်ပြီးသူတစ်ဦးအနေနဲ့ တစ်နေ့ကို ဖလူအိုရိုက်ဒ် ၄မီလီဂရမ်ထက်ကျော်ပြီး မသောက်မိဖို့ သုတေသီတွေက အကြံပေးထားပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit: Trend Myanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top