iMyanmarHouse.com - Best Property Website for Myanmar
×

ခ်ိစ္ကိုစားသံုးျခင္းနဲ႔ ပတ္သက္ၿပီး အမ်ိဳးမ်ိဳးေသာ ဆန္းစစ္ေလ့လာမႈေတြ ျပဳလုပ္ခဲ့ၾကတာ ၾကာပါၿပီ။ ေကာင္းက်ိဳး၊ ဆိုးက်ိဳး အမ်ိဳးမ်ိဳးကိုလည္း ေတြ႔ခဲ့ရပါတယ္။ အေမရိကန္သုေတသီေတြရဲ႕ ေလ့လာမႈအသစ္တစ္ရပ္မွာေတာ့ ခ်ိစ္ကို ေန႔စဥ္စားသံုးျခင္းဟာ ႏွလံုးအတြက္ ေကာင္းက်ိဳးျဖစ္ေပၚေစတယ္လို႔ ဆိုပါတယ္။ ဒီေလ့လာမႈအေၾကာင္းကိုေတာ့ American Society of Hypertension ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပခဲ့တာပါ။

ေသြးတိုး႐ွိတဲ့လူေတြဟာ Grana Padano ခ်ိစ္ (အီတလီခ်ိစ္)ကို တစ္ေန႔ ၁ ေအာင္စႏႈန္းနဲ႔ ႏွစ္လၾကာ စားသံုးေစၿပီး သုေတသီေတြက ရလဒ္ကို ေစာင့္ၾကည့္ေလ့လာရာမွာ အေပၚေသြးဟာ ၇ မွ ၈ မီလီမီတာမာက်ဴရီ (mm Hg) ၊ ေအာက္ေသြးက ၅ မွ ၇ မီလီမီတာမာက်ဴရီခန္႔ တုိးတက္လာတာကို ေတြ႔ရပါတယ္။ ဂရာနာပဒါႏိုခ်ိစ္မွာ ပါဝင္တဲ့ IPP နဲ႔ VPP ကြန္ေပါင္းေတြဟာ ေသြးေၾကာေတြကို သက္ေတာင့္သက္သာျဖစ္ေစၿပီး ေသြးေပါင္ခ်ိန္က်ေစတယ္လို႔ ေလ့လာမႈကိုဦးေဆာင္သူ Giuseppe Crippa က ေျပာပါတယ္။

ရလဒ္အေနနဲ႔ေတာ့ Grana Padano ခ်ိစ္ပမာဏ အနည္းငယ္ကို ေန႔စဥ္ပံုမွန္ စားသံုးေပးမယ္ဆုိ ႏွလံုးကို က်န္းမာေစဖုိ႔ အေထာက္အကူျဖစ္ေစတာကို ေတြ႔ရပါတယ္။ ဒါေပမဲ့ အလြန္အကၽြံေတာ့ မစားသင့္ပါဘူး။ ခ်ိစ္အကုန္လံုးဟာ အဆီ၊ ဆားနဲ႔ ကယ္လိုရီမ်ားျပားစြာ ပါဝင္ေနလို႔ ဝိတ္လည္းတက္လာႏိုင္ေၾကာင္း ေဒါက္တာ Crippa က သတိေပးပါတယ္။

Credit : duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချိစ်ကိုစားသုံးခြင်းနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော ဆန်းစစ်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတာ ကြာပါပြီ။ ကောင်းကျိုး၊ ဆိုးကျိုး အမျိုးမျိုးကိုလည်း တွေ့ခဲ့ရပါတယ်။ အမေရိကန်သုတေသီတွေရဲ့ လေ့လာမှုအသစ်တစ်ရပ်မှာတော့ ချိစ်ကို နေ့စဉ်စားသုံးခြင်းဟာ နှလုံးအတွက် ကောင်းကျိုးဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ဒီလေ့လာမှုအကြောင်းကိုတော့ American Society of Hypertension ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့တာပါ။

သွေးတိုးရှိတဲ့လူတွေဟာ Grana Padano ချိစ် (အီတလီချိစ်)ကို တစ်နေ့ ၁ အောင်စနှုန်းနဲ့ နှစ်လကြာ စားသုံးစေပြီး သုတေသီတွေက ရလဒ်ကို စောင့်ကြည့်လေ့လာရာမှာ အပေါ်သွေးဟာ ၇ မှ ၈ မီလီမီတာမာကျူရီ (mm Hg) ၊ အောက်သွေးက ၅ မှ ၇ မီလီမီတာမာကျူရီခန့် တိုးတက်လာတာကို တွေ့ရပါတယ်။ ဂရာနာပဒါနိုချိစ်မှာ ပါဝင်တဲ့ IPP နဲ့ VPP ကွန်ပေါင်းတွေဟာ သွေးကြောတွေကို သက်တောင့်သက်သာဖြစ်စေပြီး သွေးပေါင်ချိန်ကျစေတယ်လို့ လေ့လာမှုကိုဦးဆောင်သူ Giuseppe Crippa က ပြောပါတယ်။

ရလဒ်အနေနဲ့တော့ Grana Padano ချိစ်ပမာဏ အနည်းငယ်ကို နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆို နှလုံးကို ကျန်းမာစေဖို့ အထောက်အကူဖြစ်စေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အလွန်အကျွံတော့ မစားသင့်ပါဘူး။ ချိစ်အကုန်လုံးဟာ အဆီ၊ ဆားနဲ့ ကယ်လိုရီများပြားစွာ ပါဝင်နေလို့ ဝိတ်လည်းတက်လာနိုင်ကြောင်း ဒေါက်တာ Crippa က သတိပေးပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top