iMyanmarHouse.com - Best Property Website for Myanmar
×

စိန္႔လူး၀စၥ တကၠသိုလ္ သုေတသီမ်ားသည္ ကင္ဆာ ေရာဂါကို သဘာ၀သီးႏွံ ထြက္ကုန္ ပစၥည္းျဖင့္ ကုသႏိုင္မည့္ နည္းလမ္း တစ္ခု ေဖာ္ထုတ္ႏိုင္ရန္

ေလာ့တီကာ႐ိုလင္းဟာဒီ အလွဴ အဖြဲ႕အစည္းထံမွ အေမရိကန္ ေဒၚလာ ၃၉၄၂၅ ရရွိခဲ့သည္။

စိန္႔လူး၀စၥ ေရာဂါေဗဒ ဌာနမွ ပါေမာကၡရတ္ နာေရးသည္ ၾကက္ဟင္းခါးသီးမွ ရရွိေသာ ျဒပ္ေပါင္းျဖင့္ ကင္ဆာေရာဂါ ကုသရန္ ေလ့လာခဲ့ၿပီး ဓါတ္ခြဲခန္း စမ္းသပ္မႈမ်ားအရ ရင္သားကင္ဆာ ဆဲလ္မ်ား မပ်ံ႕ပြားႏိုင္ေအာင္၊ ပ်က္စီးေအာင္ ၾကက္ဟင္းခါးသီး ျဒပ္ေပါင္း အသံုးျပဳ သက္ေသ ျပနိုင္ခဲ့သည္။

ယခုရရွိေသာ ေထာက္ပံ့ေငြမ်ားျဖင့္ ႂကြက္မ်ားတြင္ ကင္ဆာေရာဂါ ကုသႏိုင္ေအာင္ ထပ္မံ စမ္းသပ္မည္ ျဖစ္ေၾကာင္း၊ ႂကြက္မ်ားတြင္ ေအာင္ျမင္ပါက လူမ်ားတြင္ စမ္းသပ္မည္ ျဖစ္ေၾကာင္း သိရသည္။ ဦးေခါင္းႏွင့္ လည္ပင္းတ၀ိုက္ ကင္ဆာမ်ားသည္ ကင္ဆာေရာဂါ အားလံုး၏ (၆)ရာႏႈန္းရွိၿပီး ခံတြင္း၊ ႏွာေခါင္း၊ အသံအိုးႏွင့္ လည္ေခ်ာင္း မ်ားတြင္ အဓိက ျဖစ္ပြားသည္။ ထိုကင္ဆာ မ်ားကို ခြဲစိတ္၍ ျဖစ္ေစ၊ ဓါတ္ေရာင္ျခည္ ေပး၍ ျဖစ္ေစကုသရေလ့ ရွိၿပီးလူနာ၏ ဘ၀ အရည္အေသြး (Quality of Life) က်ဆင္း ေစေသာေၾကာင့္ သဘာ၀ ကုထံုးမ်ားျဖင့္ အစားထိုး ကုသရန္ ႀကိဳးပမ္းေနျခင္း ျဖစ္ေၾကာင္း ပါေမာကၡ ရတ္နာေရးက ဆိုသည္။

ၾကက္ဟင္းခါးသီးသည္ အေရွ႕တိုင္း ႏိုင္ငံမ်ားတြင္ စားသံုးမႈ မ်ားၿပီး တိုင္းရင္းေဆး ကုထံုးမ်ားတြင္ ဆီးခ်ိဳ ေရာဂါကုသေဆး အျဖစ္ အသံုးျပဳေလ့ ရွိသည္။


Credit:ျမ၀တီ


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

စိန့်လူးဝစ္စ တက္ကသိုလ် သုတေသီများသည် ကင်ဆာ ရောဂါကို သဘာဝသီးနှံ ထွက်ကုန် ပစ္စည်းဖြင့် ကုသနိုင်မည့် နည်းလမ်း တစ်ခု ဖော်ထုတ်နိုင်ရန်

လော့တီကာရိုလင်းဟာဒီ အလှူ အဖွဲ့အစည်းထံမှ အမေရိကန် ဒေါ်လာ ၃၉၄၂၅ ရရှိခဲ့သည်။

စိန့်လူးဝစ္စ ရောဂါဗေဒ ဌာနမှ ပါမောက္ခရတ် နာရေးသည် ကြက်ဟင်းခါးသီးမှ ရရှိသော ဒြပ်ပေါင်းဖြင့် ကင်ဆာရောဂါ ကုသရန် လေ့လာခဲ့ပြီး ဓါတ်ခွဲခန်း စမ်းသပ်မှုများအရ ရင်သားကင်ဆာ ဆဲလ်များ မပျံ့ပွားနိုင်အောင်၊ ပျက်စီးအောင် ကြက်ဟင်းခါးသီး ဒြပ်ပေါင်း အသုံးပြု သက်သေ ပြနိုင်ခဲ့သည်။

ယခုရရှိသော ထောက်ပံ့ငွေများဖြင့် ကြွက်များတွင် ကင်ဆာရောဂါ ကုသနိုင်အောင် ထပ်မံ စမ်းသပ်မည် ဖြစ်ကြောင်း၊ ကြွက်များတွင် အောင်မြင်ပါက လူများတွင် စမ်းသပ်မည် ဖြစ်ကြောင်း သိရသည်။ ဦးခေါင်းနှင့် လည်ပင်းတဝိုက် ကင်ဆာများသည် ကင်ဆာရောဂါ အားလုံး၏ (၆)ရာနှုန်းရှိပြီး ခံတွင်း၊ နှာခေါင်း၊ အသံအိုးနှင့် လည်ချောင်း များတွင် အဓိက ဖြစ်ပွားသည်။ ထိုကင်ဆာ များကို ခွဲစိတ်၍ ဖြစ်စေ၊ ဓါတ်ရောင်ခြည် ပေး၍ ဖြစ်စေကုသရလေ့ ရှိပြီးလူနာ၏ ဘ၀ အရည်အသွေး (Quality of Life) ကျဆင်း စေသောကြောင့် သဘာ၀ ကုထုံးများဖြင့် အစားထိုး ကုသရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ပါမောက္ခ ရတ်နာရေးက ဆိုသည်။

ကြက်ဟင်းခါးသီးသည် အရှေ့တိုင်း နိုင်ငံများတွင် စားသုံးမှု များပြီး တိုင်းရင်းဆေး ကုထုံးများတွင် ဆီးချို ရောဂါကုသဆေး အဖြစ် အသုံးပြုလေ့ ရှိသည်။


Credit:မြဝတီ


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top