iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔စဥ္လုပ္ငန္းခြင္မွာ အဆင္မေျပမႈမ်ားစြာ ရွိပါတယ္။ တစ္ခါတစ္ေလ ပံုမွန္လည္ပတ္ေနေပမဲ့ ရုတ္တရက္ အဆင္မေျပျခင္း ဝကၤပါထဲ ေရာက္သြားသလိုပါပဲ။ ျပႆနာေတြ တစ္ခုျပီး တစ္ခုၾကံဳရပါတယ္။  ေန႔စဥ္စိတ္ဆင္းရဲေနရပါတယ္။ အထင္ေတြလြဲျပီး အတုိက္အခိုက္လုပ္သူေတြလည္း ေပၚလာတတ္ပါတယ္။ အလုပ္မွာ ဒီလို အဆင္မေျပမႈေတြကို ခံစားလာရတဲ့အခါ သင့္လုပ္ႏိုင္တဲ့အခ်က္ သံုးခ်က္ရွိပါတယ္။

၁ - အသက္ရႈပါ

ေလးေလးနက္နက္ေျပာတာပါ၊ ေလာေလာဆယ္ အလုပ္မွာ အဆင္မေျပဘူးလို႔ ခံစားေနရရင္ ခဏေလာက္နားျပီး တစ္မိနစ္ေလာက္ အသက္ဝဝရႈလိုက္ပါ။ အထက္လူၾကီးက နာရီဝက္အတြင္း ျပီးရမယ္ဆိုတဲ့ Excel ဖုိင္ေတြကို ဘယ္လိုလုပ္ရမွန္း မသိေပမဲ့ ဒါက ကမာၻၾကီး အဆံုးသတ္သြားတာမ်ိဳး မဟုတ္ပါဘူး။ သင္နဲ႔မထိုက္တန္ရင္ ဒီေနရာကို ေရာက္လာစရာ အေၾကာင္းကို မရွိပါဘူး။ ဆက္လက္သင္ယူစရာကေတာ့ အျမဲရွိေနမွာ ျဖစ္ပါတယ္။ သင္လုပ္တာေတြ အမွားမ်ားေနေပမဲ့ သင္လုပ္ခဲ့လို႔ ေကာင္းသြားတာေတြလည္း ရွိပါတယ္။ ခဏေလာက္အားလံုးကို လႊတ္ခ်လိုက္ျပီး အသက္ဝဝရႈလိုက္ပါ။

၂ - ေရရွည္ေတြးပါ

ဒီတစ္ရက္၊ႏွစ္ရက္အတြင္း ၾကံဳရတဲ့ျပႆနာေတြကေန ဘယ္ေတာ့မွ လြတ္ေျမာက္ေတာ့မွာ မဟုတ္ဘူးဆုိတဲ့ ခံစားမႈမ်ိဳးျဖစ္တတ္ပါတယ္။ ဒီအခါမွာ အလုပ္ထြက္ခ်င္တဲ့စိတ္ကို အျပင္းအထန္ ခံစားေနရတတ္ပါတယ္။ ဒါေပမဲ့ ဒီျပႆနာက တစ္ပတ္ၾကာတဲ့ထိ ရွည္ၾကာမလား၊ တစ္ႏွစ္ၾကာတဲ့ထိ ရွည္ၾကာမလားဆုိတာကိုလည္း ေတြးသင့္ပါတယ္။ ျပႆနာတစ္ခုေၾကာင့္ ပူထူျပီး က်ယ္က်ယ္ျပန္႔ျပန္႔ မစဥ္းစားႏုိင္တာမ်ိဳး ျဖစ္ပါတယ္။ တခ်ိဳ႕ျပႆနာေတြဟာ သင္ကိုယ္တုိင္ေျဖရွင္းတာထက္ ေစာင့္ၾကည့္ေနလိုက္ရုံနဲ႔ သူ႔ဘာသူ ျပီးသြားတာမ်ိဳး ရွိပါတယ္။

၃ - တကယ္ဆိုးတဲ့အေျခအေန

သင္ၾကံဳေတြ႕ေနရတဲ့ အေျခအေနက အလုပ္ထြက္ခ်င္ေလာက္ေအာင္ တကယ္ပဲ ဆုိးဝါးေနလား။ ကုမၸဏီရုံးခန္းထဲ ေရာက္သြားတာနဲ႔ စိတ္မေက်နပ္မႈေတြက ရင္ထဲမွာ လိႈက္တက္လာလား။ အျပီးတုိင္ႏႈတ္ဆက္ျပီး ဘယ္ေတာ့မွ ေျခဦးမလွည့္ခ်င္ေလာက္ေအာင္ ခံစားရတဲ့ေဝဒနာက တဆစ္ဆစ္ျဖစ္ေနလား။ ဒီလို အေျခအေနကေတာ့ ေအးေဆးပါလို႔ ေျပာလို႔ရတဲ့အမ်ိဳးအစား မဟုတ္ေတာ့ပါဘူး။ အေျခအေနအရပ္ရပ္ကို သံုးသပ္ျပီး ထြက္သြားသင့္ရင္ ထြက္သြားရမွာပဲ ျဖစ္ပါတယ္။

Credit : duwun
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

 Unicode Version

နေ့စဉ်လုပ်ငန်းခွင်မှာ အဆင်မပြေမှုများစွာ ရှိပါတယ်။ တစ်ခါတစ်လေ ပုံမှန်လည်ပတ်နေပေမဲ့ ရုတ်တရက် အဆင်မပြေခြင်း ဝင်္ကပါထဲ ရောက်သွားသလိုပါပဲ။ ပြဿနာတွေ တစ်ခုပြီး တစ်ခုကြုံရပါတယ်။  နေ့စဉ်စိတ်ဆင်းရဲနေရပါတယ်။ အထင်တွေလွဲပြီး အတိုက်အခိုက်လုပ်သူတွေလည်း ပေါ်လာတတ်ပါတယ်။ အလုပ်မှာ ဒီလို အဆင်မပြေမှုတွေကို ခံစားလာရတဲ့အခါ သင့်လုပ်နိုင်တဲ့အချက် သုံးချက်ရှိပါတယ်။

၁ - အသက်ရှုပါ

လေးလေးနက်နက်ပြောတာပါ၊ လောလောဆယ် အလုပ်မှာ အဆင်မပြေဘူးလို့ ခံစားနေရရင် ခဏလောက်နားပြီး တစ်မိနစ်လောက် အသက်ဝဝရှုလိုက်ပါ။ အထက်လူကြီးက နာရီဝက်အတွင်း ပြီးရမယ်ဆိုတဲ့ Excel ဖိုင်တွေကို ဘယ်လိုလုပ်ရမှန်း မသိပေမဲ့ ဒါက ကမ္ဘာကြီး အဆုံးသတ်သွားတာမျိုး မဟုတ်ပါဘူး။ သင်နဲ့မထိုက်တန်ရင် ဒီနေရာကို ရောက်လာစရာ အကြောင်းကို မရှိပါဘူး။ ဆက်လက်သင်ယူစရာကတော့ အမြဲရှိနေမှာ ဖြစ်ပါတယ်။ သင်လုပ်တာတွေ အမှားများနေပေမဲ့ သင်လုပ်ခဲ့လို့ ကောင်းသွားတာတွေလည်း ရှိပါတယ်။ ခဏလောက်အားလုံးကို လွှတ်ချလိုက်ပြီး အသက်ဝဝရှုလိုက်ပါ။

၂ - ရေရှည်တွေးပါ

ဒီတစ်ရက်၊နှစ်ရက်အတွင်း ကြုံရတဲ့ပြဿနာတွေကနေ ဘယ်တော့မှ လွတ်မြောက်တော့မှာ မဟုတ်ဘူးဆိုတဲ့ ခံစားမှုမျိုးဖြစ်တတ်ပါတယ်။ ဒီအခါမှာ အလုပ်ထွက်ချင်တဲ့စိတ်ကို အပြင်းအထန် ခံစားနေရတတ်ပါတယ်။ ဒါပေမဲ့ ဒီပြဿနာက တစ်ပတ်ကြာတဲ့ထိ ရှည်ကြာမလား၊ တစ်နှစ်ကြာတဲ့ထိ ရှည်ကြာမလားဆိုတာကိုလည်း တွေးသင့်ပါတယ်။ ပြဿနာတစ်ခုကြောင့် ပူထူပြီး ကျယ်ကျယ်ပြန့်ပြန့် မစဉ်းစားနိုင်တာမျိုး ဖြစ်ပါတယ်။ တချို့ပြဿနာတွေဟာ သင်ကိုယ်တိုင်ဖြေရှင်းတာထက် စောင့်ကြည့်နေလိုက်ရုံနဲ့ သူ့ဘာသူ ပြီးသွားတာမျိုး ရှိပါတယ်။

၃ - တကယ်ဆိုးတဲ့အခြေအနေ

သင်ကြုံတွေ့နေရတဲ့ အခြေအနေက အလုပ်ထွက်ချင်လောက်အောင် တကယ်ပဲ ဆိုးဝါးနေလား။ ကုမ္ပဏီရုံးခန်းထဲ ရောက်သွားတာနဲ့ စိတ်မကျေနပ်မှုတွေက ရင်ထဲမှာ လှိုက်တက်လာလား။ အပြီးတိုင်နှုတ်ဆက်ပြီး ဘယ်တော့မှ ခြေဦးမလှည့်ချင်လောက်အောင် ခံစားရတဲ့ဝေဒနာက တဆစ်ဆစ်ဖြစ်နေလား။ ဒီလို အခြေအနေကတော့ အေးဆေးပါလို့ ပြောလို့ရတဲ့အမျိုးအစား မဟုတ်တော့ပါဘူး။ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ထွက်သွားသင့်ရင် ထွက်သွားရမှာပဲ ဖြစ်ပါတယ်။

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
Top