iMyanmarHouse.com - Best Property Website for Myanmar
×

ပ်င္းစရာေကာင္းျပီး တစ္သမတ္တည္းျဖစ္ေနတ့ဲ ဘဝမ်ိဳးကို ဘယ္သူမွ လိုခ်င္မွာ မဟုတ္ပါဘူး။ ဘဝကိုရုန္းကန္ဖို႔လိုတာ မွန္ေပမယ့္ ဘဝကို ေလးေလးကန္ကန္ၾကီးပဲ ျဖတ္သန္းေနရင္ လန္းဆန္းေနမွာ မဟုတ္ပါဘူး။ သင့္ အဖိုးတန္ေန႔ရက္တစ္ရက္စီတိုင္းကို ေပ့ါပါးေပ်ာ္ရႊင္ေနေစဖို႔ သင္ ကိုယ္တိုင္ ဖန္တီးရမွာ ျဖစ္ပါတယ္။ မိန္းကေလးတစ္ေယာက္ရဲ႕ေန႔စဥ္ဘဝကို ေပ့ါပါးစြာ ျဖတ္သန္းႏိုင္ဖို႔ တစ္ပတ္မွာ တစ္ခါေလာက္ေတ့ာ လုပ္သင့္တ့ဲ အလုပ္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ေလ့က်င့္ခန္း လုပ္ပါ

က်န္းမာတ့ဲဘဝတစ္ခုကို ပိုင္ဆိုင္ဖို႔အတြက္ တစ္ပတ္မွာတစ္ခါေလာက္ေတ့ာ ေလ့က်င့္ခန္း လုပ္သင့္ပါတယ္။ ေန႔တုိင္းေျပးဖို႔ အခ်ိန္မရွိဘူးဆိုရင္ေတာင္ တစ္ပတ္ကို တစ္ခါေလာက္ေတ့ာ

အေျပးက်င့္သင့္ပါတယ္။ ေလ့က်င့္ခန္း လုပ္ျခင္းျဖင့္ က်န္းမာသြက္လက္တ့ဲ ခႏၶာကိုယ္ကို ပိုင္ဆိုင္ေစပါတယ္။

သူငယ္ခ်င္းေတြနဲ႔ ေတြ႔ပါ

တစ္ေန႔ တစ္ေန႔ အလုပ္ေတြ အလ်ဥ္မွီေအာင္ လုပ္ရင္း သင့္စိတ္ေရာကိုယ္ပါ ပင္ပန္းႏြမ္းနယ္ေနတာပါ။ ဒါ့ေၾကာင့္ တစ္ပတ္မွာ တစ္ရက္ေတ့ာ သင့္အရင္းႏွီးဆံုး သူငယ္ခ်င္းေတြနဲ႔ သင္ စိတ္လြတ္ကိုယ္လြတ္ ေနပစ္လိုက္ပါ။

စိတ္လြတ္ကိုယ္လြတ္ ေနပစ္လိုက္ပါ

ဆပ္ျပာျမွဳပ္ေလးေတြမွာ ေရစ္ိမ္ေနရင္း စာဖတ္ခ်င္ဖတ္ သင္ၾကိဳက္တ့ဲဇာတ္ကားကိုၾကည့္ေနလိုက္ပါ။ ဒါမွမဟုတ္သင့္လက္သည္းေတြကို ေတာက္ပရႊန္းစိုတ့ဲ အေရာင္ေလး ဆိုးလိုက္ပါ။ တစ္ပတ္လံုးက သယ္လာခ့ဲတ့ဲ သင့္စိတ္ဖိစီးမႈေတြကို ေလ်ာ့ခ်ေပးႏိုင္ပါလ္ိမ့္မယ္။

စာဖတ္ပါ

ဖုန္းေတ ြကြန္ပ်ဴတာေတြနဲ႔ ခဏကင္းကြာျပီး သင္ႏွစ္သက္တ့ဲ စာေပေတြ၊ စာအုပ္ေလးေတြကို လက္မွာကိုင္ျပီး ဖတ္ၾကည့္လိုက္ပါ။ စာအုပ္ေတြက ခံစားမႈအသစ္ေတြ ေပးႏိုင္တာ ေတြ႔ပါလိမ့္မယ္။

တစ္ပါးသူေတြကို ကူညီပါ

သစ္ပင္စိုက္ပါ။ ကိုယ့္အငယ္ေတြကို အိမ္စာကူလုပ္ေပးပါ။ အဲဒီ အရာေလးေတြက ကိစၥေသးေသးေလးေတြေပမယ့္ အမ်ားအတြက္ တစ္ေထာင့္တစ္ေနရာက ကူညီေပးႏိုင္တ့ဲအတြက္ သင့္ကို သင္ ယံုၾကည္မႈေတြ ပိုေစမွာပါ။

ခ်က္ျပဳတ္ပါ

သင္ဟာ ေန႔တိုင္း ထမင္းဟင္းခ်က္ရတ့ဲသူ မဟုတ္ဘူးဆိုရင္ေတ့ာ တစ္ပတ္တစ္ခါေလာက္ လက္တည့္ စမ္းၾကည့္သင့္ပါတယ္။ အရသာ မေကာင္းခ့ဲရင္ေတာင္ သင့္ လက္ရာဟင္းေလးေတြ

ကို စားၾကည့္ရင္း ေပ်ာ္ရႊင္လာမွာ ျဖစ္ပါတယ္။ ခ်က္ျပဳတ္ရင္း အသားက်လာတ့ဲအခါ သင့္လက္ရာလည္း တိုးတက္လာပါတယ္။

စာေရးပါ

ဝတၳဳေတြ ကဗ်ာေတြေဝေဝဆာဆာ ေရးခိုင္းေနတာ မဟုတ္ပါဘူး။ သင့္စိတ္ထဲမွာ သိုဝွက္ထားရတ့ဲ အရာမွန္သမွ်ကို အိတ္သြန္ ဖာေမွာက္ ေရးထားလိုက္ပါ။ အခ်ိန္ၾကာလာတ့ဲအခါ အဲဒီစာေတြကို ဖတ္ရင္း သင့္ဘဝကို ဘယ္လို ျဖတ္သန္းလာခ့ဲလဲ ဆိုတာကို သိလာမွာပါ။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပျင်းစရာကောင်းပြီး တစ်သမတ်တည်းဖြစ်နေတဲ့ ဘဝမျိုးကို ဘယ်သူမှ လိုချင်မှာ မဟုတ်ပါဘူး။ ဘဝကိုရုန်းကန်ဖို့လိုတာ မှန်ပေမယ့် ဘဝကို လေးလေးကန်ကန်ကြီးပဲ ဖြတ်သန်းနေရင် လန်းဆန်းနေမှာ မဟုတ်ပါဘူး။ သင့် အဖိုးတန်နေ့ရက်တစ်ရက်စီတိုင်းကို ပေ့ါပါးပျော်ရွှင်နေစေဖို့ သင် ကိုယ်တိုင် ဖန်တီးရမှာ ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့နေ့စဉ်ဘဝကို ပေ့ါပါးစွာ ဖြတ်သန်းနိုင်ဖို့ တစ်ပတ်မှာ တစ်ခါလောက်တေ့ာ လုပ်သင့်တဲ့ အလုပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း လုပ်ပါ

ကျန်းမာတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် တစ်ပတ်မှာတစ်ခါလောက်တေ့ာ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ နေ့တိုင်းပြေးဖို့ အချိန်မရှိဘူးဆိုရင်တောင် တစ်ပတ်ကို တစ်ခါလောက်တေ့ာ

အပြေးကျင့်သင့်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကျန်းမာသွက်လက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်စေပါတယ်။

သူငယ်ချင်းတွေနဲ့ တွေ့ပါ

တစ်နေ့ တစ်နေ့ အလုပ်တွေ အလျဉ်မှီအောင် လုပ်ရင်း သင့်စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတာပါ။ ဒါ့ကြောင့် တစ်ပတ်မှာ တစ်ရက်တေ့ာ သင့်အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့ သင် စိတ်လွတ်ကိုယ်လွတ် နေပစ်လိုက်ပါ။

စိတ်လွတ်ကိုယ်လွတ် နေပစ်လိုက်ပါ

ဆပ်ပြာမြှုပ်လေးတွေမှာ ရေစိမ်နေရင်း စာဖတ်ချင်ဖတ် သင်ကြိုက်တဲ့ဇာတ်ကားကိုကြည့်နေလိုက်ပါ။ ဒါမှမဟုတ်သင့်လက်သည်းတွေကို တောက်ပရွှန်းစိုတဲ့ အရောင်လေး ဆိုးလိုက်ပါ။ တစ်ပတ်လုံးက သယ်လာခဲ့တဲ့ သင့်စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါလိမ့်မယ်။

စာဖတ်ပါ

ဖုန်းတေ ွကွန်ပျူတာတွေနဲ့ ခဏကင်းကွာပြီး သင်နှစ်သက်တဲ့ စာပေတွေ၊ စာအုပ်လေးတွေကို လက်မှာကိုင်ပြီး ဖတ်ကြည့်လိုက်ပါ။ စာအုပ်တွေက ခံစားမှုအသစ်တွေ ပေးနိုင်တာ တွေ့ပါလိမ့်မယ်။

တစ်ပါးသူတွေကို ကူညီပါ

သစ်ပင်စိုက်ပါ။ ကိုယ့်အငယ်တွေကို အိမ်စာကူလုပ်ပေးပါ။ အဲဒီ အရာလေးတွေက ကိစ္စသေးသေးလေးတွေပေမယ့် အများအတွက် တစ်ထောင့်တစ်နေရာက ကူညီပေးနိုင်တဲ့အတွက် သင့်ကို သင် ယုံကြည်မှုတွေ ပိုစေမှာပါ။

ချက်ပြုတ်ပါ

သင်ဟာ နေ့တိုင်း ထမင်းဟင်းချက်ရတဲ့သူ မဟုတ်ဘူးဆိုရင်တေ့ာ တစ်ပတ်တစ်ခါလောက် လက်တည့် စမ်းကြည့်သင့်ပါတယ်။ အရသာ မကောင်းခဲ့ရင်တောင် သင့် လက်ရာဟင်းလေးတွေ

ကို စားကြည့်ရင်း ပျော်ရွှင်လာမှာ ဖြစ်ပါတယ်။ ချက်ပြုတ်ရင်း အသားကျလာတဲ့အခါ သင့်လက်ရာလည်း တိုးတက်လာပါတယ်။

စာရေးပါ

ဝတ္ထုတွေ ကဗျာတွေဝေဝေဆာဆာ ရေးခိုင်းနေတာ မဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ သိုဝှက်ထားရတဲ့ အရာမှန်သမျှကို အိတ်သွန် ဖာမှောက် ရေးထားလိုက်ပါ။ အချိန်ကြာလာတဲ့အခါ အဲဒီစာတွေကို ဖတ်ရင်း သင့်ဘဝကို ဘယ်လို ဖြတ်သန်းလာခဲ့လဲ ဆိုတာကို သိလာမှာပါ။

Credit : duwun



ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top