iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမတုိင္း မွန္တင္ခံုေရွ႕ အလွအပျခယ္သေတာ့မယ္ဆုိရင္ အိုင္းလိုင္နာေလာက္ေတာ့ ဆြဲတတ္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ အုိင္းလိုင္နာဆြဲတာနဲ႕ ပတ္သက္လို႕ ဘယ္လိုေလး ၾကာရွည္ခံေအာင္ျခယ္သႏိုင္တယ္၊ ဘယ္လိုလိုင္နာကို ေရြးသင့္တယ္၊ အုိင္းလိုင္နာကို ဂ်ဲလ္လိုင္နာ လုပ္ခ်င္ရင္ ဘယ္လိုေျပာင္းလဲပစ္ႏိုင္တယ္ဆုိတာ မသိၾကပါဘူး။ ဗဟုသုတလည္းရ၊ ေနာက္ပိုင္းျပင္ဆင္ျခယ္သရတာ ပိုမိုလြယ္ကူေအာင္ အုိင္းလိုင္နာနဲ႕ပတ္သက္တဲ့ အခ်က္ေလးေတြ ေျပာျပေပးခ်င္ပါတယ္။

၁။အိုင္းလိုင္နာပိုၿပီး ၾကာရွည္ခံေအာင္အေရာင္တူတဲ့ အိုင္းရွဲဒိုး အေပၚကေန ထပ္ေပးပါ။

အရင္ဆံုး လိုင္နာခဲတံနဲ႔ ဆြဲၿပီးတဲ့ေနာက္မွာ ခဲတံလုိင္နာနဲ႔ အေရာင္တူတဲ့ အိုင္းရွဲဒိုးကို အေပၚကထပ္ေပးျခင္းအားျဖင့္ အေရာင္ပိုထြက္ေစၿပီး ပိုၾကာရွည္ခံပါတယ္။

၂။ခဲတံလိုင္နာကို အရင္ဆံုးသံုးပါ။

ကိုယ္က လက္မျငိမ္ဘူး ဒါမွမဟုတ္ ပထမဆံုး အိုင္းလိုင္နာစဆိုးမွာဆိုရင္ လိုင္နာအရည္( Liquid Liner)ေတြကို အရင္သံုးတာေရွာင္ပါ။အရင္ဆံုး ခဲတံနဲ႔ လိုင္းဆြဲၿပီးမွ အရည္လိုင္နာကို အေပၚက ထပ္ပါ။

၃။သင့္ကုိယ္ပိုင္ Eyelinerကုိ အိုင္းရွဲဒိုးနဲ႔ ဖန္တီးလို႔ရပါတယ္။

အိုင္းလိုင္နာ ဘရပ္ရွ္ကို ေရစြတ္လိုက္ပါ။ ျပီးတဲ့အခါကိုယ္သံုးမယ့္ အိုင္းရွဲဒိုးကို ဘရပ္ရွ္နဲ႔ ယူပါ။စိုေနတဲ့ ဘရပ္ရွ္က ပိုၿပီးအေရာင္ထြက္အားေကာင္းေစတဲ့အတြက္ သင့္ကိုယ္ပိုင္ အိုင္းလုိင္နာတစ္ခု ဖန္တီးလို႔ရပါတယ္။

၄။အိုင္းလိုင္နာခဲတံကို အပူေပးၿပီး ဂ်ဲလ္ လိုင္နာ လုပ္လို႔ရပါတယ္။

အိုင္းလိုင္နာခဲတံထိပ္ကို မီးအပူနဲ႔ စကၠန္႔ပိုင္းေလာက္ အပူေပးပါ။ဒါဆိုရင္ လြယ္ကူတဲ႔ ဂ်ဲလ္ဆန္ဆန္ လိုင္နာကို ရမွာျဖစ္ပါတယ္။

၅။မညီညာတဲ့ အနားေတြကို ဖယ္ရွားလို႕ရပါတယ္။

တစ္ခါတစ္ေလ အိုင္းလိုင္နာဆိုးတဲ့အခါ လက္လြန္ၿပီး အနားမညီတာ ၊မ်က္ရစ္ေပၚတက္သြားတာေတြျဖစ္တတ္ပါတယ္။ဒါေပမယ့္ အစအဆံုး ဖ်က္ေနစရာမလုိပါဘူး။ဂြမ္းတံမွာ petroleum jellyနည္းနည္းလိမ္းလိုက္ၿပီး မလိုအပ္တဲ့ အတြန္႔ေတြ၊အစြန္းေတြကို ညီေအာင္ ညွိလိုက္လို႔ရပါတယ္။

၆။အစက္ေတြခ်ၿပီး ျပန္ဆက္တဲ့နည္းနဲ႔လည္း ဆြဲလို႔ရပါတယ္။

သင္က ကၽြမ္းက်င္သူတစ္ေယာက္မဟုတ္ေသးရင္ မ်က္ရစ္ေပၚမွာ အစက္ခပ္ေသးေသးေတြကို ခ်ပါ။အရြယ္အစားေတာ့တူဖို႔လိုပါတယ္။ေနာက္ဆံုးမွာေတာ့ အစက္ေလးေတြကို ဆက္ၿပီး လိုင္းဆြဲလိုက္ရင္ ေသသပ္တဲ့ မ်က္၀န္းအလွကို ရမွာျဖစ္ပါတယ္။

၇။အိုင္းလိုင္နာခဲတံေတြ က်ိဳးပဲ့သြားရင္ ေရခဲေသတၱာထဲမွာ ခဏထားေပးပါ။

အိုင္းလိုင္နာခဲတံေတြက်ိဳးပဲ့သြားတာပဲျဖစ္ျဖစ္ ၊ဆြဲလို႔မေကာင္းေတာ့တာပဲျဖစ္ျဖစ္ ကိုယ္လိုင္နာမဆြဲခင္ ေရခဲေသတၱာထဲမွာ ဆယ္မိနစ္ေလာက္ ထားလိုက္ျခင္းအားျဖင့္ မူလပံုစံအတိုင္း ျပန္ျဖစ္ေစပါတယ္။

၇။မ်က္ရစ္ေအာက္ကို အျဖဴေရာင္အိုင္းလိုင္နာဆိုးပါ။

မ်က္လံုးေအာက္ Waterlineကို အျဖဴေရာင္ အိုင္းလိုင္နာဆိုးေပးတာက သင့္မ်က္လံုးကို ပုိၿပီး ၀ိုင္းသေယာင္၊မ်က္လံုးအိမ္ၾကီးသြားသေယာင္ထင္ရပါတယ္။သင္က မီးခိုးေရာင္ Smoky Eye ပံုစံမ်ိဳးလိုခ်င္တယ္ဆိုရင္ေတာ့ အျဖဴေရာင္အစား အနက္ေရာင္ကို သံုးသင့္ပါတယ္။

၈။ညပြဲေတြအတြက္ အလက္လက္ေတြပါတဲ့လိုင္နာကို သံုးပါ။

သင္က အိုင္းရွဲဒိုးျခယ္ရတာလည္းမၾကိဳက္ဘူး ဒါေပမယ့္ ညပြဲေတြအတြက္ မိတ္ကပ္ျပင္ဆင္ခ်င္တယ္ဆိုရင္ သင့္ရဲ႕အိုင္းလုိင္နာေပၚကေန အလက္လက္ေတြပါတဲ့ ဂ်ဲလ္ လိုင္နာကို ထပ္ေပးလုိက္ပါ။

၉။မ်က္ေတာင္ေကာ့ေဆးကိုလည္း အိုင္းလိုင္နာအျဖစ္သံုးလုိ႔ရပါတယ္။

အေရးေပၚအေနနဲ႔ သင့္မွာ အိုင္းလိုင္နာမပါဘူးဆိုရင္ မ်က္ေတာင္ေကာ့ေဆးအရည္ေတြကို ဘရပ္ရွ္နဲ႔ အနည္းငယ္ယူၿပီး လိုင္နာအျဖစ္သံုးႏိုင္ပါတယ္။

၁၀။အၾကည္ေရာင္ တိပ္သံုးပါ။

ေသသပ္တဲ့ Wing Linerရဖုိ႔ မ်က္လံုးအဆံုးမွာ အၾကည္ေရာင္တိပ္ကပ္ၿပီး ေအာက္မ်က္ရစ္အဆံုးမ်က္ေတာင္ေတြနားကေန အေပၚမ်က္ခံုးေမႊးနားထိ ပင့္ဆြဲလို႔ရပါတယ္။

၁၁။ပိုၿပီး ႏုနယ္ခ်င္ရင္ေတာ့ အနက္ေရာင္လိုင္နာအစား အညိဳပဲသံုးပါ။

အညိဳမႏုမရင့္အေရာင္က မ်က္လံုးအေရာင္ ၊ပံုစံမ်ိဳးစံုနဲ႔လိုက္ဖက္မႈရွိၿပီး အနက္ေရာင္ အိုင္းလိုင္နာေတြထက္ သဘာ၀က်တဲ့ ပံုစံကို ေပးစြမ္းႏိုင္ပါတယ္။


Credit  : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပျိုမေတိုင်း မှန်တင်ခုံရှေ့ အလှအပခြယ်သတော့မယ်ဆိုရင် အိုင်းလိုင်နာလောက်တော့ ဆွဲတတ်ကြတာချည်းပါပဲ။ ဒါပေမယ့် အိုင်းလိုင်နာဆွဲတာနဲ့ ပတ်သက်လို့ ဘယ်လိုလေး ကြာရှည်ခံအောင်ခြယ်သနိုင်တယ်၊ ဘယ်လိုလိုင်နာကို ရွေးသင့်တယ်၊ အိုင်းလိုင်နာကို ဂျဲလ်လိုင်နာ လုပ်ချင်ရင် ဘယ်လိုပြောင်းလဲပစ်နိုင်တယ်ဆိုတာ မသိကြပါဘူး။ ဗဟုသုတလည်းရ၊ နောက်ပိုင်းပြင်ဆင်ခြယ်သရတာ ပိုမိုလွယ်ကူအောင် အိုင်းလိုင်နာနဲ့ပတ်သက်တဲ့ အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

၁။အိုင်းလိုင်နာပိုပြီး ကြာရှည်ခံအောင်အရောင်တူတဲ့ အိုင်းရှဲဒိုး အပေါ်ကနေ ထပ်ပေးပါ။

အရင်ဆုံး လိုင်နာခဲတံနဲ့ ဆွဲပြီးတဲ့နောက်မှာ ခဲတံလိုင်နာနဲ့ အရောင်တူတဲ့ အိုင်းရှဲဒိုးကို အပေါ်ကထပ်ပေးခြင်းအားဖြင့် အရောင်ပိုထွက်စေပြီး ပိုကြာရှည်ခံပါတယ်။

၂။ခဲတံလိုင်နာကို အရင်ဆုံးသုံးပါ။

ကိုယ်က လက်မငြိမ်ဘူး ဒါမှမဟုတ် ပထမဆုံး အိုင်းလိုင်နာစဆိုးမှာဆိုရင် လိုင်နာအရည်( Liquid Liner)တွေကို အရင်သုံးတာရှောင်ပါ။အရင်ဆုံး ခဲတံနဲ့ လိုင်းဆွဲပြီးမှ အရည်လိုင်နာကို အပေါ်က ထပ်ပါ။

၃။သင့်ကိုယ်ပိုင် Eyelinerကို အိုင်းရှဲဒိုးနဲ့ ဖန်တီးလို့ရပါတယ်။

အိုင်းလိုင်နာ ဘရပ်ရှ်ကို ရေစွတ်လိုက်ပါ။ ပြီးတဲ့အခါကိုယ်သုံးမယ့် အိုင်းရှဲဒိုးကို ဘရပ်ရှ်နဲ့ ယူပါ။စိုနေတဲ့ ဘရပ်ရှ်က ပိုပြီးအရောင်ထွက်အားကောင်းစေတဲ့အတွက် သင့်ကိုယ်ပိုင် အိုင်းလိုင်နာတစ်ခု ဖန်တီးလို့ရပါတယ်။

၄။အိုင်းလိုင်နာခဲတံကို အပူပေးပြီး ဂျဲလ် လိုင်နာ လုပ်လို့ရပါတယ်။

အိုင်းလိုင်နာခဲတံထိပ်ကို မီးအပူနဲ့ စက္ကန့်ပိုင်းလောက် အပူပေးပါ။ဒါဆိုရင် လွယ်ကူတဲ့ ဂျဲလ်ဆန်ဆန် လိုင်နာကို ရမှာဖြစ်ပါတယ်။

၅။မညီညာတဲ့ အနားတွေကို ဖယ်ရှားလို့ရပါတယ်။

တစ်ခါတစ်လေ အိုင်းလိုင်နာဆိုးတဲ့အခါ လက်လွန်ပြီး အနားမညီတာ ၊မျက်ရစ်ပေါ်တက်သွားတာတွေဖြစ်တတ်ပါတယ်။ဒါပေမယ့် အစအဆုံး ဖျက်နေစရာမလိုပါဘူး။ဂွမ်းတံမှာ petroleum jellyနည်းနည်းလိမ်းလိုက်ပြီး မလိုအပ်တဲ့ အတွန့်တွေ၊အစွန်းတွေကို ညီအောင် ညှိလိုက်လို့ရပါတယ်။

၆။အစက်တွေချပြီး ပြန်ဆက်တဲ့နည်းနဲ့လည်း ဆွဲလို့ရပါတယ်။

သင်က ကျွမ်းကျင်သူတစ်ယောက်မဟုတ်သေးရင် မျက်ရစ်ပေါ်မှာ အစက်ခပ်သေးသေးတွေကို ချပါ။အရွယ်အစားတော့တူဖို့လိုပါတယ်။နောက်ဆုံးမှာတော့ အစက်လေးတွေကို ဆက်ပြီး လိုင်းဆွဲလိုက်ရင် သေသပ်တဲ့ မျက်ဝန်းအလှကို ရမှာဖြစ်ပါတယ်။

၇။အိုင်းလိုင်နာခဲတံတွေ ကျိုးပဲ့သွားရင် ရေခဲသေတ္တာထဲမှာ ခဏထားပေးပါ။

အိုင်းလိုင်နာခဲတံတွေကျိုးပဲ့သွားတာပဲဖြစ်ဖြစ် ၊ဆွဲလို့မကောင်းတော့တာပဲဖြစ်ဖြစ် ကိုယ်လိုင်နာမဆွဲခင် ရေခဲသေတ္တာထဲမှာ ဆယ်မိနစ်လောက် ထားလိုက်ခြင်းအားဖြင့် မူလပုံစံအတိုင်း ပြန်ဖြစ်စေပါတယ်။

၇။မျက်ရစ်အောက်ကို အဖြူရောင်အိုင်းလိုင်နာဆိုးပါ။

မျက်လုံးအောက် Waterlineကို အဖြူရောင် အိုင်းလိုင်နာဆိုးပေးတာက သင့်မျက်လုံးကို ပိုပြီး ဝိုင်းသယောင်၊မျက်လုံးအိမ်ကြီးသွားသယောင်ထင်ရပါတယ်။သင်က မီးခိုးရောင် Smoky Eye ပုံစံမျိုးလိုချင်တယ်ဆိုရင်တော့ အဖြူရောင်အစား အနက်ရောင်ကို သုံးသင့်ပါတယ်။

၈။ညပွဲတွေအတွက် အလက်လက်တွေပါတဲ့လိုင်နာကို သုံးပါ။

သင်က အိုင်းရှဲဒိုးခြယ်ရတာလည်းမကြိုက်ဘူး ဒါပေမယ့် ညပွဲတွေအတွက် မိတ်ကပ်ပြင်ဆင်ချင်တယ်ဆိုရင် သင့်ရဲ့အိုင်းလိုင်နာပေါ်ကနေ အလက်လက်တွေပါတဲ့ ဂျဲလ် လိုင်နာကို ထပ်ပေးလိုက်ပါ။

၉။မျက်တောင်ကော့ဆေးကိုလည်း အိုင်းလိုင်နာအဖြစ်သုံးလို့ရပါတယ်။

အရေးပေါ်အနေနဲ့ သင့်မှာ အိုင်းလိုင်နာမပါဘူးဆိုရင် မျက်တောင်ကော့ဆေးအရည်တွေကို ဘရပ်ရှ်နဲ့ အနည်းငယ်ယူပြီး လိုင်နာအဖြစ်သုံးနိုင်ပါတယ်။

၁၀။အကြည်ရောင် တိပ်သုံးပါ။

သေသပ်တဲ့ Wing Linerရဖို့ မျက်လုံးအဆုံးမှာ အကြည်ရောင်တိပ်ကပ်ပြီး အောက်မျက်ရစ်အဆုံးမျက်တောင်တွေနားကနေ အပေါ်မျက်ခုံးမွှေးနားထိ ပင့်ဆွဲလို့ရပါတယ်။

၁၁။ပိုပြီး နုနယ်ချင်ရင်တော့ အနက်ရောင်လိုင်နာအစား အညိုပဲသုံးပါ။

အညိုမနုမရင့်အရောင်က မျက်လုံးအရောင် ၊ပုံစံမျိုးစုံနဲ့လိုက်ဖက်မှုရှိပြီး အနက်ရောင် အိုင်းလိုင်နာတွေထက် သဘာဝကျတဲ့ ပုံစံကို ပေးစွမ်းနိုင်ပါတယ်။



Credit  : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top