iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိုဳးသမီးအဂၤါဟာ အလြန္နူးညံ့ျပီး ထိခိုက္လြယ္တဲ့ အစိတ္အပိုင္း ျဖစ္တာေၾကာင့္ ေသခ်ာဂရုစိုက္ဖို႔ လိုအပ္ပါတယ္ ။ ေန႔စဥ္ ျပဳမူေဆာင္ရြက္ေနတဲ့ အမႈမဲ့၊အမွတ္မဲ့ အျပဳအမူမ်ားေၾကာင့္ သင့္ရဲ႕ မိန္းမကိုယ္အဂၤါကို ထိခိုက္ပ်က္စီးနိုင္ျပီး ေရာဂါပိုးေတြလည္း ဝင္ေရာက္နိုင္ပါတယ္ ။ ဒါ့ေၾကာင့္ ကုိယ့္ရဲ႕ အဂၤါကို ဖ်က္ဆီး၊ပ်က္စီးနိုင္တဲ့ အေရးၾကီးေသာ အေၾကာင္းအရာေတြကို သိထားဖို႔ လိုအပ္လွပါတယ္ ။

 ေအာက္ေဖာ္ျပပါ အေၾကာင္းအရာေတြက သင့္ရဲ႕ မိန္းမကိုယ္ကို လံုးဝ (လံုးဝ) မျပဳလုပ္သင့္ေသာ အခ်က္အလက္မ်ားပဲ ျဖစ္ပါတယ္။

၁။တင္းၾကပ္လြန္းေသာ အတြင္းခံဝတ္ျခင္းကို ေရွာင္ပါ။
အလြန္းတင္းၾကပ္ျပီး ေလဝင္ေလထြက္မေကာင္းေသာ အတြင္းခံ ဝတ္ဆင္ျခင္းမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါသည္ ။ တင္းၾကပ္ေသာ အတြင္းခံက မိန္းမကိုယ္ကို ပြန္းရွေစျပီး က်ိန္းစပ္မႈကို ျဖစ္ေပၚေစနိုင္ပါသည္ ။ ထို႔အျပင္ အပူငုပ္၍ ဘက္တီးရီးယားမ်ားလည္း ဝင္ေရာက္နိုင္ပါသည္။

၂။အနံအသက္ကင္းေဆးေတြမသံုးပါနွင့္
အမ်ိဳးသမီးအဂၤါဟာ ပံုမွန္အားျဖင့္ အနည္းငယ္နံေသာအနံ႕ ရွိပါသည္ ။ ဒါဟာ သဘာဝျဖစ္ပါသည္ ။ စိုးရိမ္စရာ မရွိပါဘူး ။ ထိုအရာကို ေပ်ာက္ကင္းခ်င္ေသာစိတ္ျဖင့္ ေဆးသံုးျခင္း ၊ ဆပ္ျပာအလြန္သံုးစြဲျခင္းေတြ မျပဳလုပ္သင့္ပါဘူး ။ သာမန္ထက္ ဆိုးေသာ အနံ႕နံျခင္း ၊ ယားျခင္းတို႔ျဖစ္ေပၚလာလွ်င္သာ စိုးရိမ္သင့္ပါသည္ ။

၃။ဆပ္ျပာ၊အေမႊးနံ႕သံုးျခင္း ေရွာင္ပါ။
အထက္မွာ ေဖာ္ျပထားသည့္အတိုင္း မိန္းကေလးတိုင္းမွာ သဘာဝအတုိင္း အနံ႕အသက္ အနည္းငယ္ရွိၾကပါသည္ ။ ဓါတုပစၥည္းေတြ ပါဝင္တဲ့ ဆပ္ျပာ ၊ အေမႊးနံ႕မ်ားသံုးျခင္းျဖင့္ မိန္းမကိုယ္ကို ပိုးဝင္ေရာက္နုိင္ျပီး အျခားေသာ ေဘးထြက္ဆိုးက်ိဳးမ်ားကိုလည္း ျဖစ္ေပၚေစနိုင္ပါသည္ ။

၄။အေမႊးခြ်တ္ခရင္မ္မ်ားအသံုးျပဳျခင္း
အမ်ိဳးသမီးတိုင္းဟာ သူတို႔ရဲ႕ မိန္းမကိုယ္မွာ အေမႊးအမွ်င္ကင္း နူးညံ့လွပခ်င္တာ သဘာဝပါပဲ။ သို႔ေသာ္ chemical မ်ားစြာပါဝင္တဲ့ အေမႊးခြ်တ္ခရင္မ္ကို အသံုးျပဳျခင္းအားျဖင့္ အလာဂ်ီမ်ား ျဖစ္နိုင္ျပီး အမ်ိဳးသမီး အဂၤါ အတြက္ မလိုလားအပ္ေသာ ဆိုးက်ိဳးမ်ားစြာကို ျဖစ္ေစနိုင္ပါသည္ ။အေမႊးအမွ်င္ ဖယ္ရွားလိုပါက ဖေယာင္းအသံုးျပဳျခင္း (သို႔)ရိတ္ျခင္း စသည့္ နည္းလမ္းကို အသံုးျပဳဖို႕ တိုက္တြန္းလိုပါတယ္။

၅။အမ်ိဳးသမီးသံုးပစၥည္းကို အခ်ိန္ၾကာျမင့္စြာထားျခင္း
အမ်ိဳးသမီးမ်ား ဓမၼတာလာစဥ္ကာလအတြင္း အမ်ိဳးသမီးသံုးပစၥည္းကို မၾကာခဏ လဲလွယ္ေပးဖို႔ အေရးၾကီးပါတယ္။ ဓမၼတာလာစဥ္အခ်ိန္အတြင္း ဘတ္တီးရီးယားပိုးမ်ား အမ်ားဆံုးဝင္ေရာက္လာနိုင္သျဖင့္ သန္႔ရွင္းဖို႔ အေရးၾကီးပါတယ္။ အသံုးျပဳျပီး ၄ နာရီ နဲ႔ ၈ နာရီၾကားမွာ တစ္ၾကိမ္ လဲလွယ္ေပးသင့္ပါသည္ ။

၆။ေရေႏြးေငြ႕အသံုးျပဳျခင္း
အခုေနာက္ပိုင္းမွာ အမ်ိဳးသမီးအဂၤါကို ေရေႏြးေငြ႕အသံုးျပဳမႈေတြ ေခတ္စားလာပါတယ္။ ေရေႏြးေငြ႕ အသံုးျပဳျခင္း နည္းလမ္းဆိုတာကေတာ့ သင့္အား အတြင္းခံမဝတ္ေစဘဲ ထိုင္ေစျပီး ေရေႏြးေငြ႕ကို မိန္းမကို္ယ္ဆီသို႔ တိုက္ရိုက္လႊတ္ေပးျခင္းပါ ။ ထိုသို႔ျပဳလုပ္ျခင္းျဖင့္ မိန္းမကိုယ္ အညစ္အေၾကးေတြကို ေျပေပ်ာက္ေစျပီး ေဟာ္မုန္းမ်ားကို ထိန္းညွိေပးနိုင္တယ္လို႔ ဆိုပါတယ္ ။ အမွန္တကယ္အားျဖင့္ ထိုနည္းလမ္းမွာ လံုးဝမွားယြင္းေနပါသည္ ။ မိန္းမကိုယ္ဟာ အလြန္နူးညံ့ေသာ ေနရာျဖစ္ျပီး ယင္းသို႔ျပဳလုပ္ျခင္းျဖင့္ အပူေလာင္ေစနိုင္ပါသည္ ။ ထို႔ျပင္ မိန္းမကိုယ္ရွိ သဘာဝ ဘက္တီးရီးယားမ်ားကို အေနွာင့္အယွက္ေပးနိုင္ျပီး ေရာဂါးပိုးမ်ား အလြယ္တကူ ကူးစက္ေစနိုင္မွာပါ။

၇။အေပါက္ေဖာက္ျခင္း
ေရာဂါပိုးမ်ား အလြယ္တကူ ကူးစက္နိုင္သျဖင့္ သဘာဝေက်ာ္လြန္ျပီး မိန္းမကိုယ္မွာ အေပါက္ေဖာက္ျခင္း ၊ အလွတန္ဆာမ်ား ဝတ္ဆင္ျခင္းတို႔ကို ေရွာင္ၾကဥ္ပါ ။

၈။ျဖဴေအာင္လုပ္ျခင္း
မိန္းမကိုယ္ ၊ စအို စေသာေနရာေတြဟာ ထိခိုက္လြယ္ေသာ နူးညံံေသာ အစိတ္အပိုင္းမ်ားျဖစ္သျဖင့္ ျဖဴေအာင္လုပ္ေသာ နည္းလမ္းမ်ားကိုလည္း သတိထားသင့္ပါသည္ ။

၉။ ပလက္စတစ္ Sex Toy မ်ားသံုးျခင္း
ပလက္စတစ္ Sex Toy မ်ားကို ကင္ဆာျဖစ္ေစနိုင္တဲ့ phathalates လို႔ေခၚတဲ့ အရာနဲ႕ ျပဳလုပ္ထားျခင္းျဖစ္ပါတယ္ ။ ထုိ sex toy မ်ားကို အသံုးျပဳျခင္းျဖင့္ မေကာင္းေသာ ဘတ္တီးရီးယားမ်ားကို ျဖစ္ေပၚေစနိုင္ျပီး ေရာဂါပိုးမ်ား အလြယ္တကူ ဝင္ေရာက္နုိင္ပါတယ္ ။

အမ်ိဳးသမီးတို႔အေနနဲ႕ မိမိတို႕ရဲ႕ ထိန္းသိမ္းသင့္ေသာ အရာအတြက္ သိသင့္၊သိထိုက္တာမ်ားကို သိျပီးျဖစ္လို႔ က်နး္မာလွပတဲ့ အမ်ိဳးသမီးေလးေတြ ျဖစ္ၾကပါေစလို႔ ေတာင္းဆုျပဳလ်က္….

Credit:(ေရႊအင္းေလး)

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုုးသမီးအင်္ဂါဟာ အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့ အစိတ်အပိုင်း ဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ် ။ နေ့စဉ် ပြုမူဆောင်ရွက်နေတဲ့ အမှုမဲ့၊အမှတ်မဲ့ အပြုအမူများကြောင့် သင့်ရဲ့ မိန်းမကိုယ်အင်္ဂါကို ထိခိုက်ပျက်စီးနိုင်ပြီး ရောဂါပိုးတွေလည်း ဝင်ရောက်နိုင်ပါတယ် ။ ဒါ့ကြောင့် ကိုယ့်ရဲ့ အင်္ဂါကို ဖျက်ဆီး၊ပျက်စီးနိုင်တဲ့ အရေးကြီးသော အကြောင်းအရာတွေကို သိထားဖို့ လိုအပ်လှပါတယ် ။

 အောက်ဖော်ပြပါ အကြောင်းအရာတွေက သင့်ရဲ့ မိန်းမကိုယ်ကို လုံးဝ (လုံးဝ) မပြုလုပ်သင့်သော အချက်အလက်များပဲ ဖြစ်ပါတယ်။

၁။တင်းကြပ်လွန်းသော အတွင်းခံဝတ်ခြင်းကို ရှောင်ပါ။
အလွန်းတင်းကြပ်ပြီး လေဝင်လေထွက်မကောင်းသော အတွင်းခံ ဝတ်ဆင်ခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါသည် ။ တင်းကြပ်သော အတွင်းခံက မိန်းမကိုယ်ကို ပွန်းရှစေပြီး ကျိန်းစပ်မှုကို ဖြစ်ပေါ်စေနိုင်ပါသည် ။ ထို့အပြင် အပူငုပ်၍ ဘက်တီးရီးယားများလည်း ဝင်ရောက်နိုင်ပါသည်။

၂။အနံအသက်ကင်းဆေးတွေမသုံးပါနှင့်
အမျိုးသမီးအင်္ဂါဟာ ပုံမှန်အားဖြင့် အနည်းငယ်နံသောအနံ့ ရှိပါသည် ။ ဒါဟာ သဘာဝဖြစ်ပါသည် ။ စိုးရိမ်စရာ မရှိပါဘူး ။ ထိုအရာကို ပျောက်ကင်းချင်သောစိတ်ဖြင့် ဆေးသုံးခြင်း ၊ ဆပ်ပြာအလွန်သုံးစွဲခြင်းတွေ မပြုလုပ်သင့်ပါဘူး ။ သာမန်ထက် ဆိုးသော အနံ့နံခြင်း ၊ ယားခြင်းတို့ဖြစ်ပေါ်လာလျှင်သာ စိုးရိမ်သင့်ပါသည် ။

၃။ဆပ်ပြာ၊အမွှေးနံ့သုံးခြင်း ရှောင်ပါ။
အထက်မှာ ဖော်ပြထားသည့်အတိုင်း မိန်းကလေးတိုင်းမှာ သဘာဝအတိုင်း အနံ့အသက် အနည်းငယ်ရှိကြပါသည် ။ ဓါတုပစ္စည်းတွေ ပါဝင်တဲ့ ဆပ်ပြာ ၊ အမွှေးနံ့များသုံးခြင်းဖြင့် မိန်းမကိုယ်ကို ပိုးဝင်ရောက်နိုင်ပြီး အခြားသော ဘေးထွက်ဆိုးကျိုးများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည် ။

၄။အမွှေးချွတ်ခရင်မ်များအသုံးပြုခြင်း
အမျိုးသမီးတိုင်းဟာ သူတို့ရဲ့ မိန်းမကိုယ်မှာ အမွှေးအမျှင်ကင်း နူးညံ့လှပချင်တာ သဘာဝပါပဲ။ သို့သော် chemical များစွာပါဝင်တဲ့ အမွှေးချွတ်ခရင်မ်ကို အသုံးပြုခြင်းအားဖြင့် အလာဂျီများ ဖြစ်နိုင်ပြီး အမျိုးသမီး အင်္ဂါ အတွက် မလိုလားအပ်သော ဆိုးကျိုးများစွာကို ဖြစ်စေနိုင်ပါသည် ။အမွှေးအမျှင် ဖယ်ရှားလိုပါက ဖယောင်းအသုံးပြုခြင်း (သို့)ရိတ်ခြင်း စသည့် နည်းလမ်းကို အသုံးပြုဖို့ တိုက်တွန်းလိုပါတယ်။

၅။အမျိုးသမီးသုံးပစ္စည်းကို အချိန်ကြာမြင့်စွာထားခြင်း
အမျိုးသမီးများ ဓမ္မတာလာစဉ်ကာလအတွင်း အမျိုးသမီးသုံးပစ္စည်းကို မကြာခဏ လဲလှယ်ပေးဖို့ အရေးကြီးပါတယ်။ ဓမ္မတာလာစဉ်အချိန်အတွင်း ဘတ်တီးရီးယားပိုးများ အများဆုံးဝင်ရောက်လာနိုင်သဖြင့် သန့်ရှင်းဖို့ အရေးကြီးပါတယ်။ အသုံးပြုပြီး ၄ နာရီ နဲ့ ၈ နာရီကြားမှာ တစ်ကြိမ် လဲလှယ်ပေးသင့်ပါသည် ။

၆။ရေနွေးငွေ့အသုံးပြုခြင်း
အခုနောက်ပိုင်းမှာ အမျိုးသမီးအင်္ဂါကို ရေနွေးငွေ့အသုံးပြုမှုတွေ ခေတ်စားလာပါတယ်။ ရေနွေးငွေ့ အသုံးပြုခြင်း နည်းလမ်းဆိုတာကတော့ သင့်အား အတွင်းခံမဝတ်စေဘဲ ထိုင်စေပြီး ရေနွေးငွေ့ကို မိန်းမကိုယ်ဆီသို့ တိုက်ရိုက်လွှတ်ပေးခြင်းပါ ။ ထိုသို့ပြုလုပ်ခြင်းဖြင့် မိန်းမကိုယ် အညစ်အကြေးတွေကို ပြေပျောက်စေပြီး ဟော်မုန်းများကို ထိန်းညှိပေးနိုင်တယ်လို့ ဆိုပါတယ် ။ အမှန်တကယ်အားဖြင့် ထိုနည်းလမ်းမှာ လုံးဝမှားယွင်းနေပါသည် ။ မိန်းမကိုယ်ဟာ အလွန်နူးညံ့သော နေရာဖြစ်ပြီး ယင်းသို့ပြုလုပ်ခြင်းဖြင့် အပူလောင်စေနိုင်ပါသည် ။ ထို့ပြင် မိန်းမကိုယ်ရှိ သဘာဝ ဘက်တီးရီးယားများကို အနှောင့်အယှက်ပေးနိုင်ပြီး ရောဂါးပိုးများ အလွယ်တကူ ကူးစက်စေနိုင်မှာပါ။

၇။အပေါက်ဖောက်ခြင်း
ရောဂါပိုးများ အလွယ်တကူ ကူးစက်နိုင်သဖြင့် သဘာဝကျော်လွန်ပြီး မိန်းမကိုယ်မှာ အပေါက်ဖောက်ခြင်း ၊ အလှတန်ဆာများ ဝတ်ဆင်ခြင်းတို့ကို ရှောင်ကြဉ်ပါ ။

၈။ဖြူအောင်လုပ်ခြင်း
မိန်းမကိုယ် ၊ စအို စသောနေရာတွေဟာ ထိခိုက်လွယ်သော နူးညံံသော အစိတ်အပိုင်းများဖြစ်သဖြင့် ဖြူအောင်လုပ်သော နည်းလမ်းများကိုလည်း သတိထားသင့်ပါသည် ။

၉။ ပလက်စတစ် Sex Toy များသုံးခြင်း
ပလက်စတစ် Sex Toy များကို ကင်ဆာဖြစ်စေနိုင်တဲ့ phathalates လို့ခေါ်တဲ့ အရာနဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ် ။ ထို sex toy များကို အသုံးပြုခြင်းဖြင့် မကောင်းသော ဘတ်တီးရီးယားများကို ဖြစ်ပေါ်စေနိုင်ပြီး ရောဂါပိုးများ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ် ။

အမျိုးသမီးတို့အနေနဲ့ မိမိတို့ရဲ့ ထိန်းသိမ်းသင့်သော အရာအတွက် သိသင့်၊သိထိုက်တာများကို သိပြီးဖြစ်လို့ ကျန်းမာလှပတဲ့ အမျိုးသမီးလေးတွေ ဖြစ်ကြပါစေလို့ တောင်းဆုပြုလျက်….

Credit:(ရွှေအင်းလေး)


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top