iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ္ခ်င္းတစ္ေယာက္ကို စြန္႔ခြာလိုက္တာဟာ သင့္မွာ ေျပာင္းလဲမႈေတြ ရွိေနျပီဆုိတဲ့ လကၡဏာပါ။ အသက္ၾကီးလာတာနဲ႔အမွ် အလုပ္ေတြေျပာင္းေလ သူငယ္ခ်င္းေတြေျပာင္းေလပါပဲ။ စိတ္ပိုင္းဆုိင္ရာ ရင့္က်က္လာေလ ရင့္က်က္မႈနည္းတဲ့ သူငယ္ခ်င္းေတြကို စြန္႔ခြာမိေလပါပဲ။ ဒါေပမယ့္ ဘယ္အရြယ္ပဲေရာက္ေရာက္ သင္လိုအပ္တဲ့ သူငယ္ခ်င္း သံုးမ်ိဳး ရွိပါတယ္။

၁ - တစ္ေယာက္တည္း မဟုတ္ဘူးကြ

ကိုယ္ဟာ တစ္ေယာက္တည္းမဟုတ္ဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ သိေနေစဖို႔ ျဖစ္ပါတယ္။ လူတုိင္းမွာ အားနည္းခ်က္ေတြ ရွိပါတယ္။ မေက်နပ္တာေတြ အျမဲတမ္းရွိေနပါတယ္။ တျခားလူကို ေျပာျပလိုက္ရင္ ကိုယ့္အေပၚ တစ္မ်ိဳးျမင္သြားမွာ စိုးတဲ့ကိစၥေတြလည္း ရွိပါတယ္။ ကိုယ့္အားနည္းခ်က္၊ ကိုယ့္ေတြးပံုေခၚပံုေတြကို နားလည္တဲ့ သူငယ္ခ်င္းမ်ိဳး လိုတာ ျဖစ္ပါတယ္။ သူတို႔နဲ႔စကားေျပာလိုက္ရတာနဲ႔ ကိုယ့္မွာ တင္းထားတဲ့ စိတ္ေတြေလ်ာ့က်ျပီး သက္ေသာင့္သက္သာ ျဖစ္သြားတဲ့ သူငယ္ခ်င္းမ်ိဳး ျဖစ္ပါတယ္။ အားနည္းခ်က္ေတြရွိေနတဲ့ ကိုယ့္ကိုယ္ကိုယ္ေတာင္ သူတို႔နဲ႕ေတြ႕ရင္ အရွိတုိင္းလက္ခံလိုက္ပါတယ္။ အားနည္းခ်က္ေတြရွိေတာ့လည္း ဘာျဖစ္လဲ၊ ငါ့ဘက္မွာရွိတဲ့ သူငယ္ခ်င္းေတြ ရွိေသးတယ္ဆိုတာမ်ိဳးပါ။

၂ - ေပါေတာေတာ

အသက္ၾကီးလာတာနဲ႔အမွ် ဘဝမွာ ဖိအားေတြ မ်ားလာပါတယ္။  ေလးေလးနက္နက္ေနတာေတြမ်ားလာျပီး မြမ္းၾကပ္လာပါတယ္။ တစ္ခါတစ္ေလ ရူးတူးတူးေပါေတာေတာ ပံုမ်ိဳးနဲ႔ လြပ္လြပ္လပ္လပ္ ေနခ်င္တာပါ။ ဒါေၾကာင့္ တခ်ိဳ႕လူေတြ သူငယ္ခ်င္းအခ်င္းခ်င္း ေျပာေနတဲ့စကားကို ေဘးကလူေတြနားေထာင္ရင္ ဘာေတြ ေျပာေနမွန္းမသိပါဘူး။ သူတို႔အခ်င္းခ်င္း စေနၾကတဲ့ စကားမ်ိဳးဆို ပိုဆုိးပါတယ္။ ဘာရယ္စရာမွ မပါဘဲလည္း ရယ္ေနတတ္ၾကပါတယ္။ ရူးေနၾကတာလားလို႔ေတာင္ ေမးရမယ့္ ပံုပါပဲ။

၃ - ကူညီဦးကြာ

ေတြ႕လိုက္တုိင္း ေပါေတာေတာနဲ႔ ဟာသေတြပဲ လုပ္ေနလို႔ မရပါဘူး။ ကူညီတတ္သူလည္း လိုပါတယ္။  ကိုယ့္ျပႆနာ ကိုယ္ရွင္းရမယ္၊ ေလာကၾကီးမွာ ဘယ္သူ႔မွ ကူညီမွာ မဟုတ္ဘူးဆိုတဲ့ အေတြးက မမွန္ပါဘူး။ သင့္ဘက္ကစျပီး  လိႈက္လိႈက္လွဲလွဲနဲ႔ ကူညီၾကည့္တတ္တဲ့ အက်င့္သာ လုပ္ထားပါ။ အေပါင္းအသင္းေတြဟာ သင့္ဘက္မွာ အျမဲရွိေနတာကို ေတြ႕ရမွာပါ။ ေငြေၾကးကူညီခဲ့လို႔ ေငြေၾကးျပန္မကူညီႏုိင္ဘူးဆုိရင္ေတာင္ တျခားကူညီႏုိင္တာေတြနဲ႔ သင့္ဘက္က အျမဲရွိေနမွာပါ။


Credit : Duwun
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

သူငယ်ချင်းတစ်ယောက်ကို စွန့်ခွာလိုက်တာဟာ သင့်မှာ ပြောင်းလဲမှုတွေ ရှိနေပြီဆိုတဲ့ လက္ခဏာပါ။ အသက်ကြီးလာတာနဲ့အမျှ အလုပ်တွေပြောင်းလေ သူငယ်ချင်းတွေပြောင်းလေပါပဲ။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာလေ ရင့်ကျက်မှုနည်းတဲ့ သူငယ်ချင်းတွေကို စွန့်ခွာမိလေပါပဲ။ ဒါပေမယ့် ဘယ်အရွယ်ပဲရောက်ရောက် သင်လိုအပ်တဲ့ သူငယ်ချင်း သုံးမျိုး ရှိပါတယ်။

၁ - တစ်ယောက်တည်း မဟုတ်ဘူးကွ

ကိုယ်ဟာ တစ်ယောက်တည်းမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သိနေစေဖို့ ဖြစ်ပါတယ်။ လူတိုင်းမှာ အားနည်းချက်တွေ ရှိပါတယ်။ မကျေနပ်တာတွေ အမြဲတမ်းရှိနေပါတယ်။ တခြားလူကို ပြောပြလိုက်ရင် ကိုယ့်အပေါ် တစ်မျိုးမြင်သွားမှာ စိုးတဲ့ကိစ္စတွေလည်း ရှိပါတယ်။ ကိုယ့်အားနည်းချက်၊ ကိုယ့်တွေးပုံခေါ်ပုံတွေကို နားလည်တဲ့ သူငယ်ချင်းမျိုး လိုတာ ဖြစ်ပါတယ်။ သူတို့နဲ့စကားပြောလိုက်ရတာနဲ့ ကိုယ့်မှာ တင်းထားတဲ့ စိတ်တွေလျော့ကျပြီး သက်သောင့်သက်သာ ဖြစ်သွားတဲ့ သူငယ်ချင်းမျိုး ဖြစ်ပါတယ်။ အားနည်းချက်တွေရှိနေတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် သူတို့နဲ့တွေ့ရင် အရှိတိုင်းလက်ခံလိုက်ပါတယ်။ အားနည်းချက်တွေရှိတော့လည်း ဘာဖြစ်လဲ၊ ငါ့ဘက်မှာရှိတဲ့ သူငယ်ချင်းတွေ ရှိသေးတယ်ဆိုတာမျိုးပါ။

၂ - ပေါတောတော

အသက်ကြီးလာတာနဲ့အမျှ ဘဝမှာ ဖိအားတွေ များလာပါတယ်။  လေးလေးနက်နက်နေတာတွေများလာပြီး မွမ်းကြပ်လာပါတယ်။ တစ်ခါတစ်လေ ရူးတူးတူးပေါတောတော ပုံမျိုးနဲ့ လွပ်လွပ်လပ်လပ် နေချင်တာပါ။ ဒါကြောင့် တချို့လူတွေ သူငယ်ချင်းအချင်းချင်း ပြောနေတဲ့စကားကို ဘေးကလူတွေနားထောင်ရင် ဘာတွေ ပြောနေမှန်းမသိပါဘူး။ သူတို့အချင်းချင်း စနေကြတဲ့ စကားမျိုးဆို ပိုဆိုးပါတယ်။ ဘာရယ်စရာမှ မပါဘဲလည်း ရယ်နေတတ်ကြပါတယ်။ ရူးနေကြတာလားလို့တောင် မေးရမယ့် ပုံပါပဲ။

၃ - ကူညီဦးကွာ

တွေ့လိုက်တိုင်း ပေါတောတောနဲ့ ဟာသတွေပဲ လုပ်နေလို့ မရပါဘူး။ ကူညီတတ်သူလည်း လိုပါတယ်။  ကိုယ့်ပြဿနာ ကိုယ်ရှင်းရမယ်၊ လောကကြီးမှာ ဘယ်သူ့မှ ကူညီမှာ မဟုတ်ဘူးဆိုတဲ့ အတွေးက မမှန်ပါဘူး။ သင့်ဘက်ကစပြီး  လှိုက်လှိုက်လှဲလှဲနဲ့ ကူညီကြည့်တတ်တဲ့ အကျင့်သာ လုပ်ထားပါ။ အပေါင်းအသင်းတွေဟာ သင့်ဘက်မှာ အမြဲရှိနေတာကို တွေ့ရမှာပါ။ ငွေကြေးကူညီခဲ့လို့ ငွေကြေးပြန်မကူညီနိုင်ဘူးဆိုရင်တောင် တခြားကူညီနိုင်တာတွေနဲ့ သင့်ဘက်က အမြဲရှိနေမှာပါ။


Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top