iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ်လျော့သွားခြင်းက လူတိုင်းတဲ့ လွယ်တဲ့ကိစ္စတစ်ခုပါ။ နည်းနည်းစားပြီးများများလေ့ကျင့်ခန်းလုပ်ရင် တစ်လအတွင်းမှာ ကိုယ်အလေးချိန် နည်းနည်းတော့လျော့သွားတတ်ကြတာချည်းပါပဲ။ ဒါက လူတစ်ချို့အတွက်တော့ဟုတ်ကောင်းဟုတ်နိုင်ပါလိမ့်မယ်။ တစ်ချို့တွေအတွက်ကတော့ ၀ိတ်ကျသွားဖို့ဆိုတာတော်တော်ကို ခက်ခဲနိုင်ပါတယ်။ သင်ကပုံမှန်လေ့ကျင့်ခန်းလည်းလုပ်တယ်။ အစားအသောက်တွေလည်း လျော့စားနေပါရက်နဲ့ ၀ိတ်ကကျမသွားဘူးဆိုရင်တော့ သေချာပါတယ် တစ်ခုခုတော့လွဲမှားနေပါပြီ။ ဘယ်လိုအချက်တွေက လွဲမှားစေတာလဲဆိုတာ အောက်မှာဆက်ဖတ်ကြည့်ပြီးသင့်ရဲ့ မှားယွင်းနေတဲ့အပြုအမူတွေကိုပြင်ဆင်လိုက်ပါ။

၁။အိပ်ချိန်မမှန်တာ
သင်က ညဘက်စာလေ့လာနေလို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတာပဲဖြစ်ဖြစ် ညဘက်နောက်ကျမှအိပ်တာက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ တစ်နေ့ကို ၅နာရီကနေ ၇နာရီ ဒါမှမဟုတ် အဲဒါထက်လျော့နည်းအောင်အိပ်တဲ့ အရွယ်ရောက်သူတွေမှာ စိတ်ဖိစီးမှုပိုဖြစ်တတ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ အိပ်ရေး၀၀ မအိပ်ထားဘူးဆိုရင် ခန္ဓာကိုယ်ကအင်ဆူလင်ထုတ်လုပ်မှုနှုန်းဟာ လျော့နည်းသွားတတ်ပါတယ်။ အဲဒီကနေတစ်ဆင့် သကြားနဲ့ အမျှင်ဓာတ်ထုတ်လုပ်မှုနှုန်းကိုပြောင်းလဲစေပြီး အဆီတွေကိုပိုမို ဖြစ်စေပါတယ်။ အဲဒီကနေ ပိုပြီးဝလာတာ၊၀ိတ်မကျသွားတာတွေဖြစ်တတ်ပါတယ်။ အများကြီးအိပ်တာက ၀ိတ်ကျသွားအောင် မကူညီနိုင်ပါဘူး။ ဒါပေမယ့် အချိန်နည်းနည်းပဲ အိပ်ရင်တော့ ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။

၂။စိတ်ဖိစီးမှုများတာ
စိတ်ဖိစီးမှုများတာက သင့်ကို ပိုအိုမင်းရင့်ရော်စေပြီး အစားအသောက်လည်း ပိုပြီးစားစေပါတယ်။ ဗိုက်ဆာနေတဲ့အချိန်နဲ့ စိတ်ဖိစီးနေတဲ့အချိန်မှာအချိုနဲ့အဆီဓာတ်များများပါတဲ့အစားအစာတွေကို တောင့်တတတ်ကြပါတယ်။ အဲလိုအဆီတွေစားသုံးလိုက်တာနဲ့ ကိုယ်အလေးချိန်ကကျသွားတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်တတ်နိုင်သမျှ စိတ်ဖိစီးမှုတွေကိုလျော့ချသင့်ပါတယ်။

၃။ပရိုတင်းဓာတ်နည်းနည်းပဲစားတာ
ဝိတ်ချဖို့ကြိုးစားနေတဲ့အချိန်မှာ Saladလို အစားအသောက်တွေကိုစားတာကောင်းပါတယ်။ ဒါပေမယ့် သင့်တင့်မျှတတဲ့ ပရိုတင်းဓာတ်မရှိရင်တော့ Metabolism နှုန်းကလျော့နည်းသွားမှာဖြစ်ပြီး ၀ိတ်ကျဖို့ အချိန်ပိုပြီးကြာနိုင်ပါတယ်။ ပရိုတင်းက သင့်ကိုယ်အလေးချိန်ကျသွားဖို့ အထောက်အကူဓာတ်တစ်ခုပါ။

၎။ကယ်လိုရီများတဲ့ အစားအသောက်တွေစားတာ
ဝိတ်ချနေတယ်လို့ပြောပြီး ကယ်ရီလိုများတဲ့ အစားအသောက်တွေကိုစားနေတဲ့သူတွေအများကြီးပါ။ ဒါကတကယ်ကိုဆိုးရွားတဲ့ အလေ့အထပါပဲ။ သင်စားနေတဲ့အစားအစာတွေထဲမှာပါတဲ့ ကယ်လိုရီတွေကိုသေချာတွက်ပြီးမှစားသင့်ပါတယ်။ ဒီလိုဝိတ်ချနေတဲ့အချိန်မှာ ကိုကာကိုလာတို့၊ကြက်ကြော်တို့၊ ဟမ်ဘာဂါတို့မြင်ရင် မျက်နှာလွှဲပြီးသာနေလိုက်ပါ။

၅။ပုံမှန်လေ့ကျင့်ခန်း မလုပ်တာ
ဒီနေတော့Gymသွားလိုက်၊နောက်နေ့တော့မသွားလိုက်လုပ်တာက သင့်ဝိတ်ကို ပိုတက်စေပါတယ်။ ပြင်းထန်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေ မလုပ်နိုင်ဘူးဆိုရင်တောင်ပြေးတာ၊ရေကူးတာတို့လောက်တော့ လုပ်သင့်ပါတယ်။

၆။မကြာခဏအစားစားတာ
အစားကိုနည်းနည်းလေးနဲ့ ဗိုက်ဆာမှ ထစားတာက ၀ိတ်ကျစေတယ်လို့ တစ်ချို့တွေကဆိုကြပေမယ့် သုတေသနတွေက တကယ်တမ်းမှာတော့ ဘာသက်ရောက်မှုမှ မရှိဘူးလို့ဆိုပါတယ်။

၇။Alcoholအလွန်အကျွံသောက်တာ
သင်က ၀ိတ်ကျချင်ပေမယ့် Alcoholကိုလည်းကြိုက်တယ်ဆိုရင် ဗော်ဒ်ကာလိုမျိုးကို ကယ်လိုရီမပါတဲ့ ယမကာတွေနဲ့ ရောပြီးသောက်လို့ရပါတယ်။ ဘီယာတွေ၊၀ိုင်တွေနဲ့သကြားပါတဲ့ ယမကာတွေမှာ ကယ်လိုရီအများကြီးပါဝင်ပါတယ်။

၈။Dietလုပ်ခြင်းအပေါ်မှာ အာရုံစိုက်လွန်းတာ
Dietလုပ်တာက ရေရှည်မှာအလုပ်မဖြစ်ပါဘူး။ Dietပဲလုပ်လို့လည်းဝိတ်မကျသွားပါဘူး။ဒါ့အပြင် Dietပေါ်မှာပဲ အာရုံစိုက်ထားပြီးတခြားဆင်ခြင်ရမှာတာတွေအပေါ်ဂရုမစိုက်ရင်လည်း သင့်ရဲ့ ကိုယ်အလေးချိန်ကဘယ်တော့မှ လျော့မှာမဟုတ်ပါဘူး။ သင်တင့်မျှတတဲ့Diet Planကို လုပ်ဆောင်ရင် လုံလောက်ပါတယ်။
Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top