iMyanmarHouse.com - Best Property Website for Myanmar
×

ေနပူရွပ္ရင္ ေခါင္းကုိက္၊ ကိုယ္ပူ၊ ေခါင္းမူးတာေတြအျပင္ မစားမေသာက္ခ်င္စိတ္ပါ ျဖစ္လာတတ္ပါတယ္။ ခႏၶာကိုယ္အတြက္ ေရဓာတ္မ်ားမ်ား ျဖည့္တင္းေပးဖို႔ လိုအပ္ပါလိမ့္မယ္။ အလြယ္ဆံုးနည္းကေတာ့ ဓာတ္ဆားရည္ထုပ္ေဖ်ာ္ေသာက္ပါ။

ဓာတ္ဆားတစ္ထုပ္ကို (၂၄) နာရီအတြင္း ေရ (၁) လီတာ တစ္ဘူး ေသာက္ရုံနဲ႔ ေခၽြးအျဖစ္ ထြက္လာတဲ့ ခႏၶာတြင္းက ေရဓာတ္မ်ားကို ျမန္ျမန္ျဖည့္တင္းၿပီးသား ျဖစ္မွာပါ။ စားေသာက္ခ်င္စိတ္ မရွိရင္ေတာင္ ကုိယ္ခံစြမ္းအားနဲ႔ ကာယခြန္အားအတြက္ အာဟာရရွိတဲ့အစာေတြ မ်ားမ်ားႀကိတ္မွိတ္စားၿပီး ျဖည့္တင္းေပးရပါမယ္။ တစ္ေနကုန္ တစ္ေနခန္း ေလေအးေပးစက္ဖြင့္ၿပီး ေနတတ္တဲ့ အက်င့္ရွိရင္ ပိုဆိုးပါတယ္။ တစ္ခ်ိန္လံုး အဲယားကြန္းေလ ေခၽြးမ်ားမ်ားထြက္ပါေစ။ ဒါမွ ေႏြအပူဒဏ္ ခံႏိုင္ရည္ ရွိလာမွာ ျဖစ္ပါတယ္။

ေနပူရွပ္တာတင္မကဘဲ လူက ေမာပန္းႏြမ္းနယ္သလိုပါ ခံစားေနရတယ္ဆိုရင္ အားနည္းေနတာ၊ ေခၽြးထြက္လြန္ေနတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ မူးလဲျခင္း၊ ေအာ့အန္ျခင္းနဲ႔ ရုတ္တရက္ ထိုင္တာ၊ ထတာမွာ မိုက္ခနဲ ျဖစ္ေနၿပီဆိုရင္ ပိုလို႔ေတာင္ အနားယူသင့္ပါေသးတယ္။ ေမာဟိုက္ေနတာက ခႏၶာကိုယ္ရဲ့ သၾကားဓာတ္နဲ႔ ေရဓာတ္ေလ်ာ့နည္းျခင္းေၾကာင့္ ျဖစ္တတ္ပါတယ္။ ဒီလို ေမာပန္းႏြမ္းနယ္မႈကို သက္သာေအာင္ မလုပ္ပဲ လ်စ္လ်ဴ႐ႈထားမယ္ဆိုရင္ သင့္ခႏၶာတြင္းက ကိုယ္ခံအားကို အားေလ်ာ့က်ဆင္းေစၿပီး ေတာ္ေတာ္နဲ႔ နလန္မထူႏိုင္ဘဲ ေရာဂါေပါင္းစံု ဝင္ေရာက္လာပါလိမ့္မယ္။ ေမာပန္းႏြမ္းနယ္ေနသလို ခံစားရမယ္ဆိုရင္ ေပါ့ေပါ့ဆဆမေနဘဲ ခဏေလးျဖစ္ျဖစ္ မ်က္စိေလးမွိတ္ၿပီး အနားယူေနလိုက္ပါ။

ေနပူလွ်ပ္တာ သက္သာေစဖို႔ ေဖ်ာ္ရည္

ဖရဲသီးက ကုိယ္တြင္းက အပူကို ေအးျငိမ္းေအာင္ လုပ္ေပးတာေၾကာင့္ ေနပူလွ်ပ္တာကို သက္သာေစႏိုင္ပါတယ္။ သံပရာရည္ေလးထည့္လိုက္တဲ့အခါ သံပရာနံ႔ေလး သင္းသင္းေလးက အမူးအေမာ္ကို ေျပေစႏိုင္ပါတယ္။ ဖရဲသီး တစ္စိတ္ေလာက္ကို Blender နဲ႔ ႀကိတ္ၿပီး သံပရာရည္ တစ္ဇြန္း၊ ပ်ားရည္ အနည္းငယ္ထည့္ေဖ်ာ္၊ သမေအာင္ ေမႊထားၿပီး ေသာက္သံုးႏိုင္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

နေပူရှပ်ရင် ခေါင်းကိုက်၊ ကိုယ်ပူ၊ ခေါင်းမူးတာတွေအပြင် မစားမသောက်ချင်စိတ်ပါ ဖြစ်လာတတ်ပါတယ်။ ခန္ဓာကိုယ်အတွက် ရေဓာတ်များများ ဖြည့်တင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။ အလွယ်ဆုံးနည်းကတော့ ဓာတ်ဆားရည်ထုပ်ဖျော်သောက်ပါ။

ဓာတ်ဆားတစ်ထုပ်ကို (၂၄) နာရီအတွင်း ရေ (၁) လီတာ တစ်ဘူး သောက်ရုံနဲ့ ချွေးအဖြစ် ထွက်လာတဲ့ ခန္ဓာတွင်းက ရေဓာတ်များကို မြန်မြန်ဖြည့်တင်းပြီးသား ဖြစ်မှာပါ။ စားသောက်ချင်စိတ် မရှိရင်တောင် ကိုယ်ခံစွမ်းအားနဲ့ ကာယခွန်အားအတွက် အာဟာရရှိတဲ့အစာတွေ များများကြိတ်မှိတ်စားပြီး ဖြည့်တင်းပေးရပါမယ်။ တစ်နေကုန် တစ်နေခန်း လေအေးပေးစက်ဖွင့်ပြီး နေတတ်တဲ့ အကျင့်ရှိရင် ပိုဆိုးပါတယ်။ တစ်ချိန်လုံး အဲယားကွန်းလေ ချွေးများများထွက်ပါစေ။ ဒါမှ နွေအပူဒဏ် ခံနိုင်ရည် ရှိလာမှာ ဖြစ်ပါတယ်။

နေပူရှပ်တာတင်မကဘဲ လူက မောပန်းနွမ်းနယ်သလိုပါ ခံစားနေရတယ်ဆိုရင် အားနည်းနေတာ၊ ချွေးထွက်လွန်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ မူးလဲခြင်း၊ အော့အန်ခြင်းနဲ့ ရုတ်တရက် ထိုင်တာ၊ ထတာမှာ မိုက်ခနဲ ဖြစ်နေပြီဆိုရင် ပိုလို့တောင် အနားယူသင့်ပါသေးတယ်။ မောဟိုက်နေတာက ခန္ဓာကိုယ်ရဲ့ သကြားဓာတ်နဲ့ ရေဓာတ်လျော့နည်းခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ဒီလို မောပန်းနွမ်းနယ်မှုကို သက်သာအောင် မလုပ်ပဲ လျစ်လျူရှုထားမယ်ဆိုရင် သင့်ခန္ဓာတွင်းက ကိုယ်ခံအားကို အားလျော့ကျဆင်းစေပြီး တော်တော်နဲ့ နလန်မထူနိုင်ဘဲ ရောဂါပေါင်းစုံ ဝင်ရောက်လာပါလိမ့်မယ်။ မောပန်းနွမ်းနယ်နေသလို ခံစားရမယ်ဆိုရင် ပေါ့ပေါ့ဆဆမနေဘဲ ခဏလေးဖြစ်ဖြစ် မျက်စိလေးမှိတ်ပြီး အနားယူနေလိုက်ပါ။

နေပူလျှပ်တာ သက်သာစေဖို့ ဖျော်ရည်

ဖရဲသီးက ကိုယ်တွင်းက အပူကို အေးငြိမ်းအောင် လုပ်ပေးတာကြောင့် နေပူလျှပ်တာကို သက်သာစေနိုင်ပါတယ်။ သံပရာရည်လေးထည့်လိုက်တဲ့အခါ သံပရာနံ့လေး သင်းသင်းလေးက အမူးအမော်ကို ပြေစေနိုင်ပါတယ်။ ဖရဲသီး တစ်စိတ်လောက်ကို Blender နဲ့ ကြိတ်ပြီး သံပရာရည် တစ်ဇွန်း၊ ပျားရည် အနည်းငယ်ထည့်ဖျော်၊ သမအောင် မွှေထားပြီး သောက်သုံးနိုင်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top