iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ဳိးသားေတြရဲ႕ စြမ္းေဆာင္ရည္ကို ပိုမို ေကာင္းမြန္လာေအာင္ ပံ့ပိုးေပးႏိုင္မယ့္ ေဆးဝါးမ်ဳိးစံု  ရွိေနေပမယ့္ ေဆးေတြကို မမွီဝဲခ်င္ဘူးဆိုရင္ သဘာဝနည္းနဲ႔ စြမ္းေဆာင္ရည္ ေကာင္းမြန္လာေစမယ့္
ေအာက္ပါ နည္းလမ္းေတြကို လိုက္နာ ေပးသင့္ပါတယ္။ အမ်ဳိးသားစြမ္းေဆာင္ရည္ ေကာင္းေစမည့္ အာဟာရ ေလ့က်င့္ခန္း လုပ္တာနဲ႔အတူ လိင္တံဆီကို ေသြးစီးဆင္းမႈ ေကာင္းေစမယ့္ အစားအစာတခ်ဳိ႕ကို တြဲဖက္စားေပးပါ။ အဲဒီအစာေတြကေတာ့-

ၾကက္သြန္ျဖဴႏွင့္ ၾကက္သြန္နီ - ခံတြင္း အနံ႔အတြက္ သိပ္မေကာင္းလွေပမယ့္ ေသြးလွည့္ပတ္မႈ စနစ္အတြက္ ေကာင္းမြန္တဲ့ အစာႏွစ္မ်ဳိးပါ။

ငွက္ေပ်ာသီး - ပိုတက္စီယမ္မ်ားစြာပါတဲ့ ငွက္ေပ်ာသီးဟာ ေသြးဖိအားကို က်ေစၿပီး လိင္မႈဆိုင္ရာ အစိတ္အပိုင္းေတြရဲ႕ လုပ္ငန္းေဆာင္တာကို ေကာင္းမြန္ေစပါတယ္။

င႐ုတ္သီးႏွင့္ င႐ုတ္ေကာင္း - သဘာဝ ဟင္းခတ္ အေမႊးအႀကိဳင္ေတြဟာ ေသြးတိုးနဲ႔ ေရာင္ရမ္းမႈ ေလ်ာ့ က်ေစကာ ေသြးလွည့္ပတ္ စီးဆင္းမႈကို ေကာင္းေစပါတယ္။

အမ်ဳိးသားစြမ္းေဆာင္ရည္ ေကာင္းမြန္ေစမည့္ ျဖည့္စြက္ဓာတ္မ်ား

အမ်ဳိးသားအဂၤါ သန္စြမ္းက်န္းမာေအာင္ စြမ္းေဆာင္ေပးမယ့္ ျဖည့္စြက္ဓာတ္ေတြ ရွိပါတယ္။

အိုမီဂါ ၃ ဖက္တီးအက္စစ္ - ဆယ္လ္မြန္ငါးနဲ႔ တူနာငါးေတြမွာ ေတြ႕ရသလို ေထာပတ္သီးနဲ႔ သံလြင္ဆီထဲ မွာပါတဲ့ အိုမီဂါ ၃ ဟာ ေသြးစီးဆင္းမႈကို ေကာင္းမြန္ေစပါတယ္။

ဗီတာမင္ B1 - ဒီဗီတာမင္က နာ့ဗ္ေၾကာစနစ္ကို ပိုျမန္ျမန္ လႈပ္ရွားေစၿပီး ဦးေႏွာက္ကေန လိင္တံဆီကို အခ်က္ျပမႈ ျမန္ဆန္ေစပါတယ္။ ဒီဗီတာမင္ ပါဝင္တဲ့ အစာေတြက အဆီနည္းတဲ့ ဝက္သား၊ ေျမပဲနီ ပဲနီေစ့ေတြ ျဖစ္ၾကပါတယ္။

ဥအမ်ဳိးမ်ဳိး - ဗီတာမင္ဘီ အုပ္စုမ်ားစြာပါတဲ့ ဥအမ်ဳိးမ်ဳိးဟာ ေဟာ္မုန္းအဆင့္ကို ဟန္ခ်က္ညီေစၿပီး စိတ္ဖိစီး မႈေလ်ာ့က်ကာ အမ်ဳိးသား စြမ္းေဆာင္ရည္ တိုးေစပါတယ္။

တက္တက္ႂကြႂကြ ေနထိုင္လႈပ္ရွားပါ 
 သင့္က်န္းမာေရးကို ပိုေကာင္းမြန္ေစမယ့္ အေကာင္းဆံုး ေလ့က်င့္နည္း တစ္ခုက ႏွလံုးေသြးေၾကာ က်န္းမာေအာင္ ေလ့က်င့္ခန္း လုပ္တာပဲ ျဖစ္ပါတယ္။ ေလ့က်င့္ခန္း လုပ္တာေၾကာင့္ ႏွလံုးခုန္ႏႈန္း မွန္ၿပီး သက္လံုေကာင္းေစပါတယ္။ အေျပးေလ့က်င့္တာ၊ ေရကူးတာ၊ လမ္းေလွ်ာက္တာစတဲ့ ေခၽြးထြက္ေစမယ့္
ေလ့က်င့္ခန္းကို တစ္ေန႔ မိနစ္ ၃၀ ခန္႔ ျပဳလုပ္ေပးရင္ အမ်ဳိးသား စြမ္းေဆာင္ရည္ကို ပိုေကာင္းေစပါတယ္။

Tip! ေလ့က်င့္ခန္း လုပ္တာေၾကာင့္ ဝမ္းဗိုက္အဆီ ေလ်ာ့က်သြားတာဟာ အမ်ဳိးသား စြမ္းေဆာင္ရည္ကို ပိုေကာင္းမြန္ေစတဲ့ အခ်က္ပါ။

စိတ္ဖိစီးမႈ ေလွ်ာ့ခ်ပါ 
စိတ္ဖိစီးမႈဟာ လိင္စိတ္အပါအဝင္ အေထြေထြ က်န္းမာေရးကိုပါ ထိခိုက္ေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ႏွလံုးခုန္ႏႈန္း တိုးတာနဲ႔ ေသြးတိုးတာတို႔ ျဖစ္ေစၿပီး ဒီအခ်က္ ႏွစ္ခုစလံုးဟာ လိင္ဆႏၵနဲ႔ စြမ္းေဆာင္ရည္ကိုေလ်ာ့က်ေစပါတယ္။

စိတ္ဖိစီးမႈေၾကာင့္ ေဆးလိပ္ေသာက္တာနဲ႔ အရက္အလြန္အမင္း ေသာက္တာတို႔ ျဖစ္ေစသလို ဒီအက်င့္ ဆိုး ႏွစ္ခုစလံုးက လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ကို ထိခိုက္ေစႏိုင္ပါတယ္။

ေနျခည္ႏုႏု ခံယူပါ
 ေနျခည္ႏုႏုဟာ ခႏၶာကိုယ္ရဲ႕ မယ္လတိုနင္ ေဟာ္မုန္းထြက္ႏႈန္း ေႏွးေစပါတယ္။ ဒီေဟာ္မုန္းက အိပ္ေမာက်ေစတာေၾကာင့္ လိင္ဆႏၵ ေလ်ာ့က်ေစပါတယ္။ မယ္လတိုနင္ နည္းၿပီး လန္းဆန္းေနမွသာ အမ်ဳိးသားစြမ္းေဆာင္ရည္ ေကာင္းမြန္မွာ ျဖစ္လို႔ အျပင္ထြက္ၿပီး ေနျခည္ႏုႏု ခံယူေပးပါ။ အထူးသျဖင့္ အံု႔မႈိင္းတဲ့ ရာသီေတြမွာ အျပင္ထြက္ကာ ေနျခည္ႏုႏု ခံယူေပးသင့္ပါတယ္။

သင့္အိမ္ ေထာင္ဖက္ကို ဂ႐ုစိုက္ပါ 
 အိမ္ေထာင္ဖက္ရဲ႕ စိတ္ဆႏၵကို အေလးထားမွသာ သင္တို႔ဇနီးေမာင္ႏွံဟာ အိမ္ေထာင္မႈ သုခအျပည့္အဝ ရရွိမွာပါ။ ဒါေၾကာင့္ သင့္အိမ္ေထာင္ဖက္ရဲ႕ က်န္းမာေရးနဲ႔ စိတ္ခ်မ္းသာမႈကိုလည္း ၾကင္ၾကင္နာနာ ဂ႐ုစိုက္ ဖို႔ အေရးႀကီးပါတယ္။


Credit:ေကအမ္

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသားတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမို ကောင်းမွန်လာအောင် ပံ့ပိုးပေးနိုင်မယ့် ဆေးဝါးမျိုးစုံ  ရှိနေပေမယ့် ဆေးတွေကို မမှီဝဲချင်ဘူးဆိုရင် သဘာဝနည်းနဲ့ စွမ်းဆောင်ရည် ကောင်းမွန်လာစေမယ့်
အောက်ပါ နည်းလမ်းတွေကို လိုက်နာ ပေးသင့်ပါတယ်။ အမျိုးသားစွမ်းဆောင်ရည် ကောင်းစေမည့် အာဟာရ လေ့ကျင့်ခန်း လုပ်တာနဲ့အတူ လိင်တံဆီကို သွေးစီးဆင်းမှု ကောင်းစေမယ့် အစားအစာတချို့ကို တွဲဖက်စားပေးပါ။ အဲဒီအစာတွေကတော့-

ကြက်သွန်ဖြူနှင့် ကြက်သွန်နီ - ခံတွင်း အနံ့အတွက် သိပ်မကောင်းလှပေမယ့် သွေးလှည့်ပတ်မှု စနစ်အတွက် ကောင်းမွန်တဲ့ အစာနှစ်မျိုးပါ။

ငှက်ပျောသီး - ပိုတက်စီယမ်များစွာပါတဲ့ ငှက်ပျောသီးဟာ သွေးဖိအားကို ကျစေပြီး လိင်မှုဆိုင်ရာ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပါတယ်။

ငရုတ်သီးနှင့် ငရုတ်ကောင်း - သဘာဝ ဟင်းခတ် အမွှေးအကြိုင်တွေဟာ သွေးတိုးနဲ့ ရောင်ရမ်းမှု လျော့ ကျစေကာ သွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းစေပါတယ်။

အမျိုးသားစွမ်းဆောင်ရည် ကောင်းမွန်စေမည့် ဖြည့်စွက်ဓာတ်များ

အမျိုးသားအင်္ဂါ သန်စွမ်းကျန်းမာအောင် စွမ်းဆောင်ပေးမယ့် ဖြည့်စွက်ဓာတ်တွေ ရှိပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ် - ဆယ်လ်မွန်ငါးနဲ့ တူနာငါးတွေမှာ တွေ့ရသလို ထောပတ်သီးနဲ့ သံလွင်ဆီထဲ မှာပါတဲ့ အိုမီဂါ ၃ ဟာ သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။

ဗီတာမင် B1 - ဒီဗီတာမင်က နာ့ဗ်ကြောစနစ်ကို ပိုမြန်မြန် လှုပ်ရှားစေပြီး ဦးနှောက်ကနေ လိင်တံဆီကို အချက်ပြမှု မြန်ဆန်စေပါတယ်။ ဒီဗီတာမင် ပါဝင်တဲ့ အစာတွေက အဆီနည်းတဲ့ ဝက်သား၊ မြေပဲနီ ပဲနီစေ့တွေ ဖြစ်ကြပါတယ်။

ဥအမျိုးမျိုး - ဗီတာမင်ဘီ အုပ်စုများစွာပါတဲ့ ဥအမျိုးမျိုးဟာ ဟော်မုန်းအဆင့်ကို ဟန်ချက်ညီစေပြီး စိတ်ဖိစီး မှုလျော့ကျကာ အမျိုးသား စွမ်းဆောင်ရည် တိုးစေပါတယ်။

တက်တက်ကြွကြွ နေထိုင်လှုပ်ရှားပါ
 သင့်ကျန်းမာရေးကို ပိုကောင်းမွန်စေမယ့် အကောင်းဆုံး လေ့ကျင့်နည်း တစ်ခုက နှလုံးသွေးကြော ကျန်းမာအောင် လေ့ကျင့်ခန်း လုပ်တာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် နှလုံးခုန်နှုန်း မှန်ပြီး သက်လုံကောင်းစေပါတယ်။ အပြေးလေ့ကျင့်တာ၊ ရေကူးတာ၊ လမ်းလျှောက်တာစတဲ့ ချွေးထွက်စေမယ့်
လေ့ကျင့်ခန်းကို တစ်နေ့ မိနစ် ၃၀ ခန့် ပြုလုပ်ပေးရင် အမျိုးသား စွမ်းဆောင်ရည်ကို ပိုကောင်းစေပါတယ်။

Tip! လေ့ကျင့်ခန်း လုပ်တာကြောင့် ဝမ်းဗိုက်အဆီ လျော့ကျသွားတာဟာ အမျိုးသား စွမ်းဆောင်ရည်ကို ပိုကောင်းမွန်စေတဲ့ အချက်ပါ။

စိတ်ဖိစီးမှု လျှော့ချပါ
စိတ်ဖိစီးမှုဟာ လိင်စိတ်အပါအဝင် အထွေထွေ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့်နှလုံးခုန်နှုန်း တိုးတာနဲ့ သွေးတိုးတာတို့ ဖြစ်စေပြီး ဒီအချက် နှစ်ခုစလုံးဟာ လိင်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကိုလျော့ကျစေပါတယ်။

စိတ်ဖိစီးမှုကြောင့် ဆေးလိပ်သောက်တာနဲ့ အရက်အလွန်အမင်း သောက်တာတို့ ဖြစ်စေသလို ဒီအကျင့် ဆိုး နှစ်ခုစလုံးက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။

နေခြည်နုနု ခံယူပါ
 နေခြည်နုနုဟာ ခန္ဓာကိုယ်ရဲ့ မယ်လတိုနင် ဟော်မုန်းထွက်နှုန်း နှေးစေပါတယ်။ ဒီဟော်မုန်းက အိပ်မောကျစေတာကြောင့် လိင်ဆန္ဒ လျော့ကျစေပါတယ်။ မယ်လတိုနင် နည်းပြီး လန်းဆန်းနေမှသာ အမျိုးသားစွမ်းဆောင်ရည် ကောင်းမွန်မှာ ဖြစ်လို့ အပြင်ထွက်ပြီး နေခြည်နုနု ခံယူပေးပါ။ အထူးသဖြင့် အုံ့မှိုင်းတဲ့ ရာသီတွေမှာ အပြင်ထွက်ကာ နေခြည်နုနု ခံယူပေးသင့်ပါတယ်။

သင့်အိမ် ထောင်ဖက်ကို ဂရုစိုက်ပါ
 အိမ်ထောင်ဖက်ရဲ့ စိတ်ဆန္ဒကို အလေးထားမှသာ သင်တို့ဇနီးမောင်နှံဟာ အိမ်ထောင်မှု သုခအပြည့်အဝ ရရှိမှာပါ။ ဒါကြောင့် သင့်အိမ်ထောင်ဖက်ရဲ့ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုကိုလည်း ကြင်ကြင်နာနာ ဂရုစိုက် ဖို့ အရေးကြီးပါတယ်။


Credit:ကေအမ်



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top