iMyanmarHouse.com - Best Property Website for Myanmar
×

ေန႔တိုင္း မနက္ အိပ္ယာထရင္ တစ္ႀကိမ္၊ ညမအိပ္ခင္မွာ တစ္ႀကိ္မ္ သြားတိုက္ရမယ္။ အစာစားၿပီးတိုင္း ပလုတ္က်င္းရမယ္။ ခံတြင္းတစ္ခုလံုး က်န္းမာဖို႔  သြားတိုက္ဖို႔ တစ္ခုပဲ အေရးႀကီးတာ မဟုုတ္ပါဘူး။ လွ်ာကိုလည္း သန္႔ရွင္းေရး လုပ္ေပးရတယ္။ သြားတိုက္တိုင္း ဒါေလးလုပ္ေပးမယ္ဆိုရင္ သင့္ခံတြင္းမွာ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးေတြ မျဖစ္ေတာ့ပါဘူး။

စားၿပီးတိုင္း ပလုတ္မက်င္းဘူးဆိုရင္ ပါးစပ္ထဲမွာ အစာအၾကြင္းအက်န္ေတြ ကပ္ညိွေနမယ္။ အစာေတြကေန ဘက္တီးရီးယားေတြ ေပါက္တတ္တယ္။ သင့္လွ်ာကို ပံုမွန္မတိုက္ဘူးဆိုရင္ လွ်ာေပၚမွာ အၾကာႀကီး ကပ္ညွိေနတတ္ၿပီး ေတာ္ေတာ္နဲ႔ ဖယ္ရွားလို႔ မရႏိုင္ပါဘူး။ ပါးစပ္ထဲမွာ ဘက္တီးရီးယား အမ်ိဳးေပါင္း (၇၀၀) ေက်ာ္ေလာက္ ရွိေနမွာ ျဖစ္ၿပီး အႏၲရာယ္ရွိတဲ့ ဘက္တီးရီးယားေတြပါ ရွိေနႏိုင္ပါတယ္။

ေရျမွဳပ္ေတြ ေဟာင္းႏြမ္းသြားတဲ့အခါ မည္းမည္းတူးတူးနဲ႔ ေအာ္ဂလီဆန္စရာႀကီး ဆိုတာ သိၾကမယ္ ထင္ပါတယ္။ သင့္လွ်ာကို ဒီလို ဘက္တီးရီးယားေတြ ကပ္ညွိေနတဲ့ လွ်ာျမွဳပ္ႀကီး ျဖစ္လာမွာပါ။ ဒီတိုင္းထားရင္ အႏၲရာယ္ရွိတဲ့ ပိုးမႊားဘက္တီးရီးယားေတြ အိမ္ေဆာက္ၿပီး ေနၾကေတာ့မယ္။ ပိုးမႊားေတြ ပိုမ်ားလာသထက္ မ်ားလာမယ့္အျပင္ အနံ႔ဆိုးေတြလည္း ထြက္လာမယ္။ ဘိုင္အိုဖင္ (Biofilm) လို႔ ေခၚတဲ့ အလႊာတစ္လႊာဖံုးသြားမယ္။ အေပၚယံ လွ်ာအေရာင္ပါ တျဖည္းျဖည္း ေျပာင္းလာၿပီး  လွ်ာရဲ့ အရသာခံအဖုေလးေတြပါ ပ်က္ဆီးသြားေစႏိုင္ပါတယ္။ ၾကာရင္ လွ်ာက မႈိစဲြၿပီး ျဖဴျဖဴႀကီး ျဖစ္လာပါတယ္။ လွ်ာကို သြားပြတ္တံနဲ႔ ပံုမွန္တိုက္ေပးမယ္ဆိုရင္ေတာ့ လွ်ာအေရာင္ ပံုမွန္ျပန္ေျပာင္းသြားပါလိမ့္မယ္။

လွ်ာတိုက္နည္း အဆင့္ဆင့္

လွ်ာကုိ မႈိစဲြေနၿပီဆိုရင္ သြားဖံုးေတြပါ ေရာင္ရမ္းႏိုင္ေစပါတယ္။ သြားမွာ အေပါက္ရွိေနမယ္ဆိုရင္ ေရာဂါပိုးေတြ အေပါက္ထဲ ဝင္လာႏိုင္ပါတယ္။ ဒါေၾကာင့္ "လင္နဲ႔ မယား၊ လွ်ာနဲ႔ သြား" ဆိုသလို ခံတြင္းက်န္းမာေရး ေကာင္းဖို႔ သြားတိုက္တိုင္း လွ်ာကိုပါ တိုက္ခၽြတ္သန္႔စင္ဖို႔ မေမ့ေစခ်င္ပါဘူး။
Credit:duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

နေ့တိုင်း မနက် အိပ်ယာထရင် တစ်ကြိမ်၊ ညမအိပ်ခင်မှာ တစ်ကြိမ် သွားတိုက်ရမယ်။ အစာစားပြီးတိုင်း ပလုတ်ကျင်းရမယ်။ ခံတွင်းတစ်ခုလုံး ကျန်းမာဖို့  သွားတိုက်ဖို့ တစ်ခုပဲ အရေးကြီးတာ မဟုုတ်ပါဘူး။ လျှာကိုလည်း သန့်ရှင်းရေး လုပ်ပေးရတယ်။ သွားတိုက်တိုင်း ဒါလေးလုပ်ပေးမယ်ဆိုရင် သင့်ခံတွင်းမှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ မဖြစ်တော့ပါဘူး။

စားပြီးတိုင်း ပလုတ်မကျင်းဘူးဆိုရင် ပါးစပ်ထဲမှာ အစာအကြွင်းအကျန်တွေ ကပ်ညှိနေမယ်။ အစာတွေကနေ ဘက်တီးရီးယားတွေ ပေါက်တတ်တယ်။ သင့်လျှာကို ပုံမှန်မတိုက်ဘူးဆိုရင် လျှာပေါ်မှာ အကြာကြီး ကပ်ညှိနေတတ်ပြီး တော်တော်နဲ့ ဖယ်ရှားလို့ မရနိုင်ပါဘူး။ ပါးစပ်ထဲမှာ ဘက်တီးရီးယား အမျိုးပေါင်း (၇၀၀) ကျော်လောက် ရှိနေမှာ ဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေပါ ရှိနေနိုင်ပါတယ်။

ရေမြှုပ်တွေ ဟောင်းနွမ်းသွားတဲ့အခါ မည်းမည်းတူးတူးနဲ့ အော်ဂလီဆန်စရာကြီး ဆိုတာ သိကြမယ် ထင်ပါတယ်။ သင့်လျှာကို ဒီလို ဘက်တီးရီးယားတွေ ကပ်ညှိနေတဲ့ လျှာမြှုပ်ကြီး ဖြစ်လာမှာပါ။ ဒီတိုင်းထားရင် အန္တရာယ်ရှိတဲ့ ပိုးမွှားဘက်တီးရီးယားတွေ အိမ်ဆောက်ပြီး နေကြတော့မယ်။ ပိုးမွှားတွေ ပိုများလာသထက် များလာမယ့်အပြင် အနံ့ဆိုးတွေလည်း ထွက်လာမယ်။ ဘိုင်အိုဖင် (Biofilm) လို့ ခေါ်တဲ့ အလွှာတစ်လွှာဖုံးသွားမယ်။ အပေါ်ယံ လျှာအရောင်ပါ တဖြည်းဖြည်း ပြောင်းလာပြီး  လျှာရဲ့ အရသာခံအဖုလေးတွေပါ ပျက်ဆီးသွားစေနိုင်ပါတယ်။ ကြာရင် လျှာက မှိုစွဲပြီး ဖြူဖြူကြီး ဖြစ်လာပါတယ်။ လျှာကို သွားပွတ်တံနဲ့ ပုံမှန်တိုက်ပေးမယ်ဆိုရင်တော့ လျှာအရောင် ပုံမှန်ပြန်ပြောင်းသွားပါလိမ့်မယ်။

လျှာတိုက်နည်း အဆင့်ဆင့်

လျှာကို မှိုစွဲနေပြီဆိုရင် သွားဖုံးတွေပါ ရောင်ရမ်းနိုင်စေပါတယ်။ သွားမှာ အပေါက်ရှိနေမယ်ဆိုရင် ရောဂါပိုးတွေ အပေါက်ထဲ ဝင်လာနိုင်ပါတယ်။ ဒါကြောင့် "လင်နဲ့ မယား၊ လျှာနဲ့ သွား" ဆိုသလို ခံတွင်းကျန်းမာရေး ကောင်းဖို့ သွားတိုက်တိုင်း လျှာကိုပါ တိုက်ချွတ်သန့်စင်ဖို့ မမေ့စေချင်ပါဘူး။

Credit:duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top