iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ရဲ႕ အက်င့္စ႐ိုက္နဲဲ႔ စိတ္ေနသေဘာထားကို ေျခေထာက္ေတြၾကည့္ၿပီး ခန္႔မွန္းလို႔ရတယ္ဆုိရင္ သင္ ယံုပါ့မလား? ဒါဟာ ေ႐ွးကတည္းက ေပၚထြန္းလာခဲ့တဲ့ နည္းတစ္ခုျဖစ္ပါတယ္။ အထိုက္အေလ်ာက္လည္း မွန္ကန္ပါတယ္။ ကိုယ့္ေျခေထာက္ပံုစံက ဘယ္လိုမ်ိဳးလဲဆုိတာ အရင္ဆံုး တုိက္ၾကည့္ပါ။ ၿပီးရင္ တျခားလူေတြရဲ႕စိတ္ေနသေဘာထားေတြကိုပါ သူ႔ရဲ႕ေျခေထာက္ကိုၾကည့္ၿပီး ခန္႔မွန္းလိုက္ပါဦး။

 

၁။ အီဂ်စ္
ေျခေခ်ာင္းေလးေတြ အားလံုးက မတိမ္းမယိမ္းေလးနဲ႔ လွပပါတယ္။ တစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္း အတုိအ႐ွည္ကလည္း သိပ္မကြာပါဘူး။ ေျခမကေန ေျခသန္းေလးအထိ အားလံုးက အနိမ့္အျမင့္ အစဥ္လိုက္အတုိင္း သြားတဲ့ ပံုစံမ်ိဳးပါ။ ဒီလိုေျခေထာက္ပိုင္႐ွင္မ်ိဳးက လွ်ိဳ႕ဝွက္တတ္တယ္၊ တစ္ကိုယ္တည္းေနတတ္တယ္၊ စိတ္အေျပာင္းအလဲလည္း ျမန္ၾကသတဲ့။
 

၂။ ေရာမ
သူက်ေတာ့ ေျခေခ်ာင္းေတြက ခပ္ကားကားပဲ။ ေျခမနဲ႔ ကပ္လ်က္ေျခေခ်ာင္းေတြက တျခားေျခေခ်ာင္းေလးေတြနဲ႔ အေတာ္ကို ပံုစံကြဲပါတယ္။ ဒီလိုေျခေထာက္ပိုင္႐ွင္ေတြကေတာ့ ေယဘုယ်အားျဖင့္ အေပါင္းအသင္းမ်ားပါတယ္။ ခင္စရာလည္းေကာင္းပါတယ္။ ၿပီးေတာ့ ဒီလိုေျခေထာက္ပံုစံမ်ိဳးက အေတြ႔မ်ားပါတယ္။
 
၃။ ဖီးဆင့္ေျခေခ်ာင္း
ေျခေခ်ာင္းေတြအားလံုးက ညီညီညာညာ ႐ွိေနပါတယ္။ ေလးေထာင့္ပံုသ႑န္မ်ိဳးပါပဲ။ ဒီေျခေထာက္ပိုင္႐ွင္ေတြက စိတ္တည္ၿငိမ္ၾကတယ္၊ လက္ေတြ႔ဆန္ၾကတယ္။ ယံုၾကည္စိတ္ခ်ရတဲ့လူေတြလို႔ ဆုိတယ္။
 
၄။ ဂရိ
တျခားေျခေခ်ာင္းေတြနဲ႔ယွဥ္ရင္ ေျခညႇိဳးက အ႐ွည္ဆံုးပဲ။ ေျခမထက္ေတာင္ ႐ွည္ေနေသးတယ္။ အႏုပညာဆန္တဲ့ ေျခေထာက္ပိုင္႐ွင္ေတြလို႔ ဆုိရမယ့္လူမ်ိးပါ။ ခံစားလြယ္သူေတြလည္း ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ အားကစားသမားေတြထံမွာ ဒီေျခေထာက္ပံုစံမ်ိဳးကို အေတြ႔မ်ားပါတယ္။
 

၅။ ကပ္ေနတဲ့ေျခသန္းေလး
ေျခသန္းေလးက အျခားေျခေခ်ာင္းေတြဘက္ကို ယိမ္းၿပီး ကပ္ေနပါတယ္။ ေျခသန္းတစ္ေခ်ာင္းတည္းလည္း မလႈပ္ႏုိင္ပါဘူး။ ေျခသန္းၾကြက္သား မေကာင္းတာေတာ့မဟုတ္ပါဘူး။ သူ႔ဘာသာ ကပ္ေနတာမ်ိဳးပါ။ စိတ္ၿငိမ္တယ္၊ ခ်င့္ခ်ိန္ႏိုင္စြမ္းရွိတယ္။ ကိုယ့္ဘဝကိုယ္ ခန္႔မွန္းတြက္ဆႏိုင္တဲ့လူမ်ိဳးပါ။ ေရွးရိုးဆန္ၿပီး အလုပ္ႀကိဳးစားသူေတြလည္း ျဖစ္ပါတယ္။
 
၆။ ကားေနတဲ့ ေျခသန္းေလး
တျခားေျခေခ်ာင္းေလးေတြက စုေနၿပီး ေျခသန္းတစ္ေခ်ာင္းတည္း အျပင္ဘက္ကို ကားထြက္ေနတာ ျဖစ္ပါတယ္။ ကိုယ္ပိုင္ဘဝနဲ႔ ေနထိုင္လိုၾကတဲဲ့စိတ္ရွိၾကပါတယ္။ စြန္႔စားရတာ ဝါသနာပါတယ္။ စိတ္ကို သက္ေတာင့္သက္သာပဲထားၾကၿပီး အေျပာင္းအလဲဲကို မေၾကာက္ၾကသူေတြပါ။ ၾကည့္လိုက္ရင္လည္း ဘယ္ေတာ့မွ တည္တည္ၿငိမ္ၿငိမ္ကိုမ႐ွိဘူး။
 

၇။ ေျခေခ်ာင္းတိုတိုေလးေတြ
ကိုယ့္စိတ္ကိုပဲ ဦးစားေပးတတ္ၾကတဲ့ သူေတြပါ။ လူေတြက ဘယ္လိုပဲ ထင္ျမင္ေနပါေစ ဂ႐ုမစိုက္တတ္ဘူး။ ကိုယ္လုပ္ခ်င္တာကိုပဲ လုပ္တတ္ၾကပါတယ္။ ဒါေပမဲ့ သူတုိ႔က ခန္႔မွန္းရခက္တဲ့လူေတြလည္း ျဖစ္ေနျပန္ေရာ။
 

၈။ အျပင္ဘက္ကိုကားေနတဲ့ေျခခလယ္
ေျခခလယ္က ေျခညႇိဳးနဲ႔ဆန္႔က်င္ဘက္ကို ညႊတ္ေနပါတယ္။ အက်ိဳးအျမတ္ရဖို႔အတြက္ ဂ႐ုတစိုုက္ စီမံကိန္းခ်ၾကတယ္။ စနစ္က်တယ္။ ဘယ္အေျခအေနမ်ိဳးမွာမဆုိ အားလံုးကို ထိန္းထိန္းသိမ္းသိမ္း လုပ္ၾကသူေတြပါ။
 

၉။ ေျခညႇိဳးနဲ႔ေျခခလယ္ ပူးမေနဘူး
ေျခညႇိဳးနဲ႔ ေျခခလယ္ၾကားမွာ ဟေနတဲ့ ပံုစံမ်ိဳး ျဖစ္ပါတယ္။ ေျပရာေျပေၾကာင္း ေျပာဆုိဆက္ဆံတတ္သူ၊ ညႇိႏႈိင္းတတ္ၾကသူေတြပါ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version


 လူတစ်ယောက်ရဲ့ အကျင့်စရိုက်နဲ့ စိတ်နေသဘောထားကို ခြေထောက်တွေကြည့်ပြီး ခန့်မှန်းလို့ရတယ်ဆိုရင် သင် ယုံပါ့မလား? ဒါဟာ ရှေးကတည်းက ပေါ်ထွန်းလာခဲ့တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ အထိုက်အလျောက်လည်း မှန်ကန်ပါတယ်။ ကိုယ့်ခြေထောက်ပုံစံက ဘယ်လိုမျိုးလဲဆိုတာ အရင်ဆုံး တိုက်ကြည့်ပါ။ ပြီးရင် တခြားလူတွေရဲ့စိတ်နေသဘောထားတွေကိုပါ သူ့ရဲ့ခြေထောက်ကိုကြည့်ပြီး ခန့်မှန်းလိုက်ပါဦး။

၁။ အီဂျစ်

ခြေချောင်းလေးတွေ အားလုံးက မတိမ်းမယိမ်းလေးနဲ့ လှပပါတယ်။ တစ်ချောင်းနဲ့တစ်ချောင်း အတိုအရှည်ကလည်း သိပ်မကွာပါဘူး။ ခြေမကနေ ခြေသန်းလေးအထိ အားလုံးက အနိမ့်အမြင့် အစဉ်လိုက်အတိုင်း သွားတဲ့ ပုံစံမျိုးပါ။ ဒီလိုခြေထောက်ပိုင်ရှင်မျိုးက လျှို့ဝှက်တတ်တယ်၊ တစ်ကိုယ်တည်းနေတတ်တယ်၊ စိတ်အပြောင်းအလဲလည်း မြန်ကြသတဲ့။

၂။ ရောမ

သူကျတော့ ခြေချောင်းတွေက ခပ်ကားကားပဲ။ ခြေမနဲ့ ကပ်လျက်ခြေချောင်းတွေက တခြားခြေချောင်းလေးတွေနဲ့ အတော်ကို ပုံစံကွဲပါတယ်။ ဒီလိုခြေထောက်ပိုင်ရှင်တွေကတော့ ယေဘုယျအားဖြင့် အပေါင်းအသင်းများပါတယ်။ ခင်စရာလည်းကောင်းပါတယ်။ ပြီးတော့ ဒီလိုခြေထောက်ပုံစံမျိုးက အတွေ့များပါတယ်။

၃။ ဖီးဆင့်ခြေချောင်း

ခြေချောင်းတွေအားလုံးက ညီညီညာညာ ရှိနေပါတယ်။ လေးထောင့်ပုံသဏ္ဍန်မျိုးပါပဲ။ ဒီခြေထောက်ပိုင်ရှင်တွေက စိတ်တည်ငြိမ်ကြတယ်၊ လက်တွေ့ဆန်ကြတယ်။ ယုံကြည်စိတ်ချရတဲ့လူတွေလို့ ဆိုတယ်။

၄။ ဂရိ

တခြားခြေချောင်းတွေနဲ့ယှဉ်ရင် ခြေညှိုးက အရှည်ဆုံးပဲ။ ခြေမထက်တောင် ရှည်နေသေးတယ်။ အနုပညာဆန်တဲ့ ခြေထောက်ပိုင်ရှင်တွေလို့ ဆိုရမယ့်လူမျိးပါ။ ခံစားလွယ်သူတွေလည်း ဖြစ်ပါတယ်။ များသောအားဖြင့် အားကစားသမားတွေထံမှာ ဒီခြေထောက်ပုံစံမျိုးကို အတွေ့များပါတယ်။

၅။ ကပ်နေတဲ့ခြေသန်းလေး

ခြေသန်းလေးက အခြားခြေချောင်းတွေဘက်ကို ယိမ်းပြီး ကပ်နေပါတယ်။ ခြေသန်းတစ်ချောင်းတည်းလည်း မလှုပ်နိုင်ပါဘူး။ ခြေသန်းကြွက်သား မကောင်းတာတော့မဟုတ်ပါဘူး။ သူ့ဘာသာ ကပ်နေတာမျိုးပါ။ စိတ်ငြိမ်တယ်၊ ချင့်ချိန်နိုင်စွမ်းရှိတယ်။ ကိုယ့်ဘဝကိုယ် ခန့်မှန်းတွက်ဆနိုင်တဲ့လူမျိုးပါ။ ရှေးရိုးဆန်ပြီး အလုပ်ကြိုးစားသူတွေလည်း ဖြစ်ပါတယ်။

၆။ ကားနေတဲ့ ခြေသန်းလေး

တခြားခြေချောင်းလေးတွေက စုနေပြီး ခြေသန်းတစ်ချောင်းတည်း အပြင်ဘက်ကို ကားထွက်နေတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဘဝနဲ့ နေထိုင်လိုကြတဲ့စိတ်ရှိကြပါတယ်။ စွန့်စားရတာ ဝါသနာပါတယ်။ စိတ်ကို သက်တောင့်သက်သာပဲထားကြပြီး အပြောင်းအလဲကို မကြောက်ကြသူတွေပါ။ ကြည့်လိုက်ရင်လည်း ဘယ်တော့မှ တည်တည်ငြိမ်ငြိမ်ကိုမရှိဘူး။

၇။ ခြေချောင်းတိုတိုလေးတွေ

ကိုယ့်စိတ်ကိုပဲ ဦးစားပေးတတ်ကြတဲ့ သူတွေပါ။ လူတွေက ဘယ်လိုပဲ ထင်မြင်နေပါစေ ဂရုမစိုက်တတ်ဘူး။ ကိုယ်လုပ်ချင်တာကိုပဲ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ သူတို့က ခန့်မှန်းရခက်တဲ့လူတွေလည်း ဖြစ်နေပြန်ရော။

၈။ အပြင်ဘက်ကိုကားနေတဲ့ခြေခလယ်

ခြေခလယ်က ခြေညှိုးနဲ့ဆန့်ကျင်ဘက်ကို ညွှတ်နေပါတယ်။ အကျိုးအမြတ်ရဖို့အတွက် ဂရုတစိုုက် စီမံကိန်းချကြတယ်။ စနစ်ကျတယ်။ ဘယ်အခြေအနေမျိုးမှာမဆို အားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြသူတွေပါ။

၉။ ခြေညှိုးနဲ့ခြေခလယ် ပူးမနေဘူး

ခြေညှိုးနဲ့ ခြေခလယ်ကြားမှာ ဟနေတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ပြေရာပြေကြောင်း ပြောဆိုဆက်ဆံတတ်သူ၊ ညှိနှိုင်းတတ်ကြသူတွေပါ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top