iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးတုိင္းဟာ ကိုယ္ႏွစ္သက္ျမတ္ႏုိးသူကိုသာ ခ်စ္သူအျဖစ္ ေရြးခ်ယ္လုိၾကၿပီး၊ ေရြးခ်ယ္ထားတဲ့ ခ်စ္သူနဲ႔သာလွ်င္ လက္ဆက္ ေပါင္းသင္းလုိၾကပါတယ္။ ဒီလုိပဲ ဘ၀တစ္ေယာက္မွာ ခ်စ္သူရဲ႕ အယုအယေလးေတြေၾကာင့္ ေျပာမျပတတ္  ေအာင္ ေပ်ာ္ရႊင္ခဲ့ရတာေလးေတြရွိပါတယ္။ ခ်စ္သူကို ေပ်ာ္ရႊင္ေစႏုိင္တဲ့ အမ်ိဳးသားတုိ႔ အျပဳအမူေတြကို Shwemom ပရိသတ္ႀကီးအတြက္ မွ်ေ၀ေပးလုိက္ပါတယ္။

(၁) တစ္ဦးတည္းေသာခ်စ္သူလုိ႔ ခံစားရေစတဲ့အခါတုိင္း

ဘယ္အမ်ိဳးသမီးပဲျဖစ္ျဖစ္ အခ်စ္ကိုေတာ့ တစ္ဦးတည္း မူပုိင္သိမ္းထားလုိပါတယ္။ သူမရဲ႕ သက္ဆုိင္သူကို သူမတစ္
ေယာက္ကပဲ အခ်စ္ေတြ အျပည့္အ၀ေပးလုိၿပီး၊ ဘယ္သူနဲ႔မွ မွ်ေ၀ဖုိ႔ စိတ္ကူးမရွိပါဘူး။ ဒီလုိပဲ သက္ဆုိင္သူ အမ်ိဳးသားက သူခ်စ္တာ ဒီတစ္ေယာက္တည္းပါဘဲဆုိတာ ေသခ်ာေစတယ္၊ ေပၚလြင္ေစတယ္ဆုိရင္ အဲဒီအမ်ိဳးသမီးဟာ ကမာၻမွာ အေပ်ာ္ဆုံးပါဘဲ။
(၂) ခ်စ္သူေပ်ာ္ဖုိ႔ ႐ူးေၾကာင္ေၾကာင္လုပ္ရလည္း ကိစၥမရွိ

အမ်ိဳးသားေတြဟာ ခ်စ္သူနဲ႔ ေတြ႔တဲ့အခါ လူရႊင္ေတာ္ေတြလည္း ျဖစ္သြားတတ္သလုိ၊ အတန္းစာေတြ ျပန္ရွင္းျပရတဲ့ ပါေမာကၡေတြလည္း ျဖစ္သြားႏုိင္ပါတယ္။ ခ်စ္သူသာ စိတ္ခ်မ္းသာဖုိ႔ဆုိရင္ အ႐ူးကြက္နင္းၿပီး ေနာက္ရေျပာင္ရလည္း မမႈဘူး ဆုိတဲ့ အမ်ိဳးသားေတြမွာ အလြန္ေပ်ာ္ရႊင္ေနတဲ့ ေကာင္မေလးေတြကို ပိုင္ဆုိင္ထားပါတယ္။

(၃) ဘာျဖစ္ေနေန ၀မ္းေျမာက္၀မ္းသာ ခ်စ္တဲ့စိတ္

အခ်စ္ဟာ လူပုဂၢိဳလ္ရဲ႕ အေျခအေနအေန ေျပာင္းလဲမႈနဲ႔၊ ႐ုပ္ရည္႐ူပကာ လွျပေျပျပစ္မႈကို အဓိကအားျဖင့္ အေျခခံတာ မဟုတ္ပါဘူး။ အခ်စ္စစ္ဆုိတာ သူ ဘာျဖစ္ေနေန ခ်စ္မယ္ဆုိတဲ့ စိတ္ထားသာ ျဖစ္ပါတယ္။ သူမ ဘာျဖစ္ျဖစ္ ၀မ္းေျမာက္၀မ္း သာ ခ်စ္ေပးႏုိင္တယ္ဆုိရင္ အဲဒီအမ်ိဳးသမီးဟာ ခ်စ္သူရ ကံအေကာင္းဆုံးလုိ႔ ဆုိရမွာပါ။
(၄) သတိတရ စာေလးေတြ ပို႔တတ္တယ္

တကယ္လုိ႔ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ခ်စ္သူအမ်ိဳးသားဟာ ဘယ္ေလာက္ပဲ ေ၀းေနေန ၾကည္ႏႈးစြတ္ပ်ံ႕ဖြယ္ရာ စာေလးေတြ ေရးပို႔တတ္သလုိ၊ ခ်စ္သူစိတ္ခ်မ္းသာဖုိ႔ ဖုန္းနဲ႔ မက္ေဆ့နဲ႔ ရယ္စရာေမာစရာေလးေတြ သတိတရ ေရးပုိ႔ တတ္တယ္ဆုိရင္ အဲဒီအမ်ိဳးသမီးဟာ ခ်စ္သူေၾကာင့္ အၿမဲစိတ္ခ်မ္းသာရပါတယ္။
(၅) အရာရာမွာ ဦးစားေပးပုဂၢိဳလ္

ႏွစ္ဦးအတူတူ ရွိေနတဲ့အခါမွာပဲျဖစ္ျဖစ္ ဦးစားေပးေဆာင္ရြက္ဖုိ႔ ကိစၥရပ္ေတြ ေပၚလာတဲ့အခါမွာပဲျဖစ္ျဖစ္၊ သင့္ခ်စ္သူဟာ သင့္ကိုသာ ဦးစားေပးဆက္ဆံတယ္၊ ဦးစားေပး ျဖည့္ဆည္းေပးတယ္၊ သင္ဟာ သူ႕အတြက္ေတာ့ သီးသန္႔ VVIP အျဖစ္ မွတ္ယူထားတယ္ဆုိရင္ သင္ဟာ ေပ်ာ္စရာေကာင္းတဲ့ ခ်စ္သူဘ၀ကို ပိုင္ဆုိုင္ထားတယ္ဆုိတာ ေသခ်ာပါတယ္။

(၆) အျပည့္အ၀ နားလည္တယ္

လူတုိင္းလူတုိင္း အတၱေတြ၊ မာနေတြ၊ ခံယူခ်က္ေတြဟာ အၿမဲတစ္ထပ္တည္း မက်ႏုိင္ပါဘူး။ ဒါေပမယ့္ တကယ္ခ်စ္တဲ့ ခ်စ္သူေတြဆိုတာ မတူတဲ့အခ်က္ေတြကို အျပည့္အ၀နားလည္ေပးၿပီး၊ တူတဲ့အခ်က္ေတြကို ပူးေပါင္းေဖာ္ေဆာင္တာမ်ိဳးပါ။ ခ်စ္သူ ျဖစ္ခ်င္ေတြဟာ မိမိသေဘာဆႏၵနဲ႔ တစ္ထပ္တည္းမက်ေတာင္ ခ်စ္သူျဖစ္လုိရာကို မျဖစ္ျဖစ္ေအာင္ ပူးေပါင္းေကာင္
အထည္ ေဖာ္ေပးတတ္ပါတယ္။ ဒီအခ်က္ဟာ ပါရမီရွင္ျဖည့္ဘက္ စစ္စစ္ဆုိတဲ့ အခ်က္ပါဘဲ။
(၇) အရာရာအတြက္ အဆင္သင့္ျဖစ္ေနသူ

တကယ္လုိ႔ သင့္ခ်စ္သူအမ်ိဳးသားဟာ ရင္ဆုိင္ေျဖရွင္းရန္ ျပႆနာရပ္ေတြ ရွိလာတဲ့အခါတုိင္း ေရွ႕ကေန မားမားမတ္မတ္ ရင္ဆုိင္ေျဖရွင္းေပးတတ္တယ္၊ ေလာကဓံအလွည့္အေျပာင္း အဆုိးအေကာင္းေတြကို ႀကံ့ႀကံ့ခံ ရင္ဆုိင္ရင္း ခ်စ္သူအတြက္ ေပးဆပ္ဖုိ႔ အဆင္သင့္ျဖစ္ေနတယ္ဆုိရင္ သင္ဟာ အလြန္ေပ်ာ္စရာေကာင္းတဲ့ အခ်စ္ခရီးကို ေလွ်ာက္လွမ္းေနရသူ တစ္ေယာက္ဆုိတာ ေသခ်ာပါတယ္။

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးသမီးတိုင်းဟာ ကိုယ်နှစ်သက်မြတ်နိုးသူကိုသာ ချစ်သူအဖြစ် ရွေးချယ်လိုကြပြီး၊ ရွေးချယ်ထားတဲ့ ချစ်သူနဲ့သာလျှင် လက်ဆက် ပေါင်းသင်းလိုကြပါတယ်။ ဒီလိုပဲ ဘဝတစ်ယောက်မှာ ချစ်သူရဲ့ အယုအယလေးတွေကြောင့် ပြောမပြတတ်  အောင် ပျော်ရွှင်ခဲ့ရတာလေးတွေရှိပါတယ်။ ချစ်သူကို ပျော်ရွှင်စေနိုင်တဲ့ အမျိုးသားတို့ အပြုအမူတွေကို Shwemom ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

(၁) တစ်ဦးတည်းသောချစ်သူလို့ ခံစားရစေတဲ့အခါတိုင်း

ဘယ်အမျိုးသမီးပဲဖြစ်ဖြစ် အချစ်ကိုတော့ တစ်ဦးတည်း မူပိုင်သိမ်းထားလိုပါတယ်။ သူမရဲ့ သက်ဆိုင်သူကို သူမတစ်
ယောက်ကပဲ အချစ်တွေ အပြည့်အဝပေးလိုပြီး၊ ဘယ်သူနဲ့မှ မျှဝေဖို့ စိတ်ကူးမရှိပါဘူး။ ဒီလိုပဲ သက်ဆိုင်သူ အမျိုးသားက သူချစ်တာ ဒီတစ်ယောက်တည်းပါဘဲဆိုတာ သေချာစေတယ်၊ ပေါ်လွင်စေတယ်ဆိုရင် အဲဒီအမျိုးသမီးဟာ ကမ္ဘာမှာ အပျော်ဆုံးပါဘဲ။
(၂) ချစ်သူပျော်ဖို့ ရူးကြောင်ကြောင်လုပ်ရလည်း ကိစ္စမရှိ

အမျိုးသားတွေဟာ ချစ်သူနဲ့ တွေ့တဲ့အခါ လူရွှင်တော်တွေလည်း ဖြစ်သွားတတ်သလို၊ အတန်းစာတွေ ပြန်ရှင်းပြရတဲ့ ပါမောက္ခတွေလည်း ဖြစ်သွားနိုင်ပါတယ်။ ချစ်သူသာ စိတ်ချမ်းသာဖို့ဆိုရင် အရူးကွက်နင်းပြီး နောက်ရပြောင်ရလည်း မမှုဘူး ဆိုတဲ့ အမျိုးသားတွေမှာ အလွန်ပျော်ရွှင်နေတဲ့ ကောင်မလေးတွေကို ပိုင်ဆိုင်ထားပါတယ်။

(၃) ဘာဖြစ်နေနေ ဝမ်းမြောက်ဝမ်းသာ ချစ်တဲ့စိတ်

အချစ်ဟာ လူပုဂ္ဂိုလ်ရဲ့ အခြေအနေအနေ ပြောင်းလဲမှုနဲ့၊ ရုပ်ရည်ရူပကာ လှပြပြေပြစ်မှုကို အဓိကအားဖြင့် အခြေခံတာ မဟုတ်ပါဘူး။ အချစ်စစ်ဆိုတာ သူ ဘာဖြစ်နေနေ ချစ်မယ်ဆိုတဲ့ စိတ်ထားသာ ဖြစ်ပါတယ်။ သူမ ဘာဖြစ်ဖြစ် ဝမ်းမြောက်ဝမ်း သာ ချစ်ပေးနိုင်တယ်ဆိုရင် အဲဒီအမျိုးသမီးဟာ ချစ်သူရ ကံအကောင်းဆုံးလို့ ဆိုရမှာပါ။
(၄) သတိတရ စာလေးတွေ ပို့တတ်တယ်

တကယ်လို့ အမျိုးသမီးတစ်ယောက်ရဲ့ ချစ်သူအမျိုးသားဟာ ဘယ်လောက်ပဲ ဝေးနေနေ ကြည်နှုးစွတ်ပျံ့ဖွယ်ရာ စာလေးတွေ ရေးပို့တတ်သလို၊ ချစ်သူစိတ်ချမ်းသာဖို့ ဖုန်းနဲ့ မက်ဆေ့နဲ့ ရယ်စရာမောစရာလေးတွေ သတိတရ ရေးပို့ တတ်တယ်ဆိုရင် အဲဒီအမျိုးသမီးဟာ ချစ်သူကြောင့် အမြဲစိတ်ချမ်းသာရပါတယ်။
(၅) အရာရာမှာ ဦးစားပေးပုဂ္ဂိုလ်

နှစ်ဦးအတူတူ ရှိနေတဲ့အခါမှာပဲဖြစ်ဖြစ် ဦးစားပေးဆောင်ရွက်ဖို့ ကိစ္စရပ်တွေ ပေါ်လာတဲ့အခါမှာပဲဖြစ်ဖြစ်၊ သင့်ချစ်သူဟာ သင့်ကိုသာ ဦးစားပေးဆက်ဆံတယ်၊ ဦးစားပေး ဖြည့်ဆည်းပေးတယ်၊ သင်ဟာ သူ့အတွက်တော့ သီးသန့် VVIP အဖြစ် မှတ်ယူထားတယ်ဆိုရင် သင်ဟာ ပျော်စရာကောင်းတဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ထားတယ်ဆိုတာ သေချာပါတယ်။

(၆) အပြည့်အ၀ နားလည်တယ်

လူတိုင်းလူတိုင်း အတ္တတွေ၊ မာနတွေ၊ ခံယူချက်တွေဟာ အမြဲတစ်ထပ်တည်း မကျနိုင်ပါဘူး။ ဒါပေမယ့် တကယ်ချစ်တဲ့ ချစ်သူတွေဆိုတာ မတူတဲ့အချက်တွေကို အပြည့်အဝနားလည်ပေးပြီး၊ တူတဲ့အချက်တွေကို ပူးပေါင်းဖော်ဆောင်တာမျိုးပါ။ ချစ်သူ ဖြစ်ချင်တွေဟာ မိမိသဘောဆန္ဒနဲ့ တစ်ထပ်တည်းမကျတောင် ချစ်သူဖြစ်လိုရာကို မဖြစ်ဖြစ်အောင် ပူးပေါင်းကောင်
အထည် ဖော်ပေးတတ်ပါတယ်။ ဒီအချက်ဟာ ပါရမီရှင်ဖြည့်ဘက် စစ်စစ်ဆိုတဲ့ အချက်ပါဘဲ။
(၇) အရာရာအတွက် အဆင်သင့်ဖြစ်နေသူ

တကယ်လို့ သင့်ချစ်သူအမျိုးသားဟာ ရင်ဆိုင်ဖြေရှင်းရန် ပြဿနာရပ်တွေ ရှိလာတဲ့အခါတိုင်း ရှေ့ကနေ မားမားမတ်မတ် ရင်ဆိုင်ဖြေရှင်းပေးတတ်တယ်၊ လောကဓံအလှည့်အပြောင်း အဆိုးအကောင်းတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ချစ်သူအတွက် ပေးဆပ်ဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုရင် သင်ဟာ အလွန်ပျော်စရာကောင်းတဲ့ အချစ်ခရီးကို လျှောက်လှမ်းနေရသူ တစ်ယောက်ဆိုတာ သေချာပါတယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top