iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ကြင္းညိဳတာကို ကာကြယ္တားဆီးဖုိ႔ နည္းလမ္းအမ်ဳိးမ်ဳိး လုပ္ေဆာင္ႏုိင္ေပမယ့္ မ်က္ကြင္းေတြ ဘာေၾကာင့္ညိဳမည္းသြားရလဲဆုိတာ သိခ်င္စူစမ္းခ်င္စိတ္ ျဖစ္ဖူးပါသလား။ သင္ျပဳမူလုပ္ေဆာင္ေနတဲ့အထဲ  မ်က္ကြင္းညိဳေစတာ တစ္ခုခုရိွပါလိမ့္မယ္။ ဘာေတြျဖစ္မလဲ ေလ့လာၾကည့္ရေအာင္။

၁။ မိတ္ကပ္

လူအမ်ားစုအေနျဖင့္ လက္မခံခ်င္ေပမယ့္ ဒါအမွန္တရားတစ္ခု ျဖစ္ပါတယ္။ အညံ့စားမိတ္ကပ္က မ်က္ႏွာတစ္ခုလုံး ပ်က္စီးသြားေစႏုိင္ပါတယ္။ မိတ္ကပ္လိမ္းျခယ္လုိ႔ ယားယံျပီး မ်က္လုံးေတြ ပြတ္သပ္မိတဲ့အခါ ညိဳမည္းမႈကို ဖိတ္ေခၚပါတယ္။ အဲဒီလုိျပဳလုပ္ျခင္းျဖင့္ မ်က္စိေအာက္ ညိဳမည္းျပီး မ်က္ကြင္းညိဳမႈ ျဖစ္ပြားပါတယ္။

၂။ အရက္အလြန္အကြ်ံေသာက္ျခင္း

အရက္ေသာက္ျခင္းက မ်က္ကြင္းေတြ ညိဳမည္းေစပါတယ္။ ဒီေတာ့ အရက္အလြန္အကြ်ံမေသာက္မိေစဖုိ႔ သတိျပဳပါ။ မ်က္ကြင္းညိဳမႈ ကင္းေဝးေစဖုိ႔ စြန္႔လြတ္အနစ္နာခံမႈ အနည္းငယ္ေတာ့ လုပ္ရပါမယ္။

၃။ ေနပူထဲထြက္ျခင္း

ေနပူထဲမွာ အခ်ိန္ၾကာျမင့္စြာ ေနျခင္းေၾကာင့္ ျဖစ္ေပၚပါတယ္။ ဟုတ္ပါတယ္။ ေနပူထဲမွာ အလုပ္လုပ္ျပီး မ်က္ကြင္းေတြ ေနေရာင္နဲ႔ ထိေတြ႔မႈအလြန္အကြ်ံ ျဖစ္သြားပါတယ္။ မ်က္ခြံအေရျပားက အပါးလႊာဆုံးမုိ႔ ေနေရာင္ျခည္ေၾကာင့္ အလြယ္တကူ ပ်က္စီးတတ္တယ္လုိ႔ ဆုိပါတယ္။

၄။ စိတ္ဖိစီးမႈ

မ်က္ကြင္းညိဳမည္းမႈ ကင္းေဝးေစဖုိ႔ စိတ္ဖိစီးမႈ အဆုံးသတ္ဖုိ႔ လုိအပ္ပါတယ္။ ျပသနာက တစ္စုံတစ္ခုကို အလြန္အကြ်ံစဥ္းစားျခင္းပါ။ အဲဒါက ျပသနာၾကီးၾကီး ျဖစ္ေစပါတယ္။ စိတ္ဖိစီးမႈ အဆုံးသတ္ျပီး ညဘက္ပုံမွန္အိပ္ပါ။ ထူးျခားမႈျမင္ေတြ႔ပါလိမ့္မယ္။

၅။ ညဘက္မအိပ္ျခင္း

ညဘက္အိပ္တာေတာ့ မွန္ပါတယ္။ ဒါေပမယ့္ ပုံမွန္ အိပ္ရဲ႕လား။ ညဘက္ဖုန္းထုိင္ကလိျခင္းနဲ႔ ခ်က္တင္ထုိင္ျခင္းတုိ႔က မ်က္ကြင္းညိဳေစတဲ့ အဓိကအေၾကာင္းရင္းတစ္ခုျဖစ္ပါတယ္။ ဒီအခ်က္ကို သိေပမယ့္ အေလးမထားသူ ေျမာက္မ်ားစြာရိွပါတယ္။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

မျက်ကွင်းညိုတာကို ကာကွယ်တားဆီးဖို့ နည်းလမ်းအမျိုးမျိုး လုပ်ဆောင်နိုင်ပေမယ့် မျက်ကွင်းတွေ ဘာကြောင့်ညိုမည်းသွားရလဲဆိုတာ သိချင်စူစမ်းချင်စိတ် ဖြစ်ဖူးပါသလား။ သင်ပြုမူလုပ်ဆောင်နေတဲ့အထဲ  မျက်ကွင်းညိုစေတာ တစ်ခုခုရှိပါလိမ့်မယ်။ ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။

၁။ မိတ်ကပ်

လူအများစုအနေဖြင့် လက်မခံချင်ပေမယ့် ဒါအမှန်တရားတစ်ခု ဖြစ်ပါတယ်။ အညံ့စားမိတ်ကပ်က မျက်နှာတစ်ခုလုံး ပျက်စီးသွားစေနိုင်ပါတယ်။ မိတ်ကပ်လိမ်းခြယ်လို့ ယားယံပြီး မျက်လုံးတွေ ပွတ်သပ်မိတဲ့အခါ ညိုမည်းမှုကို ဖိတ်ခေါ်ပါတယ်။ အဲဒီလိုပြုလုပ်ခြင်းဖြင့် မျက်စိအောက် ညိုမည်းပြီး မျက်ကွင်းညိုမှု ဖြစ်ပွားပါတယ်။

၂။ အရက်အလွန်အကျွံသောက်ခြင်း

အရက်သောက်ခြင်းက မျက်ကွင်းတွေ ညိုမည်းစေပါတယ်။ ဒီတော့ အရက်အလွန်အကျွံမသောက်မိစေဖို့ သတိပြုပါ။ မျက်ကွင်းညိုမှု ကင်းဝေးစေဖို့ စွန့်လွတ်အနစ်နာခံမှု အနည်းငယ်တော့ လုပ်ရပါမယ်။

၃။ နေပူထဲထွက်ခြင်း

နေပူထဲမှာ အချိန်ကြာမြင့်စွာ နေခြင်းကြောင့် ဖြစ်ပေါ်ပါတယ်။ ဟုတ်ပါတယ်။ နေပူထဲမှာ အလုပ်လုပ်ပြီး မျက်ကွင်းတွေ နေရောင်နဲ့ ထိတွေ့မှုအလွန်အကျွံ ဖြစ်သွားပါတယ်။ မျက်ခွံအရေပြားက အပါးလွှာဆုံးမို့ နေရောင်ခြည်ကြောင့် အလွယ်တကူ ပျက်စီးတတ်တယ်လို့ ဆိုပါတယ်။

၄။ စိတ်ဖိစီးမှု

မျက်ကွင်းညိုမည်းမှု ကင်းဝေးစေဖို့ စိတ်ဖိစီးမှု အဆုံးသတ်ဖို့ လိုအပ်ပါတယ်။ ပြသနာက တစ်စုံတစ်ခုကို အလွန်အကျွံစဉ်းစားခြင်းပါ။ အဲဒါက ပြသနာကြီးကြီး ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု အဆုံးသတ်ပြီး ညဘက်ပုံမှန်အိပ်ပါ။ ထူးခြားမှုမြင်တွေ့ပါလိမ့်မယ်။

၅။ ညဘက်မအိပ်ခြင်း

ညဘက်အိပ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ပုံမှန် အိပ်ရဲ့လား။ ညဘက်ဖုန်းထိုင်ကလိခြင်းနဲ့ ချက်တင်ထိုင်ခြင်းတို့က မျက်ကွင်းညိုစေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒီအချက်ကို သိပေမယ့် အလေးမထားသူ မြောက်များစွာရှိပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top