iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ႏွစ္သက္သေဘာက်တဲ့သူ၊ကိုယ့္ရဲ႕ Crush ကိုယ့္ကို ေၾကြလာေစမယ့္ ေရွာင္ရန္၊ေဆာင္ရန္ နည္းလမ္းေလးေတြကို ေျပာျပေပးခ်င္ပါတယ္။

(၁)မိတ္ကပ္ပါးပါးေလးလိမ္းပါ

အမ်ိဳးသားေတြဟာ သဘာ၀ပံုစံကို ပိုႏွစ္္သက္တတ္ၾကပါတယ္။ဒါေၾကာင့္ သူသေဘာက်လာေအာင္၊ သတိထားမိလာေအာင္ မိတ္ကပ္အထူႀကီးလိမ္းတာမ်ိဳး မလုပ္ပါနဲ႔။သဘာ၀အတိုင္း ပါးပါးေလးပဲ လိမ္းေပးပါ။

(၂)အသံအက်ယ္ႀကီး စကားမေျပာပါနဲ႔

အသံအက်ယ္ႀကီးနဲ႔စကားေျပာတာဟာ တကယ့္ကို စိတ္ပ််က္ဖို႔အရမ္းေကာင္းပါတယ္။ဒါေၾကာင့္ ကိုယ္စိတ္၀င္စားတဲ့သူနဲ႔စကားေျပာေတာ့မယ္ဆိုရင္ အသံကိုႏူးႏူးညံ့ညံ့ ခ်ိဳခ်ိဳသာသာေလးနဲ႔ စကားေျပာပါ။ဒါေပမယ့္ ကိုယ့္မွာရွိတဲ့ ပင္ကိုယ္အသံေလးနဲ ႔ေျပာတာျဖစ္္ပါေစ။လုပ္ယူတုပေျပာ တာမ်ိဳးေတာ့ မလုပ္မိပါေစနဲ႔။

(၃)ၿပံဳးပါ

အၿပံဳးဟာ ေအးတိေအးစက္ျဖစ္ေနတဲ့ ဆက္ဆံေရးေတြကို ေႏြးေထြးလာေစႏိုင္ပါတယ္။ၿပံဳးေနတဲ့မိန္း ကေလးဟာ ခ်စ္စရာေကာင္းၿပီး၊ေႏြးေထြးတယ္၊ခ်ဥ္းကပ္လုိ႔အဆင္ေျပတယ္ ဆိုတဲ့ သေဘာကိုေဆာင္ပါတယ္။

(၄)အ၀တ္အစား၊ဆံပင္၊ေရေမႊး

သူ႔မ်က္စိထဲမွာ ကိုယ္ကခ်စ္ဖို႔ေကာင္းၿပီး၊သူ႔ႏွလံုးသားကို ေပ်ာ္က်ေအာင္လုပ္မယ္လို႔ ေတြးထားတယ္ ဆိုရင္ေတာ့ အရမ္းေတာက္ပတဲ့အ၀တ္အစားကိုေရွာင္ပါ။ႏူးညံ့ၿပီးခ်စ္စရာေကာင္းတဲ့ အ၀တ္အ စားေလးေတြကို ေရြး၀တ္ပါ။ဆံပင္မွာဆိုရင္ေတာ့ လႈိင္းတြန္႔ေလးေတြနဲ႔က်စ္ဆံၿမွီးေလးေတြက ခ်စ္စရာေကာင္းတဲ့ပံုမ်ိဳး ပိုေပါက္ေစပါတယ္။အရမ္းအနံ႔ျပင္းတဲ့ ေရေမႊးမ်ိဳးကိုေရွာင္ပါ။

(၅)ရွက္ပါ

ကိုယ္စိတ္၀င္စားေနတဲ့သူတစ္ေယာက္ေရွ႕မွာ ရွက္တာဟာ သဘာ၀က်ပါတယ္။ဒါေၾကာင့္ တစ္ခ်ိန္လံုးဖံုးကြယ္ထားဖို႕မလုပ္ပါနဲ႔။ရွက္ေနတယ္ဆိုတာ သူသိပါေစ။ဒါဟာအရမ္းကို စြဲေဆာင္မႈရွိၿပီး၊ခ်စ္ဖို႔ေကာင္းတဲ့အမူအယာတစ္ခုပါ။

(၆)ၾကင္နာပါ

ၾကင္နာျခင္းဟာ တကယ့္ကို ထိေရာက္တဲ့လက္နက္ပါ။လူေတြအားလံုးအေပၚ ၾကင္နာစိတ္ရွိတယ္ ဆိုတာ တကယ္ေကာင္းတဲ့အရည္အေသြးတစ္ခုပါ။ကိုယ္စိတ္၀င္စားေနတဲ့ အမ်ိဳးသားက ကိုယ့္ရဲ႕စိတ္ေကာင္းရွိမႈ၊ၾကင္နာမႈကိုသာ ေတြ႕သြားၿပီဆိုရင္ေတာ့ ေသခ်ာပါတယ္။သူမင္းကို သေဘာက်ၿပီး၊တကယ္ေၾကြသြားမွာပါ။
Credit:shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ်နှစ်သက်သဘောကျတဲ့သူ၊ကိုယ့်ရဲ့ Crush ကိုယ့်ကို ကြွေလာစေမယ့် ရှောင်ရန်၊ဆောင်ရန် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁)မိတ်ကပ်ပါးပါးလေးလိမ်းပါ

အမျိုးသားတွေဟာ သဘာဝပုံစံကို ပိုနှစ်သက်တတ်ကြပါတယ်။ဒါကြောင့် သူသဘောကျလာအောင်၊ သတိထားမိလာအောင် မိတ်ကပ်အထူကြီးလိမ်းတာမျိုး မလုပ်ပါနဲ့။သဘာဝအတိုင်း ပါးပါးလေးပဲ လိမ်းပေးပါ။

(၂)အသံအကျယ်ကြီး စကားမပြောပါနဲ့

အသံအကျယ်ကြီးနဲ့စကားပြောတာဟာ တကယ့်ကို စိတ်ပျျက်ဖို့အရမ်းကောင်းပါတယ်။ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့သူနဲ့စကားပြောတော့မယ်ဆိုရင် အသံကိုနူးနူးညံ့ညံ့ ချိုချိုသာသာလေးနဲ့ စကားပြောပါ။ဒါပေမယ့် ကိုယ့်မှာရှိတဲ့ ပင်ကိုယ်အသံလေးနဲ့ပြောတာဖြစ်ပါစေ။လုပ်ယူတုပပြော တာမျိုးတော့ မလုပ်မိပါစေနဲ့။

(၃)ပြုံးပါ

အပြုံးဟာ အေးတိအေးစက်ဖြစ်နေတဲ့ ဆက်ဆံရေးတွေကို နွေးထွေးလာစေနိုင်ပါတယ်။ပြုံးနေတဲ့မိန်း ကလေးဟာ ချစ်စရာကောင်းပြီး၊နွေးထွေးတယ်၊ချဉ်းကပ်လို့အဆင်ပြေတယ် ဆိုတဲ့ သဘောကိုဆောင်ပါတယ်။

(၄)အဝတ်အစား၊ဆံပင်၊ရေမွှေး

သူ့မျက်စိထဲမှာ ကိုယ်ကချစ်ဖို့ကောင်းပြီး၊သူ့နှလုံးသားကို ပျော်ကျအောင်လုပ်မယ်လို့ တွေးထားတယ် ဆိုရင်တော့ အရမ်းတောက်ပတဲ့အဝတ်အစားကိုရှောင်ပါ။နူးညံ့ပြီးချစ်စရာကောင်းတဲ့ အဝတ်အ စားလေးတွေကို ရွေးဝတ်ပါ။ဆံပင်မှာဆိုရင်တော့ လှိုင်းတွန့်လေးတွေနဲ့ကျစ်ဆံမြှီးလေးတွေက ချစ်စရာကောင်းတဲ့ပုံမျိုး ပိုပေါက်စေပါတယ်။အရမ်းအနံ့ပြင်းတဲ့ ရေမွှေးမျိုးကိုရှောင်ပါ။

(၅)ရှက်ပါ

ကိုယ်စိတ်ဝင်စားနေတဲ့သူတစ်ယောက်ရှေ့မှာ ရှက်တာဟာ သဘာဝကျပါတယ်။ဒါကြောင့် တစ်ချိန်လုံးဖုံးကွယ်ထားဖို့မလုပ်ပါနဲ့။ရှက်နေတယ်ဆိုတာ သူသိပါစေ။ဒါဟာအရမ်းကို စွဲဆောင်မှုရှိပြီး၊ချစ်ဖို့ကောင်းတဲ့အမူအယာတစ်ခုပါ။

(၆)ကြင်နာပါ

ကြင်နာခြင်းဟာ တကယ့်ကို ထိရောက်တဲ့လက်နက်ပါ။လူတွေအားလုံးအပေါ် ကြင်နာစိတ်ရှိတယ် ဆိုတာ တကယ်ကောင်းတဲ့အရည်အသွေးတစ်ခုပါ။ကိုယ်စိတ်ဝင်စားနေတဲ့ အမျိုးသားက ကိုယ့်ရဲ့စိတ်ကောင်းရှိမှု၊ကြင်နာမှုကိုသာ တွေ့သွားပြီဆိုရင်တော့ သေချာပါတယ်။သူမင်းကို သဘောကျပြီး၊တကယ်ကြွေသွားမှာပါ။

Credit:shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top