iMyanmarHouse.com - Best Property Website for Myanmar
×







Credit:momolay


#Unicode Version
လူတစ်ဦးနဲ့ တစ်ဦး နှုတ်ခမ်းရဲ့ အရောင်တွေ မတူညီကြသလို အရောင်လည်း မကြာခဏ ပြောင်းလဲတတ်ပါတယ်။ နှုတ်ခမ်းသာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ပြောင်းလဲတတ်တာကြောင့် အရောင်ကို ကြည့်ပြီး ကျန်းမာရေး ကောင်းမကောင်းကို ကြည့်လို့ ရပါတယ်.. ဘယ်လို နှုတ်ခမ်းအရောင် ရှိသလဲဆိုတာ … ကြည့်ရအောင်နော်



သင့်ရဲ့နှုတ်ခမ်းသာ အရောင်က နံပါတ်(၁) အတိုင်း အညိုရောင် ဖျော့ဖျော့လေး ဖြစ်နေတယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်မှာ သံဓါတ်အားနည်းနေပါပြီ။ အသီးအရွက်နဲ့ အနီရောင် အသားတွေ များများ စားပေးဖို့ လိုအပ်ပါတယ်။

သင့်ရဲ့ နှုတ်ခမ်းသားအရောင်ဟာ နံပါတ်(၂) လို အနီရောင် ရဲရဲဖြစ်နေတယ်ဆိုရင်တော့ ကျန်းမာရေး အကောင်းဆုံး အခြေအနေပါပဲ။ ကောင်းမွန်တဲ့ ကျန်းမာရေးကို ဆက်ထိန်းထားချင်တယ်ဆိုရင် သံပရာသီး၊ ပျားရည်နဲ့ အရည်ရွှမ်းတဲ့အသီးတွေ စားသုံးပေးသင့်ပါတယ်။

သင့်ရဲ့နှုတ်ခမ်းသားအရောင်ဟာ နံပါတ်(၃)ခရမ်းရောင်ဖျော့ဖျော့လေး ဖြစ်နေတယ်ဆိုရင် သင့်ရဲ့ နှလုံးကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုနေပါပြီ။ မကြာခဏ အသက်ရှူကြပ်နေပြီဆိုရင်တော့ ဆေးခန်းပြသင့်ပါတယ်။

သင့်ရဲ့ နှုတ်ခမ်းသား အရောင်ဟာ နံပါတ်(၄) အမည်းရောင်၊ နီညိုရင့်ရောင် ဖြစ်နေတယ်ဆိုရင် အစာခြေစနစ်မှာ ပြသာနာရှိနေတာကြောင့်ပါ။ ဒါကြောင့် အစာကြေလွယ်တဲ့ အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။
သင့်ရဲ့နှုတ်ခမ်းသာ အရောင်က အညိုရောင် ဖျော့ဖျော့လေး ဖြစ်နေတယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်မှာ သံဓါတ်အားနည်းနေပါပြီ။ အသီးအရွက်နဲ့ အနီရောင် အသားတွေ များများ စားပေးဖို့ လိုအပ်ပါတယ်။

သင့်ရဲ့နှုတ်ခမ်းသားအရောင်ဟာ နံပါတ်(၅)လို နှုတ်ခမ်းရဲ့ အနားသတ်ဟာ ညိုမည်းနေတယ်ဆိုရင် ရေဓါတ်လိုနေပြီ ဖြစ်ပါတယ်။ ကျန်းမာစေဖို့ ရေများများသောက်ဖို့ လိုပါတယ်။

Credit:momolay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top