iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းကေလးတစ္ေယာက္ရဲ႕ ဘ၀ကုိ ပိုင္ဆုိင္ထားသူမ်ားအဖုိ႔ ဆုိရွယ္က်တဲ့ ပတ္၀န္းက်င္မွာ ႀကီးျပင္းခဲ့တယ္၊ ကိုယ္တုိင္ ကလည္း က်ားမမေရြး ခင္မင္တြယ္တာတတ္တယ္ဆုိရင္ သူတုိ႔တစ္ေတြ အားလုံးနဲ႔ ဖက္လွဲတကင္း ေနမိၾကပါလိမ့္မယ္။ ဒါဟာ လိင္ပုိင္းဆုိင္ရာ ယိမ္းယုိင္မႈမဟုတ္ဘဲ၊ ပုဂၢိဳလ္ေရး ခင္မင္ရင္းနီးသူခ်င္းသာ နားလည္ႏုိင္တဲ့ ကာယပုိင္းဆက္ဆံေရးပါ။ ဒီေတာ့ ခ်စ္သူအပါအ၀င္ တစ္ျခားေကာင္ေလးေတြကို ဖက္တဲ့အခါမွာ ဘယ္လုိဖက္ရမလဲဆုိတာကုိ  ေဖာ္ျပေပးလုိက္ပါတယ္။

(၁) သူငယ္ခ်င္းေကာင္ေလးေတြကို ဘယ္လုိဖက္မလဲ ?
အၿမဲတမ္း ဖက္ေနရတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ဓာတ္ပုံစု႐ုိက္တဲ့ အခါမ်ိဳးမွာ သူငယ္ခ်င္းေတြဟာ ရင္းရင္းနီး နီး ဖက္ေလ့ရွိၾကပါတယ္။ ဒီေတာ့ ဖက္တဲ့အခါ ပခုံးကုိ ေနာက္ကေန စီးစီးပုိးပုိးမရွိေစဘဲ သုိင္းဖက္တာ အမွန္ဆုံးပါဘဲ။ ပုခုံးကို ကိုင္ထားတာထက္ လက္ကုိ ေအာက္ထိ တြဲေလာင္းခ်ထားတာက ပုိမွန္ပါတယ္။

(၂) ကိုယ္ႏွစ္သက္ရသူ Crush ရသူကို ဘယ္လုိဖက္မလဲ ?
ကိုယ္ႏွစ္သက္ရတဲ့သူကို အားေပးသည့္သေဘာ၊ ခင္မင္ရင္းနီးလုိ႔ ႏႈတ္ဆက္လုိသည့္ သေဘာ ဖက္ၾကတဲ့အခါမွာေတာ့ ခ်စ္သူကို ဖက္တာေလာက္ ပုိင္စုိးပုိင္နင္း မျဖစ္ဖုိ႔ လုိပါတယ္။ လူခ်င္း မ်က္ႏွာခ်င္းဆုိင္႐ုံ၊ အသားခ်င္းထိ႐ုံေလာက္ပဲ ဂုတ္သားကေန သုိင္းဖက္တာက အေကာင္းဆုံးပါ။ Cele ေတြကုိ ဖက္တဲ့အခါမွာေတာ့ လိင္တူအခ်င္းခ်င္းဆုိရင္ ႀကိဳက္ႏွစ္သက္သလုိ ဖက္ႏုိင္ေပမယ့္၊ အမ်ိဳးသားျဖစ္ေနရင္ေတာ့ နံပတ္ 1 ဖက္နည္းက အျပစ္ကင္းပါတယ္။

(၃) ခ်စ္သူကို ဘယ္လုိဖက္မလဲ ?

ခ်စ္သူကိုေတာ့ျဖင့္ မိမိ ႀကိဳက္ႏွစ္သက္တဲ့ ပုံစံနဲ႔ ဖက္ႏုိင္ပါတယ္။ ဒါေပမယ့္ ရင္ဘက္ခ်င္းေတ့ဖက္တာတုိ႔၊ ေနာက္ကေန သုိင္းဖက္တာတုိ႔၊ ရင္ဘက္ကို ေခါင္းေ၀ွ႕ၿပီး ခါးကုိ သုိင္းဖက္တာတုိ႔၊ ဂုတ္သားေတြကို ခုိစီးၿပီး ဖက္တာတုိ႔ကေတာ့ ေတာ္
ေတာ္ေလး ၾကည့္ေပ်ာ္႐ႈေပ်ာ္ ျဖစ္တဲ့ ဖက္နည္းေလးေတြပါ။

(၄) သူစိမ္းေယာက္်ားေလးကို ဘယ္လုိဖက္မလဲ ?
တကယ္လုိ႔ သင္က အမ်ားအားက်ရတဲ့ Cele ဆုိရင္ ဓာတ္ပုံတြဲ႐ုိက္ဖုိ႔ ေတာင္းဆုိတဲ့ အမ်ိဳးသားေတြ ရွိလာမွာ မလြဲပါဘူး။ ဒီေတာ့ သူတုိ႔ကို ဖက္တဲ့အခါမ်ိဳးမွာ လူကညာဘက္ကသာ ေနၿပီး၊ သူရဲ႕ ပုခုံးကို ခပ္ဖြဖြေလး ဖက္ပါ။ Cele ျဖစ္တဲ့အတြက္ ဒီထက္ ကလက္လုိ႔မရပါ။ ညာဘက္ကေန ေနရျခင္းအေၾကာင္းအရင္းက အခုဖက္ေနတဲ့သူဟာ သူငယ္ခ်င္းလည္းမဟုတ္ ခ်စ္သူလည္းမဟုတ္ သူစိမ္းျဖစ္ေၾကာင္း တန္းသိေစႏုိ္င္ဖုိ႔ ျဖစ္ပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ပိုင်ဆိုင်ထားသူများအဖို့ ဆိုရှယ်ကျတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့တယ်၊ ကိုယ်တိုင် ကလည်း ကျားမမရွေး ခင်မင်တွယ်တာတတ်တယ်ဆိုရင် သူတို့တစ်တွေ အားလုံးနဲ့ ဖက်လှဲတကင်း နေမိကြပါလိမ့်မယ်။ ဒါဟာ လိင်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှုမဟုတ်ဘဲ၊ ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနီးသူချင်းသာ နားလည်နိုင်တဲ့ ကာယပိုင်းဆက်ဆံရေးပါ။ ဒီတော့ ချစ်သူအပါအဝင် တစ်ခြားကောင်လေးတွေကို ဖက်တဲ့အခါမှာ ဘယ်လိုဖက်ရမလဲဆိုတာကို  ဖော်ပြပေးလိုက်ပါတယ်။

(၁) သူငယ်ချင်းကောင်လေးတွေကို ဘယ်လိုဖက်မလဲ ?
အမြဲတမ်း ဖက်နေရတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဓာတ်ပုံစုရိုက်တဲ့ အခါမျိုးမှာ သူငယ်ချင်းတွေဟာ ရင်းရင်းနီး နီး ဖက်လေ့ရှိကြပါတယ်။ ဒီတော့ ဖက်တဲ့အခါ ပခုံးကို နောက်ကနေ စီးစီးပိုးပိုးမရှိစေဘဲ သိုင်းဖက်တာ အမှန်ဆုံးပါဘဲ။ ပုခုံးကို ကိုင်ထားတာထက် လက်ကို အောက်ထိ တွဲလောင်းချထားတာက ပိုမှန်ပါတယ်။

(၂) ကိုယ်နှစ်သက်ရသူ Crush ရသူကို ဘယ်လိုဖက်မလဲ ?
ကိုယ်နှစ်သက်ရတဲ့သူကို အားပေးသည့်သဘော၊ ခင်မင်ရင်းနီးလို့ နှုတ်ဆက်လိုသည့် သဘော ဖက်ကြတဲ့အခါမှာတော့ ချစ်သူကို ဖက်တာလောက် ပိုင်စိုးပိုင်နင်း မဖြစ်ဖို့ လိုပါတယ်။ လူချင်း မျက်နှာချင်းဆိုင်ရုံ၊ အသားချင်းထိရုံလောက်ပဲ ဂုတ်သားကနေ သိုင်းဖက်တာက အကောင်းဆုံးပါ။ Cele တွေကို ဖက်တဲ့အခါမှာတော့ လိင်တူအချင်းချင်းဆိုရင် ကြိုက်နှစ်သက်သလို ဖက်နိုင်ပေမယ့်၊ အမျိုးသားဖြစ်နေရင်တော့ နံပတ် 1 ဖက်နည်းက အပြစ်ကင်းပါတယ်။

(၃) ချစ်သူကို ဘယ်လိုဖက်မလဲ ?

ချစ်သူကိုတော့ဖြင့် မိမိ ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ ဖက်နိုင်ပါတယ်။ ဒါပေမယ့် ရင်ဘက်ချင်းတေ့ဖက်တာတို့၊ နောက်ကနေ သိုင်းဖက်တာတို့၊ ရင်ဘက်ကို ခေါင်းဝှေ့ပြီး ခါးကို သိုင်းဖက်တာတို့၊ ဂုတ်သားတွေကို ခိုစီးပြီး ဖက်တာတို့ကတော့ တော်
တော်လေး ကြည့်ပျော်ရှုပျော် ဖြစ်တဲ့ ဖက်နည်းလေးတွေပါ။

(၄) သူစိမ်းယောက်ျားလေးကို ဘယ်လိုဖက်မလဲ ?
တကယ်လို့ သင်က အများအားကျရတဲ့ Cele ဆိုရင် ဓာတ်ပုံတွဲရိုက်ဖို့ တောင်းဆိုတဲ့ အမျိုးသားတွေ ရှိလာမှာ မလွဲပါဘူး။ ဒီတော့ သူတို့ကို ဖက်တဲ့အခါမျိုးမှာ လူကညာဘက်ကသာ နေပြီး၊ သူရဲ့ ပုခုံးကို ခပ်ဖွဖွလေး ဖက်ပါ။ Cele ဖြစ်တဲ့အတွက် ဒီထက် ကလက်လို့မရပါ။ ညာဘက်ကနေ နေရခြင်းအကြောင်းအရင်းက အခုဖက်နေတဲ့သူဟာ သူငယ်ချင်းလည်းမဟုတ် ချစ်သူလည်းမဟုတ် သူစိမ်းဖြစ်ကြောင်း တန်းသိစေနိုင်ဖို့ ဖြစ်ပါတယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top