iMyanmarHouse.com - Best Property Website for Myanmar
×

 ျမန္မာႏုိင္ငံ အပူပိုင္း ေဒသမ်ားတြင္ အဓိကေပါက္ ေရာက္ေသာ ရွားေစာင္းလက္ပပ္သည္ ျမန္မာ့အိမ္ရွင္မ
မ်ား၏ အလွအပေရးရာႏွင့္ လူ႔က်န္းမာေရးကို မ်ားစြာ အေထာက္အကူျပဳေသာ တိုင္းရင္းေဆးဖက္ဝင္ အပင္တစ္မ်ဳိးျဖစ္သည္။

႐ုကၡေဗဒအမည္ (Barbodos Aloes)၊ ရွားေစာင္းလက္ပပ္အပင္သည္ ေရ၊ ေျမ၊ ဥတု သဘာဝဒဏ္ကို ခံႏိုင္ရည္႐ွိသည့္အျပင္ ေတာ၊ ေတာင္၊ လယ္ယာကန္သင္းမ်ားတြင္ အေလ့က်ေပါက္ေလ့ရွိေသာ အပင္တစ္မ်ဳိးျဖစ္သည္။

အရည္ရႊမ္းေသာ ပင္ေပ်ာ့ပင္ငယ္အမ်ဳိးအစားျဖစ္ကာ အရြယ္အစားမွာ တစ္ေပမွ ႏွစ္ေပခန္႔အထိ ျမင့္ေလ့ရွိၿပီး ပင္စည္လုံးသီးသန္႔မရွိဘဲ အပင္ေျခရင္းမွ အရြက္ငါးရြက္၊ ေျခာက္ရြက္အထိ စုၿပံဳခက္ျဖာ၍ ထြက္ေလ့ရွိသည္။ အရြက္မ်ားသည္ အေပၚခြံအစိမ္းႏုေရာင္ရွိၿပီး အတြင္း၌ ေက်ာက္ေက်ာကဲ႔သို႔ ပ်စ္ခြၽဲေသာအရည္ အသားရွိကာ အလ်ားႏွစ္ေတာင္ခန္႔၊ အနံေလးလက္မဝန္းက်င္ႏွင့္ အထူတစ္လက္မမွ ႏွစ္လက္မခန္႔အထိရွိသည္။ ယင္းအျပင္ ထိပ္ဖ်ားခြၽန္၍ အနားပတ္လည္တြင္ ဆူးကေလးမ်ားျခားသည့္ ပုံသဏၭာန္လည္းရွိသည္။ အပင္၏ သုံးေလးႏွစ္သက္တမ္းတြင္ ရွည္လ်ားေသာပန္းခိုင္ ထြက္လာေလ့ရွိၿပီး နီဝါေရာင္ အပြင့္ေလးမ်ား စုၿပံဳပြင့္ေလ့ရွိသည္။

ရွားေစာင္းလက္ပပ္သည္ လူ႔အက်ဳိးျပဳ ေအာက္ဆီဂ်င္ဓာတ္မ်ားပါဝင္ၿပီး အေရျပားဆဲလ္မ်ားကို အလိုလို
ျပဳျပင္သန္မာေစသျဖင့္ အေရျပားက်န္းမာေရးကို အထူးအေထာက္အကူျပဳသည္။ မီးေလာင္နာ၊ အရည္ၾကည္ဖု၊ ေနေလာင္ဒဏ္ေၾကာင့္ပ်က္စီးေသာ အေရျပားထိခိုက္မႈမ်ားကို ရွားေစာင္းလက္ပပ္အႏွစ္ အုံေပးျခင္းျဖင့္ လ်င္ ျမန္စြာေပ်ာက္ကင္းေစသကဲ႔သို႔ အနာစိမ္း၊ ႏူနာ၊ ေပြး၊ ဝဲ၊ယားနာအမ်ဳိးမ်ဳိးကိုလည္း မွန္မွန္လိမ္းျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစသည္။

ယင္းျပင္ ေခါင္းမေလွ်ာ္မီ တစ္နာရီအလိုတြင္ ရွားေစာင္းလက္ပပ္ျဖင့္ ဆံပင္ကိုပြတ္သပ္လိမ္းက်ံျခင္းျဖင့္ တစ္လ အတြင္း ဆံပင္နက္ေမွာင္သန္စြမ္းလာေစသည္။ ရွားေစာင္းလက္ပက္သည္ အမ်ဳိးသမီးအလွကုန္ပစၥည္းမ်ား ကိုယ္သန္႔စင္ေဆးရည္ႏွင့္ ဆပ္ျပာမ်ားထုတ္လုပ္ရာတြင္လည္း အဓိကပါဝင္ေလ့ရွိသည္။ ဝက္ၿခံ၊ တင္းတိပ္မ်ားကိုေပ်ာက္ကင္း၍ အသားအေရႏုပ်ဳိတင္းရင္းကာ အရြယ္မတိုင္မီ အိုမင္းျခင္းမွ ကာကြယ္ေပးႏုိင္သည္။ ရွားေစာင္းလက္ပက္အႏွစ္ကို ပြတ္သပ္လိမ္းက်ံၿပီးမွ မ်က္ႏွာသစ္ျခင္းသည္ အလွကုန္ဝက္ၿခံလိမ္းျခင္းႏွင့္ အသားလွကရင္မ္မ်ားထက္ ၇ဝ ရာခုိင္ႏႈန္း ပို၍အစြမ္းထက္ထိေရာက္သည္။

ျမန္မာ့ေဆးက်မ္းမ်ားအလိုအရ ''ရွားေစာင္းလက္ပပ္သည္ ေအး၍ ခါးေသာအရသာရွိၿပီး ေလကိုႏိုင္၏။အားကို ျဖစ္ေစေသာ အစြမ္းသတၱိရွိ၏'' ဟု ေဖာ္ျပထားသည္ကိုေတြ႔ရသည္။ ရွားေစာင္းလက္ပက္၏ ပဥၥငါးပါးကို မီး႐ႈိ႕၍ ရလာေသာျပာကို ဆားအနည္းငယ္ခတ္၍စားလွ်င္ အမ်ဳိးသမီးမ်ား၏ မီးယပ္ေရာဂါမ်ားကို ေပ်ာက္ကင္းေစၿပီး မီးယပ္ေသြး စင္ၾကယ္စြာဆင္း၏။ အတြင္းသားအႏွစ္ကို ဗိုက္တြင္ကပ္၍အုံေပးပါက ေသြးလုံး၊ ေလလုံးမ်ား အျပင္
ထုတ္ေပးႏိုင္၏။ မ်က္စိကိုအုံေပးလွ်င္ မ်က္စိနာျခင္း၊ ကိုက္ျခင္း၊ ပူစပ္ျခင္းမ်ား ေပ်ာက္၏။ အရည္ညႇစ္ၿပီး နားတြင္းခပ္ေပးလွ်င္ နားကိုက္၊ နားနာ လ်င္ျမန္စြာေပ်ာက္၏။ အက်ိတ္နာ၊ ေသြးစုနာမ်ားေပၚတြင္ အုံ၍စည္းထားေပးပါက အက်ိတ္ေၾက၍ ျပည္ေပါက္ၿပီး ငန္းမန္းေပ်ာက္ေစသည္။ ကိုယ္ေရဝါ (Jaundice) ေရာဂါရွိသူမ်ား စားသုံးေပးပါက ဆီးဝမ္းသက္၍ ေရာဂါေပ်ာက္သည္။ အတြင္းအႏွစ္ကို လက္ခ်ားမီးေဖာက္ အနည္းငယ္ျဖဴး၍ စားလွ်င္ေရဖ်ဥ္း ေရာဂါေပ်ာက္ကင္းသည္။ ဆန္ေဆးေရတြင္စိမ္ၿပီး သၾကား ခပ္ေသာက္လွ်င္ အမ်ဳိးသားမ်ားတြင္အျဖစ္မ်ားေသာ ဆီးပူ၊ ဆီးေအာင့္၊ ဆီးထိုးျခင္းႏွင့္ ဆီးေက်ာက္တည္ျခင္း စေသာဆီးေရာဂါမ်ား ေပ်ာက္ကင္းႏိုင္သည္။

ယင္းအျပင္ ရွားေစာင္းလက္ပပ္သည္ ႏွလုံး၊ အဆုတ္၊ အသည္းႏွင့္ ဆိုင္ေသာေရာဂါမ်ား ကို ေပ်ာက္ကင္း ေစၿပီး  အရက္ေသာက္သုံးသူမ်ား အတြက္လည္း အတြင္းသားအႏွစ္ကို အစိမ္းလိုက္ဝါးစားျခင္းျဖင့္ အသည္းက်န္းမာေရးကို ျပန္လည္ေကာင္းမြန္ေစသည္။ ကင္ဆာေရာဂါေဆးဝါးမ်ားတြင္လည္းအသုံးျပဳလာၾကၿပီး ေဆးပညာသတင္းမ်ားအရ
 ေဆးပညာရွင္မ်ားကလည္း ရွားေစာင္းလက္ပက္မွ လူ႔ခႏၶာအက်ဳိးျပဳဓာတ္ပစၥည္းသစ္မ်ား ထပ္မံ
ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ေလ့ရွိသည္ကို ေလ့လာရသည္။ကမၻာအႏွံ႔တြင္ လူ႔က်န္းမာေရးကို အဘက္ဘက္မွ မ်ားစြာအက်ဳိးျပဳေသာ ရွားေစာင္းလက္ပပ္ျဖင့္ ယို၊ အခ်ဳိရည္၊ သြားတိုက္ေဆး၊ မ်က္ႏွာသစ္ေဆး၊ ဆပ္ျပာႏွင့္ ေဆးဝါးမ်ားတြင္က်ယ္စြာထုတ္လုပ္လာသည္ကို ေတြ႔ရသည္။

ေဆးဖက္ဝင္ ရွားေစာင္းလက္ပပ္ကို အညာေဒသမ်ား၌ အေလ့က်ေပါက္ပင္အျဖစ္ ေပါမ်ားစြာေတြ႔ျမင္ ရေသာ္လည္း ေက်းလက္ႏွင့္ ၿမိဳ႕ျပမ်ားတြင္ အိမ္တြင္းေဆးဝါးဓာတ္စာအျဖစ္သုံးစြဲရန္ ပန္းအိုမ်ားျဖင့္လည္းေကာင္း၊ ေျမတြင္ခ်၍ေသာ္လည္းေကာင္း စိုက္ပ်ဳိးေလ့ရွိသည့္အျပင္ တိုင္းရင္းေဆးေဖာ္စပ္ရာတြင္ အသုံးျပဳမႈမ်ားသျဖင့္ ေစ်းကြက္ဝင္ ပရေဆးအပင္အျဖစ္ စီးပြားျဖစ္စိုက္ပ်ဳိးမႈမ်ားလည္း ရွိပါေၾကာင္း ေလ့လာတင္ျပလိုက္ရပါသည္။ ။

Credit:ေက်ာ္စြာ(မေကြး)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

  မြန်မာနိုင်ငံ အပူပိုင်း ဒေသများတွင် အဓိကပေါက် ရောက်သော ရှားစောင်းလက်ပပ်သည် မြန်မာ့အိမ်ရှင်မ
များ၏ အလှအပရေးရာနှင့် လူ့ကျန်းမာရေးကို များစွာ အထောက်အကူပြုသော တိုင်းရင်းဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။

ရုက္ခဗေဒအမည် (Barbodos Aloes)၊ ရှားစောင်းလက်ပပ်အပင်သည် ရေ၊ မြေ၊ ဥတု သဘာဝဒဏ်ကို ခံနိုင်ရည်ရှိသည့်အပြင် တော၊ တောင်၊ လယ်ယာကန်သင်းများတွင် အလေ့ကျပေါက်လေ့ရှိသော အပင်တစ်မျိုးဖြစ်သည်။

အရည်ရွှမ်းသော ပင်ပျော့ပင်ငယ်အမျိုးအစားဖြစ်ကာ အရွယ်အစားမှာ တစ်ပေမှ နှစ်ပေခန့်အထိ မြင့်လေ့ရှိပြီး ပင်စည်လုံးသီးသန့်မရှိဘဲ အပင်ခြေရင်းမှ အရွက်ငါးရွက်၊ ခြောက်ရွက်အထိ စုပြုံခက်ဖြာ၍ ထွက်လေ့ရှိသည်။ အရွက်များသည် အပေါ်ခွံအစိမ်းနုရောင်ရှိပြီး အတွင်း၌ ကျောက်ကျောကဲ့သို့ ပျစ်ချွဲသောအရည် အသားရှိကာ အလျားနှစ်တောင်ခန့်၊ အနံလေးလက်မဝန်းကျင်နှင့် အထူတစ်လက်မမှ နှစ်လက်မခန့်အထိရှိသည်။ ယင်းအပြင် ထိပ်ဖျားချွန်၍ အနားပတ်လည်တွင် ဆူးကလေးများခြားသည့် ပုံသဏ္ဌာန်လည်းရှိသည်။ အပင်၏ သုံးလေးနှစ်သက်တမ်းတွင် ရှည်လျားသောပန်းခိုင် ထွက်လာလေ့ရှိပြီး နီဝါရောင် အပွင့်လေးများ စုပြုံပွင့်လေ့ရှိသည်။

ရှားစောင်းလက်ပပ်သည် လူ့အကျိုးပြု အောက်ဆီဂျင်ဓာတ်များပါဝင်ပြီး အရေပြားဆဲလ်များကို အလိုလို
ပြုပြင်သန်မာစေသဖြင့် အရေပြားကျန်းမာရေးကို အထူးအထောက်အကူပြုသည်။ မီးလောင်နာ၊ အရည်ကြည်ဖု၊ နေလောင်ဒဏ်ကြောင့်ပျက်စီးသော အရေပြားထိခိုက်မှုများကို ရှားစောင်းလက်ပပ်အနှစ် အုံပေးခြင်းဖြင့် လျင် မြန်စွာပျောက်ကင်းစေသကဲ့သို့ အနာစိမ်း၊ နူနာ၊ ပွေး၊ ဝဲ၊ယားနာအမျိုးမျိုးကိုလည်း မှန်မှန်လိမ်းခြင်းဖြင့် သက်သာပျောက်ကင်းစေသည်။

ယင်းပြင် ခေါင်းမလျှော်မီ တစ်နာရီအလိုတွင် ရှားစောင်းလက်ပပ်ဖြင့် ဆံပင်ကိုပွတ်သပ်လိမ်းကျံခြင်းဖြင့် တစ်လ အတွင်း ဆံပင်နက်မှောင်သန်စွမ်းလာစေသည်။ ရှားစောင်းလက်ပက်သည် အမျိုးသမီးအလှကုန်ပစ္စည်းများ ကိုယ်သန့်စင်ဆေးရည်နှင့် ဆပ်ပြာများထုတ်လုပ်ရာတွင်လည်း အဓိကပါဝင်လေ့ရှိသည်။ ဝက်ခြံ၊ တင်းတိပ်များကိုပျောက်ကင်း၍ အသားအရေနုပျိုတင်းရင်းကာ အရွယ်မတိုင်မီ အိုမင်းခြင်းမှ ကာကွယ်ပေးနိုင်သည်။ ရှားစောင်းလက်ပက်အနှစ်ကို ပွတ်သပ်လိမ်းကျံပြီးမှ မျက်နှာသစ်ခြင်းသည် အလှကုန်ဝက်ခြံလိမ်းခြင်းနှင့် အသားလှကရင်မ်များထက် ၇ဝ ရာခိုင်နှုန်း ပို၍အစွမ်းထက်ထိရောက်သည်။

မြန်မာ့ဆေးကျမ်းများအလိုအရ ''ရှားစောင်းလက်ပပ်သည် အေး၍ ခါးသောအရသာရှိပြီး လေကိုနိုင်၏။အားကို ဖြစ်စေသော အစွမ်းသတ္တိရှိ၏'' ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။ ရှားစောင်းလက်ပက်၏ ပဉ္စငါးပါးကို မီးရှို့၍ ရလာသောပြာကို ဆားအနည်းငယ်ခတ်၍စားလျှင် အမျိုးသမီးများ၏ မီးယပ်ရောဂါများကို ပျောက်ကင်းစေပြီး မီးယပ်သွေး စင်ကြယ်စွာဆင်း၏။ အတွင်းသားအနှစ်ကို ဗိုက်တွင်ကပ်၍အုံပေးပါက သွေးလုံး၊ လေလုံးများ အပြင်
ထုတ်ပေးနိုင်၏။ မျက်စိကိုအုံပေးလျှင် မျက်စိနာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်းများ ပျောက်၏။ အရည်ညှစ်ပြီး နားတွင်းခပ်ပေးလျှင် နားကိုက်၊ နားနာ လျင်မြန်စွာပျောက်၏။ အကျိတ်နာ၊ သွေးစုနာများပေါ်တွင် အုံ၍စည်းထားပေးပါက အကျိတ်ကြေ၍ ပြည်ပေါက်ပြီး ငန်းမန်းပျောက်စေသည်။ ကိုယ်ရေဝါ (Jaundice) ရောဂါရှိသူများ စားသုံးပေးပါက ဆီးဝမ်းသက်၍ ရောဂါပျောက်သည်။ အတွင်းအနှစ်ကို လက်ချားမီးဖောက် အနည်းငယ်ဖြူး၍ စားလျှင်ရေဖျဉ်း ရောဂါပျောက်ကင်းသည်။ ဆန်ဆေးရေတွင်စိမ်ပြီး သကြား ခပ်သောက်လျှင် အမျိုးသားများတွင်အဖြစ်များသော ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးခြင်းနှင့် ဆီးကျောက်တည်ခြင်း စသောဆီးရောဂါများ ပျောက်ကင်းနိုင်သည်။

ယင်းအပြင် ရှားစောင်းလက်ပပ်သည် နှလုံး၊ အဆုတ်၊ အသည်းနှင့် ဆိုင်သောရောဂါများ ကို ပျောက်ကင်း စေပြီး  အရက်သောက်သုံးသူများ အတွက်လည်း အတွင်းသားအနှစ်ကို အစိမ်းလိုက်ဝါးစားခြင်းဖြင့် အသည်းကျန်းမာရေးကို ပြန်လည်ကောင်းမွန်စေသည်။ ကင်ဆာရောဂါဆေးဝါးများတွင်လည်းအသုံးပြုလာကြပြီး ဆေးပညာသတင်းများအရ
 ဆေးပညာရှင်များကလည်း ရှားစောင်းလက်ပက်မှ လူ့ခန္ဓာအကျိုးပြုဓာတ်ပစ္စည်းသစ်များ ထပ်မံ
တွေ့ရှိရကြောင်း ထုတ်ပြန်လေ့ရှိသည်ကို လေ့လာရသည်။ကမ္ဘာအနှံ့တွင် လူ့ကျန်းမာရေးကို အဘက်ဘက်မှ များစွာအကျိုးပြုသော ရှားစောင်းလက်ပပ်ဖြင့် ယို၊ အချိုရည်၊ သွားတိုက်ဆေး၊ မျက်နှာသစ်ဆေး၊ ဆပ်ပြာနှင့် ဆေးဝါးများတွင်ကျယ်စွာထုတ်လုပ်လာသည်ကို တွေ့ရသည်။

ဆေးဖက်ဝင် ရှားစောင်းလက်ပပ်ကို အညာဒေသများ၌ အလေ့ကျပေါက်ပင်အဖြစ် ပေါများစွာတွေ့မြင် ရသော်လည်း ကျေးလက်နှင့် မြို့ပြများတွင် အိမ်တွင်းဆေးဝါးဓာတ်စာအဖြစ်သုံးစွဲရန် ပန်းအိုများဖြင့်လည်းကောင်း၊ မြေတွင်ချ၍သော်လည်းကောင်း စိုက်ပျိုးလေ့ရှိသည့်အပြင် တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုမှုများသဖြင့် ဈေးကွက်ဝင် ပရဆေးအပင်အဖြစ် စီးပွားဖြစ်စိုက်ပျိုးမှုများလည်း ရှိပါကြောင်း လေ့လာတင်ပြလိုက်ရပါသည်။ ။

Credit:ကျော်စွာ(မကွေး)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top