iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔ရဲ႕ခႏၶာကိုယ္ဟာ က်န္းမာသန္စြမ္းဖို႔အတြက္ ေကာင္းမြန္တဲ႔ ဘက္တီးရီးယားေတြ အစာေျခလမ္းေၾကာင္းမွာ ရွိေနသင့္ပါတယ္။ ဒိန္ခ်ဥ္ေတာ္ေတာ္မ်ားမ်ားဟာ ေကာင္းမြန္တဲ႔ ဘက္တီးရီးယားေတြကို အသံုးျပဳျပီး ျပဳလုပ္ထားတာျဖစ္ပါတယ္။ ဒိန္ခ်ဥ္ဟာ ႏြားႏို႔ကလာတာျဖစ္လို႔ ပရိုတင္းဓာတ္မ်ားစြာအျပင္ ကယ္ဆီယမ္၊ ဗီတာမင္ဘီ-2၊ ဗီတာမင္ဘီ-12၊ ပိုတက္ဆီယမ္နဲ႔ မက္ကနီဆီယမ္ဓာတ္မ်ားစြာ ပါဝင္ပါတယ္။ ဒိန္ခ်ဥ္ကရတဲ႔ က်န္းမာေရး အေထာက္အကူျပဳမႈေတြဟာ အံ့မခန္းျဖစ္တာမို႔ ေန႔စဥ္ေသာက္သံုးသင့္ပါတယ္။ ဒိန္ခ်ဥ္ကရတဲ႔ အဓိကအက်ိဳးေက်းဇူး (၅)ခ်က္ကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

(၁) အရိုးပြေရာဂါကိုကာကြယ္ေပးႏိုင္ျခင္း
ဒိန္ခ်ဥ္မွာ ပိုတက္ဆီယမ္နဲ႔ ကယ္ဆီယမ္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ အရိုးပြေရာဂါကို ကာကြယ္ေပးႏိုင္ျပီး ကုသျခင္းမွာပါ အသံုးဝင္ပါတယ္။
(၂) ေသြးတိုးေရာဂါကိုျဖစ္မႈကိုေလ်ာ့နည္းေစႏိုင္ျခင္း
အဆီဓာတ္နည္းတဲ႔ ဒိန္ခ်ဥ္ကိုေသာက္သံုးေပးျခင္းျဖင့္ လူအမ်ားစုျဖစ္ေလ့ရွိတဲ့ ေသြးတိုးေရာဂါကို ကာကြယ္ႏို္င္ပါတယ္။
(၃) ဆာေလာင္ျခင္းကိုေျပေစႏိုင္ျခင္း
University of Washington မွေလ့လာမႈတစ္ခုအရ ဒိန္ခ်ဥ္ေသာက္သံုးထားတဲ႔သူေတြဟာ တျခားသေရစာစားထားတဲ႔သူေတြထက္ အဆာခံႏိုင္တယ္လို႔ပါရွိပါတယ္။
(၄) ဓာတ္မတည့္မႈေလ်ာ့နည္းႏိုင္ျခင္း
ရာသီဥတုကိုလိုက္ျပီး ဓာတ္မတည့္မႈရွိေနတဲ႔သူေတြဟာ ဒိန္ခ်ဥ္ေသာက္သံုးျခင္းအားျဖင့္ ဓာတ္မတည့္မႈမွ တုန္႔ျပန္တာကို ကာကြယ္ေပးတဲ႔ အဆင့္ေတြျမင့္တက္လာႏုိင္တယ္လို႔ ေလ့လာေတြ႔ရွိထားပါတယ္။
(၅) အစာေခ်စနစ္ကိုေကာင္းမြန္ေစျခင္း
ဒိန္ခ်ဥ္ေသာက္သံုးျခင္းအားျဖင့္ အစာေခ်စနစ္ကို ေကာင္းမြန္ေစျပီး ေလထိုးတာနဲ႔ ဗိုက္ပြတာကိုကာကြယ္ေပးႏိုင္ပါတယ္။

Credit:မိုမိုေလး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကျွန်မတို့ရဲ့ခန္ဓာကိုယ်ဟာ ကျန်းမာသန်စွမ်းဖို့အတွက် ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ အစာခြေလမ်းကြောင်းမှာ ရှိနေသင့်ပါတယ်။ ဒိန်ချဉ်တော်တော်များများဟာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို အသုံးပြုပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒိန်ချဉ်ဟာ နွားနို့ကလာတာဖြစ်လို့ ပရိုတင်းဓာတ်များစွာအပြင် ကယ်ဆီယမ်၊ ဗီတာမင်ဘီ-2၊ ဗီတာမင်ဘီ-12၊ ပိုတက်ဆီယမ်နဲ့ မက်ကနီဆီယမ်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒိန်ချဉ်ကရတဲ့ ကျန်းမာရေး အထောက်အကူပြုမှုတွေဟာ အံ့မခန်းဖြစ်တာမို့ နေ့စဉ်သောက်သုံးသင့်ပါတယ်။ ဒိန်ချဉ်ကရတဲ့ အဓိကအကျိုးကျေးဇူး (၅)ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) အရိုးပွရောဂါကိုကာကွယ်ပေးနိုင်ခြင်း
ဒိန်ချဉ်မှာ ပိုတက်ဆီယမ်နဲ့ ကယ်ဆီယမ်ဓာတ်များစွာ ပါဝင်တာကြောင့် အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပြီး ကုသခြင်းမှာပါ အသုံးဝင်ပါတယ်။
(၂) သွေးတိုးရောဂါကိုဖြစ်မှုကိုလျော့နည်းစေနိုင်ခြင်း
အဆီဓာတ်နည်းတဲ့ ဒိန်ချဉ်ကိုသောက်သုံးပေးခြင်းဖြင့် လူအများစုဖြစ်လေ့ရှိတဲ့ သွေးတိုးရောဂါကို ကာကွယ်နိုင်ပါတယ်။
(၃) ဆာလောင်ခြင်းကိုပြေစေနိုင်ခြင်း
University of Washington မှလေ့လာမှုတစ်ခုအရ ဒိန်ချဉ်သောက်သုံးထားတဲ့သူတွေဟာ တခြားသရေစာစားထားတဲ့သူတွေထက် အဆာခံနိုင်တယ်လို့ပါရှိပါတယ်။
(၄) ဓာတ်မတည့်မှုလျော့နည်းနိုင်ခြင်း
ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှုရှိနေတဲ့သူတွေဟာ ဒိန်ချဉ်သောက်သုံးခြင်းအားဖြင့် ဓာတ်မတည့်မှုမှ တုန့်ပြန်တာကို ကာကွယ်ပေးတဲ့ အဆင့်တွေမြင့်တက်လာနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
(၅) အစာချေစနစ်ကိုကောင်းမွန်စေခြင်း
ဒိန်ချဉ်သောက်သုံးခြင်းအားဖြင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး လေထိုးတာနဲ့ ဗိုက်ပွတာကိုကာကွယ်ပေးနိုင်ပါတယ်။

Credit:မိုမိုလေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top