iMyanmarHouse.com - Best Property Website for Myanmar
×

ေအာက္မွာ ေဖာ္ျပထားတဲ့အခ်က္ေတြကေတာ့ စကားတစ္လုံးမွ ေျပာစရာမလုိတဲ့ အျပဳအမူေလးေတြ ျဖစ္ပါတယ္။ ဒီအျပဳအမူေလးေတြကုိသာ ဂ႐ုတစုိက္ျပဳမူရင္ ပုရိသအေပါင္းရဲ႕ စိတ္ကုိ မယုိးမရြျဖစ္ေစၿပီး အတုိးခ်ခ်စ္ေစႏုိ္င္မယ့္ အျပဳအမူေတြ
ျဖစ္ေၾကာင္း  အာမခံပါတယ္။

(၁) ႏွစ္ႏွစ္ကာကာ ၿပဳံးျပပါ
ၿပံဳးစရာရွိတဲ့အခါ ၿပဳံးလိုက္ပါ။ သိပ္ၿပီး ရွက္ေၾကာက္မေနပါနဲ႔။ ဘယ္သူ႔ကိုမွ သတိမထားမိတဲ့ ပုံစံနဲ႔ ႏွစ္ႏွစ္ကာကာ ၿပဳံးပါ။ သင့္ကုိ သတိထားေနတဲ့ အမ်ိဳးသားဆုိရင္ ဒီအခ်ိန္ ရင္ေတြ တစ္လွပ္လွပ္ျဖစ္ေနေလာက္ပါၿပီ။
(၂) ၀တ္စားဆင္ယင္မႈအပုိင္း

၀တ္စားဆင္ယင္မႈအပိုင္းမွာလည္း ကိုယ္ရဲ႕ ခႏၶာကိုယ္သြင္ျပင္နဲ႔လုိက္ဖက္တဲ့ အ၀တ္အစားကို ၀တ္ဆင္တတ္ပါေစ။ အ
ရမ္းေခတ္အဆန္ႀကီးလည္း မဟုတ္သလုိ အရမ္းႀကီးလည္း ေခတ္မတုံးပါေစနဲ႔။ ဒါေပမယ့္ အခုေခတ္ ေကာင္ေလးေတြ အ
မ်ားစုႀကိဳက္တဲ့ပုံစံက ႐ုိး႐ုိးယဥ္ယဥ္ေလးနဲ႔ ခ်ပ္ခ်ပ္ရပ္ရပ္ ၀တ္စားဆင္ယင္တဲ့ပုံစံမ်ိဳးေလးေတြေပါ့။
(၃) ဆံပင္ကုိ ရမ္းခါျခင္း

ဆံပင္ကုိ ရမ္းခါတဲ့အခါမွာလည္း အမ်ိဳးသမီးေတြဟာ အရမ္းဆြဲေဆာင္မႈ ရွိပါတယ္။ ဒါေပမယ့္ သိပ္ မသိသာပါေစနဲ႔။ လက္
နဲ႔ သပ္တင္တာတုိ႔၊ ေလတုိက္လုိ႔ သဘာ၀အရ က်လာတဲ့အခါတုိ႔မွာ မသိမသာေလး ရမ္းခါတာမ်ိဳး လုပ္ပါ။ တစ္ခါတေလ
ေနာက္မွာရွိေနတဲ့ ဆံပင္ကို ေရွ႕ကုိ လက္နဲ႔ သိမ္းယူတာမ်ိဳးေလးေတြဟာလည္း အိေျႏၵရရ လွတဲ့ အျပဳအမူေလးေတြ ျဖစ္
ပါတယ္။

(၄) သပ္ရပ္စြာေျပာဆုိေနထုိင္ပါ

အေနအထုိင္ အေျပာအဆုိ သပ္သပ္ရပ္ရပ္ရွိေနပါေစ။ ဒါကလည္း စကားမေျပာေသာ ဆြဲေဆာင္မႈေတြထဲမွာ ပါ၀င္ပါ
တယ္။ အရမ္းႀကီးမ်က္ႏွာကို တင္းထားလုိ႔လည္း မျဖစ္သလုိ ၿပီတည္တည္ပုံစံႀကီးလည္း ျဖစ္မေနပါေစနဲ႔။ ပတ္၀န္းက်င္
နဲ႔ လုိက္ဖက္တဲ့ မ်က္ႏွာေပးမ်ိဳး ထားတတ္ပါေစ။
(၅) အႀကိဳက္ကုိသိပါေစ

အမ်ိဳးသားေတြရဲ႕ အႀကိဳက္ကုိ သိပါေစ။ မ်ားေသာအားျဖင့္ေတာ့ အမ်ိဳးသားေတြဟာ အမ်ိဳးသမီးေတြအေပးမွာ ရင္းနီး
သည္ျဖစ္ေစ မရင္းနီးေသးသူျဖစ္ေစ မ်က္ႏွာၿပီးရင္ အမ်ားဆုံး မ်က္လုံးေရာက္တတ္တာ ရင္သားေတြကုိပဲ ျဖစ္ပါတယ္။ ဒုတိယ အမ်ားဆုံးၾကည့္တာကေတာ့ တင္ပါးပဲျဖစ္ပါတယ္။ သူတုိ႔တစ္ေတြကို စစ္ေမးရင္ေတာ့ လုံး၀မဟုတ္ဘူးလုိ႔ ေျဖၾကမွာ အေသအခ်ာပါဘဲ။ ဒီေတာ့ ဘယ္လုိအေျခအေနမွာပဲျဖစ္ျဖစ္ သူတုိ႔တစ္ေတြရဲ႕စိတ္ကုိ ဖမ္းစားဖုိ႔အတြက္ သူတုိ႔တစ္
ေတြနားေလးကို လမ္းေလွ်ာက္တဲ့အခါ ရင္ကေလးကို အနည္းငယ္ခ်ီၿပီး၊ တင္ကေလးကုိ မသိမသာေလးေတာ့ ေကာ့ထားဖုိ႔ လုိပါတယ္။ ဒါကုိ အိေျႏၵမဲ့တယ္လုိ႔ မထင္ပါနဲ႔။ ဖတ္ရွင္႐ႈိးပြဲႀကီးတစ္ခုေလာက္ေတာ့ အျမင္မ႐ုိင္းေစပါဘူး။

(၆) ၾကင္နာမႈ

အမ်ိဳးသမီးေတြကုိ တစ္စုံတစ္ေယာက္ကို ဘယ္လုိ ၾကင္နာရမလဲဆုိတာ သင္ေပးေနဖုိ႔ မလုိပါဘူး။ ဒါေပမယ့္ အခ်ိဳ႕ အမ်ိဳးသမီးေတြဟာ တစ္ခါတေလ လူေရွ႕သူေရွ႕မွာတင္ တစ္စုံတစ္ေယာက္ကို ေဒါသထြက္စရာရွိတဲ့အခါမ်ိဳးမွာ မ်က္ႏွာႀကီးေတြ
စူပုပ္ထားၿပီး အလွကို သူမ်ားမျဖတ္ပဲ ကုိယ့္ဘာသာ ျဖတ္မိတတ္ပါတယ္။ တစ္ခ်ိဳ႕မိန္းကေလးေတြက လူေရွ႕သူေရွ႕မွာ
ေဒါသတႀကီး ေအာ္ဟစ္ေကာ္ဆဲရတာမ်ိဳးကို ဟုတ္လွၿပီမွတ္ေနတတ္တာမ်ိဳးေတာင္ ရွိပါေသးတယ္။
(၇) ရယ္ေမာျခင္း ၊ အျပံဳး

ရယ္တဲ့အခါမွာလည္း အိေျႏၵရွင္အမ်ိဳးသမီးေတြ ျပဳမူေလ့ရွိတဲ့ ပုံစံေတြကို ရေအာင္အတုခုိးပါ။ သုံးခါရယ္ရင္ ႏွစ္ခါေလာက္
ေတာ့ ပါးစပ္ကေလးကို လက္ကေလးေတြနဲ႔ ကြယ္ပါ။ အမ်ိဳးသားဆုိတာက မိန္းကေလးေတြရဲ႕ လွ်ိဳ႕၀ွက္တဲ့ အလွေတြဆုိ
အကုန္ စိတ္၀င္စားပါတယ္။ ဒီေတာ့ အလွကုိ ကုိယ္ကုိယ္တုိင္ တန္ဖုိးထားပါ။ အဲဒီလုိ တန္ဖုိးထားၿပီး ျပသင့္တဲ့ အလွကုိ
ျပ၊ လွစ္ကနဲ ျပသင့္တဲ့ အလွကို လွစ္ကနဲ႔ျပ၊ အရမ္းရင္းနီးမွ ျပရမယ့္ အလွကို အရမ္းရင္းနီးမွျပ … ဒါပဲေနာ။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အောက်မှာ ဖော်ပြထားတဲ့အချက်တွေကတော့ စကားတစ်လုံးမှ ပြောစရာမလိုတဲ့ အပြုအမူလေးတွေ ဖြစ်ပါတယ်။ ဒီအပြုအမူလေးတွေကိုသာ ဂရုတစိုက်ပြုမူရင် ပုရိသအပေါင်းရဲ့ စိတ်ကို မယိုးမရွဖြစ်စေပြီး အတိုးချချစ်စေနိုင်မယ့် အပြုအမူတွေ
ဖြစ်ကြောင်း  အာမခံပါတယ်။

(၁) နှစ်နှစ်ကာကာ ပြုံးပြပါ
ပြုံးစရာရှိတဲ့အခါ ပြုံးလိုက်ပါ။ သိပ်ပြီး ရှက်ကြောက်မနေပါနဲ့။ ဘယ်သူ့ကိုမှ သတိမထားမိတဲ့ ပုံစံနဲ့ နှစ်နှစ်ကာကာ ပြုံးပါ။ သင့်ကို သတိထားနေတဲ့ အမျိုးသားဆိုရင် ဒီအချိန် ရင်တွေ တစ်လှပ်လှပ်ဖြစ်နေလောက်ပါပြီ။
(၂) ဝတ်စားဆင်ယင်မှုအပိုင်း

ဝတ်စားဆင်ယင်မှုအပိုင်းမှာလည်း ကိုယ်ရဲ့ ခန္ဓာကိုယ်သွင်ပြင်နဲ့လိုက်ဖက်တဲ့ အဝတ်အစားကို ဝတ်ဆင်တတ်ပါစေ။ အ
ရမ်းခေတ်အဆန်ကြီးလည်း မဟုတ်သလို အရမ်းကြီးလည်း ခေတ်မတုံးပါစေနဲ့။ ဒါပေမယ့် အခုခေတ် ကောင်လေးတွေ အ
များစုကြိုက်တဲ့ပုံစံက ရိုးရိုးယဉ်ယဉ်လေးနဲ့ ချပ်ချပ်ရပ်ရပ် ဝတ်စားဆင်ယင်တဲ့ပုံစံမျိုးလေးတွေပေါ့။
(၃) ဆံပင်ကို ရမ်းခါခြင်း

ဆံပင်ကို ရမ်းခါတဲ့အခါမှာလည်း အမျိုးသမီးတွေဟာ အရမ်းဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမယ့် သိပ် မသိသာပါစေနဲ့။ လက်
နဲ့ သပ်တင်တာတို့၊ လေတိုက်လို့ သဘာဝအရ ကျလာတဲ့အခါတို့မှာ မသိမသာလေး ရမ်းခါတာမျိုး လုပ်ပါ။ တစ်ခါတလေ
နောက်မှာရှိနေတဲ့ ဆံပင်ကို ရှေ့ကို လက်နဲ့ သိမ်းယူတာမျိုးလေးတွေဟာလည်း အိနြေ္ဒရရ လှတဲ့ အပြုအမူလေးတွေ ဖြစ်
ပါတယ်။

(၄) သပ်ရပ်စွာပြောဆိုနေထိုင်ပါ

အနေအထိုင် အပြောအဆို သပ်သပ်ရပ်ရပ်ရှိနေပါစေ။ ဒါကလည်း စကားမပြောသော ဆွဲဆောင်မှုတွေထဲမှာ ပါဝင်ပါ
တယ်။ အရမ်းကြီးမျက်နှာကို တင်းထားလို့လည်း မဖြစ်သလို ပြီတည်တည်ပုံစံကြီးလည်း ဖြစ်မနေပါစေနဲ့။ ပတ်ဝန်းကျင်
နဲ့ လိုက်ဖက်တဲ့ မျက်နှာပေးမျိုး ထားတတ်ပါစေ။
(၅) အကြိုက်ကိုသိပါစေ

အမျိုးသားတွေရဲ့ အကြိုက်ကို သိပါစေ။ များသောအားဖြင့်တော့ အမျိုးသားတွေဟာ အမျိုးသမီးတွေအပေးမှာ ရင်းနီး
သည်ဖြစ်စေ မရင်းနီးသေးသူဖြစ်စေ မျက်နှာပြီးရင် အများဆုံး မျက်လုံးရောက်တတ်တာ ရင်သားတွေကိုပဲ ဖြစ်ပါတယ်။ ဒုတိယ အများဆုံးကြည့်တာကတော့ တင်ပါးပဲဖြစ်ပါတယ်။ သူတို့တစ်တွေကို စစ်မေးရင်တော့ လုံးဝမဟုတ်ဘူးလို့ ဖြေကြမှာ အသေအချာပါဘဲ။ ဒီတော့ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူတို့တစ်တွေရဲ့စိတ်ကို ဖမ်းစားဖို့အတွက် သူတို့တစ်
တွေနားလေးကို လမ်းလျှောက်တဲ့အခါ ရင်ကလေးကို အနည်းငယ်ချီပြီး၊ တင်ကလေးကို မသိမသာလေးတော့ ကော့ထားဖို့ လိုပါတယ်။ ဒါကို အိနြေ္ဒမဲ့တယ်လို့ မထင်ပါနဲ့။ ဖတ်ရှင်ရှိုးပွဲကြီးတစ်ခုလောက်တော့ အမြင်မရိုင်းစေပါဘူး။

(၆) ကြင်နာမှု

အမျိုးသမီးတွေကို တစ်စုံတစ်ယောက်ကို ဘယ်လို ကြင်နာရမလဲဆိုတာ သင်ပေးနေဖို့ မလိုပါဘူး။ ဒါပေမယ့် အချို့ အမျိုးသမီးတွေဟာ တစ်ခါတလေ လူရှေ့သူရှေ့မှာတင် တစ်စုံတစ်ယောက်ကို ဒေါသထွက်စရာရှိတဲ့အခါမျိုးမှာ မျက်နှာကြီးတွေ
စူပုပ်ထားပြီး အလှကို သူများမဖြတ်ပဲ ကိုယ့်ဘာသာ ဖြတ်မိတတ်ပါတယ်။ တစ်ချို့မိန်းကလေးတွေက လူရှေ့သူရှေ့မှာ
ဒေါသတကြီး အော်ဟစ်ကော်ဆဲရတာမျိုးကို ဟုတ်လှပြီမှတ်နေတတ်တာမျိုးတောင် ရှိပါသေးတယ်။
(၇) ရယ်မောခြင်း ၊ အပြုံး

ရယ်တဲ့အခါမှာလည်း အိနြေ္ဒရှင်အမျိုးသမီးတွေ ပြုမူလေ့ရှိတဲ့ ပုံစံတွေကို ရအောင်အတုခိုးပါ။ သုံးခါရယ်ရင် နှစ်ခါလောက်
တော့ ပါးစပ်ကလေးကို လက်ကလေးတွေနဲ့ ကွယ်ပါ။ အမျိုးသားဆိုတာက မိန်းကလေးတွေရဲ့ လျှို့ဝှက်တဲ့ အလှတွေဆို
အကုန် စိတ်ဝင်စားပါတယ်။ ဒီတော့ အလှကို ကိုယ်ကိုယ်တိုင် တန်ဖိုးထားပါ။ အဲဒီလို တန်ဖိုးထားပြီး ပြသင့်တဲ့ အလှကို
ပြ၊ လှစ်ကနဲ ပြသင့်တဲ့ အလှကို လှစ်ကနဲ့ပြ၊ အရမ်းရင်းနီးမှ ပြရမယ့် အလှကို အရမ်းရင်းနီးမှပြ … ဒါပဲနော။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top