iMyanmarHouse.com - Best Property Website for Myanmar
×

ေခြးေလးတစ္ေကာင္ကို ေထြးပိုက္ထားတဲ့ပံုေတြကို လူေတြက ဆိုရွယ္မီဒီယာေတြေပၚ တင္တတ္ၾကပါတယ္။ သူတို႔ပိုင္တဲ့ ေခြးေလးကို ဘယ္ေလာက္ခ်စ္ေၾကာင္းလည္း ေရးသားတတ္ၾကပါတယ္။ ေခြးေတြသာ ေျပာျပတတ္မယ္ဆုိ သူတို႔သခင္ေပၚခ်စ္တဲ့အခ်စ္ကလည္း လူေတြထက္ေတာ့ မေလ်ာ့ပါဘူး။ လူေတြထက္ေတာင္ ပိုပါတယ္။ ေခြးတစ္ေကာင္ဆီက သင္ယူလို႔ရတဲ့ အခ်စ္ေတြ ရွိပါတယ္။

၁ - ခြင့္လြတ္တဲ့ အခ်စ္

သူတို႔ကို ေကၽြးဖို႔ ေမ့သြားေပမယ့္ သင့္ကို ေတြ႕ရင္ သင့္ရင္ခြင္ထဲ တိုးေဝွ႕ဝင္ေရာက္ဆဲပါ။ သူတို႔နဲ႔ အတူလမ္းေလွ်ာက္ဖို႔ ေမ့သြားေပမယ့္ သင့္ကို ျမင္ရင္ ရင္ခြင္ထဲ တိုးေဝွ႕ဝင္ေရာက္ဆဲပါ။ တစ္ေန႔လံုးသူတို႔ကို တစ္ခ်က္ေလးေတာင္ အေရးမလုပ္မိေပမယ့္ ခဏေလးၾကည့္မိတာနဲ႔ သင့္ဆီေျပးလာတတ္ပါတယ္။ ေန႔စဥ္ေနတိုင္း ျပည့္စံုတဲ့ခြင့္လြတ္မႈနဲ႔ သင့္ကို ခ်စ္တာပါ။

၂ - ရိုးရွင္းတဲ့အခ်စ္

 ေခြးေတြရဲ႕ ဒႆနက ဒီလိုပါ။ သူက ငါနဲ႔ ကစားေပးတယ္၊ လိုအပ္လာရင္ သူ႔အတြက္ ငါေသေပးမယ္။ ဒီလိုအခ်စ္မ်ိဳးက လူေတြအတြက္ ရယ္စရာျဖစ္ေနႏုိင္ပါတယ္။ သူတို႔အတြက္ကေတာ့ တစ္ဦးတစ္ေယာက္ေပၚထားတဲ့ အခ်စ္က အဲ့လို ရိုးရိုးၾကီးျဖစ္ပါတယ္။ သင့္ကို ရိုးရိုးၾကီးခ်စ္တာပါ။ အဲ့အခ်စ္အတြက္ ေၾကာက္စိတ္လည္း မရွိပါဘူး။

၃ - သစၥာရွိတဲ့ အခ်စ္

သစၥာရွိတဲ့အခ်စ္ဆိုတာ ဘယ္သူ႔ကိုမွ မခ်စ္ဘဲ သင့္တစ္ေယာက္တည္းကိုပဲ ခ်စ္ေနတယ္ဆိုတာမ်ိဳး မဟုတ္ပါဘူး။ အရာရာအားလံုးသင္ဆံုးရႈံးသြားေနပါေစ ေဘးနားလွည့္ၾကည့္လိုက္တဲ့အခ်ိန္မွာ သင့္ဘက္မွာ တစ္ေယာက္တည္း ရပ္ေပးေနသူပါ။ ေခြးတစ္ေကာင္ကေတာ့ ဒီလို ခ်စ္ႏုိင္ပါတယ္။ ဒါေၾကာင့္ တခ်ိဳ႕လူေတြဟာ အလုပ္မွာအဆင္မေျပ၊ ပတ္ဝန္းက်င္မွာ အဆင္မေျပတဲ့အခ်ိန္ေတြမွာ အိမ္ကိုျပန္လာျပီး သူတို႔ခ်စ္တဲ့ေခြးေလးတစ္ေကာင္ကိုေထြးေပြ႕ျပီး တိတ္တိတ္ဆိတ္ဆိတ္ေနလိုက္တတ္ၾကပါတယ္။

၄ - အဆိုးမျမင္တဲ့ အခ်စ္

ဒီလူနဲ႔ ရွိရတာ ေပ်ာ္တယ္ဆိုရင္ သူတို႔က ဒီလူကိုေတြ႕တုိင္း အျမဲေပ်ာ္ေနတာပါ။ သင့္ကိုေတြ႕ရင္ အျမဲေပ်ာ္ေနတဲ့ သူ႔ပံုစံေၾကာင့္ သင္ကို္ယ္တုုိင္လည္း အဆိုးျမင္စိတ္ေတြ ေပ်ာက္သြားရတတ္ပါတယ္။ သူတို႔ရဲ႕ အခ်စ္မွာ အဆုိးျမင္သြားတယ္ဆိုတာမရွိပါဘူး။ သင့္ကိုေတြ႕တာနဲ႔ အျမီးေလးတယမ္းယမ္းနဲ႔ အျမဲတမ္းၾကိဳဆုိေနသူ ျဖစ္ပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ခွေးလေးတစ်ကောင်ကို ထွေးပိုက်ထားတဲ့ပုံတွေကို လူတွေက ဆိုရှယ်မီဒီယာတွေပေါ် တင်တတ်ကြပါတယ်။ သူတို့ပိုင်တဲ့ ခွေးလေးကို ဘယ်လောက်ချစ်ကြောင်းလည်း ရေးသားတတ်ကြပါတယ်။ ခွေးတွေသာ ပြောပြတတ်မယ်ဆို သူတို့သခင်ပေါ်ချစ်တဲ့အချစ်ကလည်း လူတွေထက်တော့ မလျော့ပါဘူး။ လူတွေထက်တောင် ပိုပါတယ်။ ခွေးတစ်ကောင်ဆီက သင်ယူလို့ရတဲ့ အချစ်တွေ ရှိပါတယ်။

၁ - ခွင့်လွတ်တဲ့ အချစ်

သူတို့ကို ကျွေးဖို့ မေ့သွားပေမယ့် သင့်ကို တွေ့ရင် သင့်ရင်ခွင်ထဲ တိုးဝှေ့ဝင်ရောက်ဆဲပါ။ သူတို့နဲ့ အတူလမ်းလျှောက်ဖို့ မေ့သွားပေမယ့် သင့်ကို မြင်ရင် ရင်ခွင်ထဲ တိုးဝှေ့ဝင်ရောက်ဆဲပါ။ တစ်နေ့လုံးသူတို့ကို တစ်ချက်လေးတောင် အရေးမလုပ်မိပေမယ့် ခဏလေးကြည့်မိတာနဲ့ သင့်ဆီပြေးလာတတ်ပါတယ်။ နေ့စဉ်နေတိုင်း ပြည့်စုံတဲ့ခွင့်လွတ်မှုနဲ့ သင့်ကို ချစ်တာပါ။

၂ - ရိုးရှင်းတဲ့အချစ်

 ခွေးတွေရဲ့ ဒဿနက ဒီလိုပါ။ သူက ငါနဲ့ ကစားပေးတယ်၊ လိုအပ်လာရင် သူ့အတွက် ငါသေပေးမယ်။ ဒီလိုအချစ်မျိုးက လူတွေအတွက် ရယ်စရာဖြစ်နေနိုင်ပါတယ်။ သူတို့အတွက်ကတော့ တစ်ဦးတစ်ယောက်ပေါ်ထားတဲ့ အချစ်က အဲ့လို ရိုးရိုးကြီးဖြစ်ပါတယ်။ သင့်ကို ရိုးရိုးကြီးချစ်တာပါ။ အဲ့အချစ်အတွက် ကြောက်စိတ်လည်း မရှိပါဘူး။

၃ - သစ္စာရှိတဲ့ အချစ်

သစ္စာရှိတဲ့အချစ်ဆိုတာ ဘယ်သူ့ကိုမှ မချစ်ဘဲ သင့်တစ်ယောက်တည်းကိုပဲ ချစ်နေတယ်ဆိုတာမျိုး မဟုတ်ပါဘူး။ အရာရာအားလုံးသင်ဆုံးရှုံးသွားနေပါစေ ဘေးနားလှည့်ကြည့်လိုက်တဲ့အချိန်မှာ သင့်ဘက်မှာ တစ်ယောက်တည်း ရပ်ပေးနေသူပါ။ ခွေးတစ်ကောင်ကတော့ ဒီလို ချစ်နိုင်ပါတယ်။ ဒါကြောင့် တချို့လူတွေဟာ အလုပ်မှာအဆင်မပြေ၊ ပတ်ဝန်းကျင်မှာ အဆင်မပြေတဲ့အချိန်တွေမှာ အိမ်ကိုပြန်လာပြီး သူတို့ချစ်တဲ့ခွေးလေးတစ်ကောင်ကိုထွေးပွေ့ပြီး တိတ်တိတ်ဆိတ်ဆိတ်နေလိုက်တတ်ကြပါတယ်။

၄ - အဆိုးမမြင်တဲ့ အချစ်

ဒီလူနဲ့ ရှိရတာ ပျော်တယ်ဆိုရင် သူတို့က ဒီလူကိုတွေ့တိုင်း အမြဲပျော်နေတာပါ။ သင့်ကိုတွေ့ရင် အမြဲပျော်နေတဲ့ သူ့ပုံစံကြောင့် သင်ကိုယ်တိုုင်လည်း အဆိုးမြင်စိတ်တွေ ပျောက်သွားရတတ်ပါတယ်။ သူတို့ရဲ့ အချစ်မှာ အဆိုးမြင်သွားတယ်ဆိုတာမရှိပါဘူး။ သင့်ကိုတွေ့တာနဲ့ အမြီးလေးတယမ်းယမ်းနဲ့ အမြဲတမ်းကြိုဆိုနေသူ ဖြစ်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top