iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူျဖစ္ျဖစ္ အိမ္ေထာင္ဖက္ျဖစ္ျဖစ္ သူနဲ႔ရန္ျဖစ္ စကားမ်ားၿပီဆုိ ကိုယ္ပဲ စိတ္ဆင္းရဲရ၊ ေဒါသထြက္ရတယ္။ တကယ္ေတာ့ သူလည္းပဲ ေဒါသထြက္ စိတ္ဆိုးမွာေပါ့ေလ။ ကိုယ္ခံစားရတာက ကိုယ္ပဲသိတာကိုး။ အဲ့ဒီလိုမ်ိဳး ခ်စ္သူနဲ႔ ရန္ျဖစ္တာက တကယ္တမ္းက်ေတာ့ ကိုယ့္က်န္းမာေရးကို ထိခိုက္ေစပါတယ္။ စိတ္ခံစားခ်က္တင္မကဘဲ ကိုယ္ခႏၶာမွာပါ ဒါေတြျဖစ္လာေစပါတယ္။

၁။ စိတ္ပင္ပန္း

စကားမ်ားၿပီ ကေတာက္ကဆျဖစ္ၿပီဆုိရင္ အျပန္အလွန္ေျပာၾကဆုိၾကနဲ႔ စိတ္က မသက္သာေတာ့ဘူး။ သူက ေမးခြန္းေတြ တရစပ္ေမးလာၿပီဆို ကိုယ့္ကိုေတာင္မယံုေတာ့ဘူးလားလို႔ ကိုယ့္ဘက္ကခံစာမိလာရတယ္ေလ။ စိတ္မြန္းၾကပ္လာပါတယ္။ ေသြးတိုးလာမယ္၊ ႏွလံုးခုန္ႏႈန္းျမန္လာမယ္၊ အသက္႐ႈမမွန္ေတာ့ဘူး။

၂။ ဦးေႏွာက္စြမ္းေဆာင္ရည္က်

ေခါင္း႐ႈပ္လာၿပီး ဘာကိုမွ ေသေသခ်ာခ်ာ မစဥ္းစားႏိုင္ေတာ့တာေတြ ျဖစ္လာပါတယ္။ ကေတာက္ကဆျဖစ္ေနၿပီဆုိရင္ ကိုယ့္မွာအႏၱရာယ္ၾကံဳေနရၿပီလို႔  ဦးေႏွာက္က အခ်က္ျပပါတယ္။ အဲ့ဒီအခါ အခ်က္အလက္အသစ္ေတြကို လက္ခံႏုိင္စြမ္းမရွိေတာ့ဘူး။ အဲ့ဒီအခါ တစ္ဖက္သားက ေျပာေနတာေတြက နားမ၀င္ေတာ့တာ ျဖစ္လာပါတယ္။ ဒီလိုအခ်ိန္မွာ ခဏေလာက္ ၿငိမ္ၿငိမ္ေနၿပီး အသက္ဝ၀ရႈၿပီးမွ ဆက္ေျပာသင့္ပါတယ္။

၃။ ဖ်ားနာ

အခန္႔မသင့္ရင္ စိတ္ေထာင္းကိုယ္ေၾကျဖစ္ၿပီး ေနမေကာင္းျဖစ္ႏိုင္ပါေသးတယ္။ ရန္ျဖစ္တုိင္း စိတ္ပင္ပန္းရတာမ်ားလာမယ္၊ စိတ္ဖိစီးမႈ ၾကာ႐ွည္လာမယ္ဆုိရင္ေတာ့ ခႏၶာကိုယ္တြင္းက ကိုယ္ခံအားစနစ္ကိုပါ ထိခိုက္လာပါတယ္။ ကိုယ္ခံအားစနစ္ ယိုယြင္းအားနည္းလာၿပီဆို ေရာဂါဘယေတြ ဝင္ေရာက္ကပ္ၿငိလြယ္ၿပီး မၾကာခဏ ဖ်ားနာတတ္ပါတယ္။

တကယ္ေတာ့ ဘယ္သူကမွ ကိုယ့္ခ်စ္သူနဲ႔ စကားမ်ား ရန္ျဖစ္တာမ်ိဳး မျဖစ္ခ်င္ၾကပါဘူး။ ဘယ္လိုမွလည္း ေကာင္းက်ိဳးမေပးဘူးေလ။ ဒါေပမဲ့ ရန္ျဖစ္တိုင္း တစ္ေယာက္ကိုတစ္ေယာက္ အႏိုင္ရဖုိ႔ထက္ ႐ႈပ္ေနတာေတြ ႐ွင္းၾကမယ္ဆို ေျပလည္သြားတဲ့အခါ ပိုၿပီးေတာ့ နားလည္မႈ ရလာႏိုင္ပါတယ္။ ရန္ျဖစ္ၿပီး ျပန္ခ်စ္တဲ့အခ်ိန္က သိပ္ကိုၾကည္ႏူးစရာေကာင္းတယ္မဟုတ္လား။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 ချစ်သူဖြစ်ဖြစ် အိမ်ထောင်ဖက်ဖြစ်ဖြစ် သူနဲ့ရန်ဖြစ် စကားများပြီဆို ကိုယ်ပဲ စိတ်ဆင်းရဲရ၊ ဒေါသထွက်ရတယ်။ တကယ်တော့ သူလည်းပဲ ဒေါသထွက် စိတ်ဆိုးမှာပေါ့လေ။ ကိုယ်ခံစားရတာက ကိုယ်ပဲသိတာကိုး။ အဲ့ဒီလိုမျိုး ချစ်သူနဲ့ ရန်ဖြစ်တာက တကယ်တမ်းကျတော့ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ စိတ်ခံစားချက်တင်မကဘဲ ကိုယ်ခန္ဓာမှာပါ ဒါတွေဖြစ်လာစေပါတယ်။

၁။ စိတ်ပင်ပန်း

စကားများပြီ ကတောက်ကဆဖြစ်ပြီဆိုရင် အပြန်အလှန်ပြောကြဆိုကြနဲ့ စိတ်က မသက်သာတော့ဘူး။ သူက မေးခွန်းတွေ တရစပ်မေးလာပြီဆို ကိုယ့်ကိုတောင်မယုံတော့ဘူးလားလို့ ကိုယ့်ဘက်ကခံစာမိလာရတယ်လေ။ စိတ်မွန်းကြပ်လာပါတယ်။ သွေးတိုးလာမယ်၊ နှလုံးခုန်နှုန်းမြန်လာမယ်၊ အသက်ရှုမမှန်တော့ဘူး။

၂။ ဦးနှောက်စွမ်းဆောင်ရည်ကျ

ခေါင်းရှုပ်လာပြီး ဘာကိုမှ သေသေချာချာ မစဉ်းစားနိုင်တော့တာတွေ ဖြစ်လာပါတယ်။ ကတောက်ကဆဖြစ်နေပြီဆိုရင် ကိုယ့်မှာအန္တရာယ်ကြုံနေရပြီလို့  ဦးနှောက်က အချက်ပြပါတယ်။ အဲ့ဒီအခါ အချက်အလက်အသစ်တွေကို လက်ခံနိုင်စွမ်းမရှိတော့ဘူး။ အဲ့ဒီအခါ တစ်ဖက်သားက ပြောနေတာတွေက နားမဝင်တော့တာ ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ခဏလောက် ငြိမ်ငြိမ်နေပြီး အသက်ဝဝရှုပြီးမှ ဆက်ပြောသင့်ပါတယ်။

၃။ ဖျားနာ

အခန့်မသင့်ရင် စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး နေမကောင်းဖြစ်နိုင်ပါသေးတယ်။ ရန်ဖြစ်တိုင်း စိတ်ပင်ပန်းရတာများလာမယ်၊ စိတ်ဖိစီးမှု ကြာရှည်လာမယ်ဆိုရင်တော့ ခန္ဓာကိုယ်တွင်းက ကိုယ်ခံအားစနစ်ကိုပါ ထိခိုက်လာပါတယ်။ ကိုယ်ခံအားစနစ် ယိုယွင်းအားနည်းလာပြီဆို ရောဂါဘယတွေ ဝင်ရောက်ကပ်ငြိလွယ်ပြီး မကြာခဏ ဖျားနာတတ်ပါတယ်။

တကယ်တော့ ဘယ်သူကမှ ကိုယ့်ချစ်သူနဲ့ စကားများ ရန်ဖြစ်တာမျိုး မဖြစ်ချင်ကြပါဘူး။ ဘယ်လိုမှလည်း ကောင်းကျိုးမပေးဘူးလေ။ ဒါပေမဲ့ ရန်ဖြစ်တိုင်း တစ်ယောက်ကိုတစ်ယောက် အနိုင်ရဖို့ထက် ရှုပ်နေတာတွေ ရှင်းကြမယ်ဆို ပြေလည်သွားတဲ့အခါ ပိုပြီးတော့ နားလည်မှု ရလာနိုင်ပါတယ်။ ရန်ဖြစ်ပြီး ပြန်ချစ်တဲ့အချိန်က သိပ်ကိုကြည်နူးစရာကောင်းတယ်မဟုတ်လား။

Credit:duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top