iMyanmarHouse.com - Best Property Website for Myanmar
×
Credit:trend myanmar
#Unicode Version
ကျွန်မတို့ဟာ စိုးရိမ်ပူပန်မှု တစ်ခုခုကြုံတဲ့အခါ လက်သည်းကိုက်တယ်ကြပါတယ်။ ဒါ့အပြင် စိတ်လှုပ်ရှားစရာကြုံပြန်ရင်လည်း လက်သည်းကိုက်ကြပြန်ရော။ ဒါ့ကြောင့် လက်သည်းကိုက်တာဟာ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ အကျင့်ဆိုးတစ်ခုလို့ ယူဆကြပါတယ်။ ဒါပေမယ့် ၎င်းအစား အဲ့ဒီအလေ့အကျင့်ကို ဇီဇာကြောင်ခြင်းနဲ့ ပတ်သက်ကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ လေ့လာချက်တွေက ဖော်ပြထားပါတယ်။
Montreal တက္ကသိုလ်မှ ပါမောက္ခ Kieron O’Connor ရဲ့ လေ့လာမှုကတော့ စိတ်ဖိစီးမှု၊ စိတ်အပန်းဖြေမှု စတဲ့အရာတွေက လူ၄၈ယောက်ရဲ့တစ်ဦးချင်းအပေါ် သူတို့တွေရဲ့ အပြုအမူ ဘယ်လိုပြောင်းလဲစေလဲဆိုတာ စူးစမ်းလေ့လာခဲ့ပါတယ်။
ငြီးငွေ့ခြင်း၊ ခံပြင်းခြင်း၊ အားမလို အားမရဖြစ်တဲ့အခါ လက်သည်းကိုက်တတ်တဲ့အကျင့် ဖြစ်လာဖို့ အလားအလာ ပိုများကြောင်း အဖြေထွက်ရှိခဲ့ပါတယ်။ အခြေခံအားဖြင့် လက်သည်းကိုက်တာ စိုးရိမ်မှုများလို့သာ မဟုတ်ဘဲ ဇီဇာကြောင်တဲ့ အပြုအမူတစ်ခုလည်း ဖြစ်ပါတယ်။ မိမိကြိုးပမ်းချက် မအောင်မြင်တဲ့အခါ လက်သည်းတွေကို ပွန်းပဲ့ ဖူးရောင်လာတဲ့အထိ ကိုက်တတ်ကြပါတယ်။
Credit:trend myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top