iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္မက္တိတၳဳံက်မ္းမ်ားအရ အိပ္မက္ေတြဟာ ဘ၀ရဲ႕ ေရွ႕ေျပးလကၡဏာေတြလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ သိပၸံနည္းက်မွာ ေတာ့ ဒီယူဆခ်က္ေတြဟာ ကြဲလြဲမႈေတြျဖစ္ၿပီး၊ စိတ္ပုိင္းဆုိင္ရာ ခံစားမႈေၾကာင့္ ျဖစ္ေပၚလာတဲ့ အေၾကာင္းအရာေတြလို႔ လည္း ဆုိၾကပါတယ္။ အခု အိပ္မက္ေရးရာ ကၽြမ္းက်င္ပညာရွင္ Jane Teresa Anderson ရဲ႕ ေဆြးေႏြးခ်က္ေတြနဲ႔အတူ မက္ေလ့မက္ထရွိတဲ့ အိပ္မက္အဓိပၸါယ္ 7 ခုအေၾကာင္းကို  ေဖာ္ျပေပးလုိက္ပါတယ္။

(၁) အသုံးမျပဳရေသးတဲ့ အခန္းလြတ္တစ္ခုကို ရွာေတြ႕ျခင္း
တကယ္လုိ႔ သင္ဟာ အသုံးမျပဳရေသးတဲ့ အခန္းလြတ္တစ္ခုကို ရွာေဖြေတြ႕ရွိတယ္ဆုိရင္ သင့္မွာ အသုံးမခ်ရေသးတဲ့ ကိုယ္ပုိင္အရည္အခ်င္းနဲ႔ ကၽြမ္းက်င္မႈေတြ၊ ေျမေတာင္ေျမႇာက္ဖုိ႔ လုိအပ္တဲ့ အရည္အေသြးေတြ ရွိေနေသးတယ္လုိ႔ ဦးေႏွာက္က သတိေပးျခင္းလုိ႔ တုိက္႐ုိက္ေကာက္ယူလို႔ ရပါတယ္။

(၂) အျမင့္မွ ျပဳတ္က်ျခင္း
တစ္ခါတရံမွ အျမင့္ကေန ျပဳတ္က်တဲ့ ခံစားမႈမ်ိဳး အိပ္မက္ထဲမွာ ခံစားေနတယ္ဆုိရင္ေတာ့ သင္လုိခ်င္တဲ့ဘ၀နဲ႔ လက္ရွိ ေရာက္ေနတဲ့ ဘ၀ဟာ မုိးနဲ႔ေျမလုိ႔ ကြာျခားေနေသးေၾကာင္းရဲ႕ နိမိတ္ပုံပါ။ ေန႔စဥ္ဘ၀မွာ အားမလုိအားမရ ျဖစ္မႈ
ေတြကေနတစ္ဆင့္ စိတ္အလိုမက်မႈေတြ၊ စိတ္ဖိအားေတြက ဒီလုိ အိပ္မက္မ်ိဴးမက္ေစဖုိ႔ တြန္းအားေပးပါတယ္။

(၃) ေလတြင္ ၀ဲပ်ံႏုိင္ျခင္း
ဒီလုိအိပ္မက္မ်ိဳး မက္သူေတြဟာ ျပင္ပဘ၀မွာလည္း ရည္မွန္းခ်က္ႀကီးမားသူေတြ ျဖစ္ပါတယ္။ ဒီလုိ သာယာတဲ့ လြင့္ေမ်ာမႈကို ေထာက္ဆရရင္ ကာယကံရွင္ဟာ လုပ္ရင္လုပ္သေလာက္ ေအာင္ျမင္ေနတဲ့ သူတစ္ေယာက္၊ ရည္မွန္းခ်က္ ေတြကုိ စိတ္ခ်လက္ခ် အေကာင္အထည္ေဖာ္ေနတဲ့ လူတစ္ေယာက္လုိ႔ ေျပာလုိ႔ရပါတယ္။

(၄) မျပင္ဆင္ရေသးတဲ့ စာေမးပြဲ
မျမင္ဆင္ရေသးတဲ့ စာေမးပြဲတစ္ခုထဲမွာ သင္ဟာ ဘာေျဖလုိ႔ေျဖရမွန္းမသိ၊ က်ဥ္းထဲၾကပ္ထဲအေျခအေနမ်ိဳး အိပ္မက္ထဲမွာ ထည့္မက္တယ္ဆုိရင္ သင့္မွာ အနာဂတ္ကို ႀကိဳတင္စိတ္ပူေနတဲ့ သေဘာထားရွိသူျဖစ္တယ္လုိ႔ ေကာက္ခ်က္ခ်ရမွာပါ။ ဒီလုိ စိတ္ပူတတ္ေပမယ့္ ဘာကုိမွ ႀကိဳတင္ျပင္ဆင္မႈ မရွိဘဲ အုိးနင္းခြက္နင္း ရင္ဆုိင္ေလ့ရွိတဲ့ ဓေလ့တစ္ခုကိုလည္း ပုိင္ဆုိင္ထားတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

(၅) လူၾကားထဲမွာ အ၀တ္ဗလာအေနအထား
တစ္ခါတေလမွာ ထူးထူုးဆန္းဆန္း သင္ဟာ လူစည္ကားရာ ေနရာတစ္ေနရာကို ေရာက္ရွိေနၿပီး၊ အျခားသူေတြမွာ အ၀တ္
ပါေပမယ့္ သင့္မွာ အ၀တ္ပါမလာတဲ့ အိပ္မက္မ်ိဳး မက္ဖူးပါလိမ့္မယ္။ ဒီအေျခအေနကေတာ့ သင့္ရဲ႕ မသိစိတ္ထဲမွာ သင့္ရဲ႕ ကိုယ္ပုိင္အသားအေရ လွပမႈအေပၚ ယုံၾကည္ခ်က္နည္းပါးျခင္းရဲ႕ လကၡဏာျဖစ္ပါတယ္။
(၆) အိမ္သာရွာမေတြ႕ျခင္း

အိပ္မက္ထဲမွာ အိမ္သာအလြန္အမင္း တက္ခ်င္ေနတဲ့ ၾကားက အိမ္သာ ရွာမေတြ႕တာမ်ိဳး မက္ဖူုးပါလိမ့္မယ္။ ဒါကေတာ့ အဲဒီအိပ္မက္ မက္ေနခ်ိန္မွာ သင့္ခႏၶာကိုယ္ရဲ႕ေတာင္းဆုိခ်က္အရ သင္ဟာ အိမ္သာသြားဖုိ႔ အေရးတႀကီးလုိအပ္ေနတဲ့ အခ်ိန္ပါ။ ဒါေပမယ့္ သင္ကိုယ္တုိင္က အလြန္အမင္း အိပ္ေမာက်ေနခ်ိန္မုိ႔ အလြယ္တကူက အိပ္ယာက မထႏုိင္တဲ့သေဘာပါ။ တစ္ခါတေလ အိပ္ယာထဲမွာေတာင္ ႐ႈးေတြထြက္က်တာမ်ိဳး ျဖစ္တတ္ပါတယ္။

(၇) သြားကၽြတ္ျခင္း
သြားကၽြတ္ထြက္သြားတဲ့ အိပ္မက္မ်ိဳးကေတာ့ သင့္မွာ သြားနဲ႔ပတ္သက္တဲ့ အားနည္းခ်က္ ရွိေနတာမ်ိဳး၊ သုိ႔မဟုတ္ လူၾကားသူၾကားထဲမွာ အရွက္ေၾကာက္ႀကီးတာမ်ိဳးေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဒါမွမဟုတ္ တစ္စုံတစ္ခုေသာ ဖိအားေၾကာင့္ ပါးစပ္ေတြ ဖြင့္မရတဲ့ ခံစားမႈမ်ိဳးကို ၾကဥ္းထဲၾကပ္ထဲမွာ ခံစားေနရရင္လည္း ဒီလုိအိပ္မက္မ်ိဳး မက္တတ္ပါတယ္။

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
အိပ်မက်တိတ္ထုံကျမ်းများအရ အိပ်မက်တွေဟာ ဘဝရဲ့ ရှေ့ပြေးလက္ခဏာတွေလို့ ဆိုပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျမှာ တော့ ဒီယူဆချက်တွေဟာ ကွဲလွဲမှုတွေဖြစ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေလို့ လည်း ဆိုကြပါတယ်။ အခု အိပ်မက်ရေးရာ ကျွမ်းကျင်ပညာရှင် Jane Teresa Anderson ရဲ့ ဆွေးနွေးချက်တွေနဲ့အတူ မက်လေ့မက်ထရှိတဲ့ အိပ်မက်အဓိပ္ပါယ် 7 ခုအကြောင်းကို  ဖော်ပြပေးလိုက်ပါတယ်။

(၁) အသုံးမပြုရသေးတဲ့ အခန်းလွတ်တစ်ခုကို ရှာတွေ့ခြင်း
တကယ်လို့ သင်ဟာ အသုံးမပြုရသေးတဲ့ အခန်းလွတ်တစ်ခုကို ရှာဖွေတွေ့ရှိတယ်ဆိုရင် သင့်မှာ အသုံးမချရသေးတဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေ၊ မြေတောင်မြှောက်ဖို့ လိုအပ်တဲ့ အရည်အသွေးတွေ ရှိနေသေးတယ်လို့ ဦးနှောက်က သတိပေးခြင်းလို့ တိုက်ရိုက်ကောက်ယူလို့ ရပါတယ်။

(၂) အမြင့်မှ ပြုတ်ကျခြင်း
တစ်ခါတရံမှ အမြင့်ကနေ ပြုတ်ကျတဲ့ ခံစားမှုမျိုး အိပ်မက်ထဲမှာ ခံစားနေတယ်ဆိုရင်တော့ သင်လိုချင်တဲ့ဘဝနဲ့ လက်ရှိ ရောက်နေတဲ့ ဘဝဟာ မိုးနဲ့မြေလို့ ကွာခြားနေသေးကြောင်းရဲ့ နိမိတ်ပုံပါ။ နေ့စဉ်ဘဝမှာ အားမလိုအားမရ ဖြစ်မှု
တွေကနေတစ်ဆင့် စိတ်အလိုမကျမှုတွေ၊ စိတ်ဖိအားတွေက ဒီလို အိပ်မက်မျိူးမက်စေဖို့ တွန်းအားပေးပါတယ်။

(၃) လေတွင် ဝဲပျံနိုင်ခြင်း
ဒီလိုအိပ်မက်မျိုး မက်သူတွေဟာ ပြင်ပဘဝမှာလည်း ရည်မှန်းချက်ကြီးမားသူတွေ ဖြစ်ပါတယ်။ ဒီလို သာယာတဲ့ လွင့်မျောမှုကို ထောက်ဆရရင် ကာယကံရှင်ဟာ လုပ်ရင်လုပ်သလောက် အောင်မြင်နေတဲ့ သူတစ်ယောက်၊ ရည်မှန်းချက် တွေကို စိတ်ချလက်ချ အကောင်အထည်ဖော်နေတဲ့ လူတစ်ယောက်လို့ ပြောလို့ရပါတယ်။

(၄) မပြင်ဆင်ရသေးတဲ့ စာမေးပွဲ
မမြင်ဆင်ရသေးတဲ့ စာမေးပွဲတစ်ခုထဲမှာ သင်ဟာ ဘာဖြေလို့ဖြေရမှန်းမသိ၊ ကျဉ်းထဲကြပ်ထဲအခြေအနေမျိုး အိပ်မက်ထဲမှာ ထည့်မက်တယ်ဆိုရင် သင့်မှာ အနာဂတ်ကို ကြိုတင်စိတ်ပူနေတဲ့ သဘောထားရှိသူဖြစ်တယ်လို့ ကောက်ချက်ချရမှာပါ။ ဒီလို စိတ်ပူတတ်ပေမယ့် ဘာကိုမှ ကြိုတင်ပြင်ဆင်မှု မရှိဘဲ အိုးနင်းခွက်နင်း ရင်ဆိုင်လေ့ရှိတဲ့ ဓလေ့တစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပါတယ်။

(၅) လူကြားထဲမှာ အဝတ်ဗလာအနေအထား
တစ်ခါတလေမှာ ထူးထူုးဆန်းဆန်း သင်ဟာ လူစည်ကားရာ နေရာတစ်နေရာကို ရောက်ရှိနေပြီး၊ အခြားသူတွေမှာ အဝတ်
ပါပေမယ့် သင့်မှာ အဝတ်ပါမလာတဲ့ အိပ်မက်မျိုး မက်ဖူးပါလိမ့်မယ်။ ဒီအခြေအနေကတော့ သင့်ရဲ့ မသိစိတ်ထဲမှာ သင့်ရဲ့ ကိုယ်ပိုင်အသားအရေ လှပမှုအပေါ် ယုံကြည်ချက်နည်းပါးခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။
(၆) အိမ်သာရှာမတွေ့ခြင်း

အိပ်မက်ထဲမှာ အိမ်သာအလွန်အမင်း တက်ချင်နေတဲ့ ကြားက အိမ်သာ ရှာမတွေ့တာမျိုး မက်ဖူုးပါလိမ့်မယ်။ ဒါကတော့ အဲဒီအိပ်မက် မက်နေချိန်မှာ သင့်ခန္ဓာကိုယ်ရဲ့တောင်းဆိုချက်အရ သင်ဟာ အိမ်သာသွားဖို့ အရေးတကြီးလိုအပ်နေတဲ့ အချိန်ပါ။ ဒါပေမယ့် သင်ကိုယ်တိုင်က အလွန်အမင်း အိပ်မောကျနေချိန်မို့ အလွယ်တကူက အိပ်ယာက မထနိုင်တဲ့သဘောပါ။ တစ်ခါတလေ အိပ်ယာထဲမှာတောင် ရှုးတွေထွက်ကျတာမျိုး ဖြစ်တတ်ပါတယ်။

(၇) သွားကျွတ်ခြင်း
သွားကျွတ်ထွက်သွားတဲ့ အိပ်မက်မျိုးကတော့ သင့်မှာ သွားနဲ့ပတ်သက်တဲ့ အားနည်းချက် ရှိနေတာမျိုး၊ သို့မဟုတ် လူကြားသူကြားထဲမှာ အရှက်ကြောက်ကြီးတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် တစ်စုံတစ်ခုသော ဖိအားကြောင့် ပါးစပ်တွေ ဖွင့်မရတဲ့ ခံစားမှုမျိုးကို ကြဉ်းထဲကြပ်ထဲမှာ ခံစားနေရရင်လည်း ဒီလိုအိပ်မက်မျိုး မက်တတ်ပါတယ်။

Credit:Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top