iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာမွာ ဘာမွ မလိမ္းပဲ ၾကည္လင္လွပေနဖို႔ဆိုတာ လြယ္ကူတယ္အရာမဟုတ္ဘူးလို႔ ေတြးေနမယ္ဆိုရင္ေတာ့ အဲဒီအေတြးေတြကို လႊင့္ပစ္လိုက္လို႔ ရပါၿပီ။ မိတ္ကပ္၊ သနပ္ခါး၊ ႏို႔ရည္တို႔ မလိမ္းဘဲ အခ်ိန္(၅) မိနစ္ေလာက္ ေပးရံုနဲ႔ တစ္ေနကုန္ လွပၾကည္လင္တဲ့ မ်က္ႏွာကိုရႏိုင္ပါတယ္။ အဲဒီနည္းလမ္းေလးကေတာ့….

ပ်ားရည္ လက္ဖက္စားဇြန္း(၁) ဇြန္းနဲ႔ မုန္႔ဖုတ္ေဆာ္ဒါ လက္ဖက္စားဇြန္းတ၀က္ကို ထည့္ၿပီးေရာေမႊလိုက္ပါ။ ေပါင္းတင္နည္း မျပဳလုပ္ခင္မွာ ေရဆြတ္တာ မျပဳလုပ္ထားလည္း ရပါတယ္။ ေျခာက္ေသြ႔တဲ့ မ်က္နွာေပၚမွာ ပ်ားရည္နဲ႔ မုန္႔ဖုတ္ေဆာ္ဒါ အေရာကို လက္နဲ႔ ျဖည္းညင္းစြာ လိမ္းေပးပါ။ လိမ္းေနစဥ္အတြင္းမွာလည္း မ်က္ႏွာတ၀ိုက္ ႏွိပ္နယ္တာေလးေတြ ျပဳလုပ္ေပးပါ။ ပ်ားရည္နဲ႔ မုန္႔ဖုတ္ေဆာ္ဒါက အညစ္အေၾကးေတြ သန္႔စင္ေစၿပီး ႏွိပ္နယ္ေပးတာက ေသြးလည္ပတ္မႈ ေကာင္းမြန္ေအာင္ အေထာက္အကူျပဳေပးႏုိင္ပါတယ္။ (၅) မိနစ္ေလာက္ ၾကာတဲ့အခါ ပ်ားရည္အေရာ ေျခာက္ေသြ႔လာပါလိ္မ့္မယ္။ အဲဒီအခ်ိန္က်ရင္ ေရေႏြးေလးနဲ႔ မ်က္ႏွာသစ္ေပးလိုက္ပါ။ မနက္ခင္း ျပဳလုပ္ေပးရင္ ပိုေကာင္းၿပီး မိတ္ကပ္၊ သနပ္ခါး၊ ႏို႔ရည္ေတြ မလိမ္းပဲ တစ္ေနကုန္ ၾကည္လင္ေတာက္ပတဲ့ မ်က္ႏွာအသားအေရေလးကို ရရွိပါၿပီ။

Credit:မိုမိုေလး
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

မျက်နှာမှာ ဘာမှ မလိမ်းပဲ ကြည်လင်လှပနေဖို့ဆိုတာ လွယ်ကူတယ်အရာမဟုတ်ဘူးလို့ တွေးနေမယ်ဆိုရင်တော့ အဲဒီအတွေးတွေကို လွှင့်ပစ်လိုက်လို့ ရပါပြီ။ မိတ်ကပ်၊ သနပ်ခါး၊ နို့ရည်တို့ မလိမ်းဘဲ အချိန်(၅) မိနစ်လောက် ပေးရုံနဲ့ တစ်နေကုန် လှပကြည်လင်တဲ့ မျက်နှာကိုရနိုင်ပါတယ်။ အဲဒီနည်းလမ်းလေးကတော့….

ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းနဲ့ မုန့်ဖုတ်ဆော်ဒါ လက်ဖက်စားဇွန်းတဝက်ကို ထည့်ပြီးရောမွှေလိုက်ပါ။ ပေါင်းတင်နည်း မပြုလုပ်ခင်မှာ ရေဆွတ်တာ မပြုလုပ်ထားလည်း ရပါတယ်။ ခြောက်သွေ့တဲ့ မျက်နှာပေါ်မှာ ပျားရည်နဲ့ မုန့်ဖုတ်ဆော်ဒါ အရောကို လက်နဲ့ ဖြည်းညင်းစွာ လိမ်းပေးပါ။ လိမ်းနေစဉ်အတွင်းမှာလည်း မျက်နှာတဝိုက် နှိပ်နယ်တာလေးတွေ ပြုလုပ်ပေးပါ။ ပျားရည်နဲ့ မုန့်ဖုတ်ဆော်ဒါက အညစ်အကြေးတွေ သန့်စင်စေပြီး နှိပ်နယ်ပေးတာက သွေးလည်ပတ်မှု ကောင်းမွန်အောင် အထောက်အကူပြုပေးနိုင်ပါတယ်။ (၅) မိနစ်လောက် ကြာတဲ့အခါ ပျားရည်အရော ခြောက်သွေ့လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ မနက်ခင်း ပြုလုပ်ပေးရင် ပိုကောင်းပြီး မိတ်ကပ်၊ သနပ်ခါး၊ နို့ရည်တွေ မလိမ်းပဲ တစ်နေကုန် ကြည်လင်တောက်ပတဲ့ မျက်နှာအသားအရေလေးကို ရရှိပါပြီ။

Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top