iMyanmarHouse.com - Best Property Website for Myanmar
×

သုေတသနျပဳ ေလ့လာမႈအသစ္အရ အမ်ဳိးသမီးေတြ သေဘာေတြ႕၊ ႏွစ္ၿခိဳက္ၾကတဲ့ အမ်ဳိးသား ပံုစံဟာ ခဏတာနဲ႔ ထာ၀ရ လက္တြဲခြင့္ရေရးအေပၚမွာ အမ်ားႀကီး မူတည္ေနၿပီး တကယ္လို႔သာ ထာ၀ရ လက္တြဲခြင့္ရမယ္ဆိုရင္ ႐ုပ္ရည္ ေခ်ာေမာ၊ ခန္႔ညားတဲ့ အမ်ဳိးသားထက္ ကိုယ္ခ်င္းစာတတ္ၿပီး ကိုယ္က်ဳိးမငဲ့တတ္တဲ့ အမ်ဳိးသားမ်ဳိးကိုသာ ပိုၿပီး အလိုရွိၾကတယ္လို႔ သိရပါတယ္။ တစ္ဖက္မွာလည္း ဆန္႔က်င္ဘက္အေနနဲ႔ ခဏတာ လက္တြဲခြင့္ရမယ္ဆိုရင္ေတာ့ ဘယ္လိုအမ်ဳိးသားပဲ ျဖစ္ျဖစ္ အေရးအႀကီးဆံုးက ႐ုပ္ရည္ ေခ်ာေမာၿပီး သပ္သပ္ရပ္ရပ္နဲ႔ ၾကည့္ေကာင္းေနတာမ်ဳိး ျဖစ္ဖို႔သာ လိုတယ္လို႔ သိရပါတယ္။ ဒီေလ့လာမႈကိုေတာ့ အဂၤလန္ႏိုင္ငံ၊ University of Worcester က သုေတသီေတြက ေတြ႕ရွိခဲ့ၾကတာ ျဖစ္ၿပီး Evolutionary Psychology ဂ်ာနယ္မွာပါ ျပန္လည္ ေဖာ္ျပခဲ့ၾကပါတယ္။

ေလ့လာမႈ အတြင္းမွာေတာ့ ဆြဲေဆာင္မႈအားေကာင္းတဲ့ အမ်ဳိးသားတစ္ေယာက္နဲ႔ ဆြဲေအာင္မႈအားမေကာင္းတဲ့ အမ်ဳိးသားတစ္ေယာက္တို႔ရဲ႕ ပံုေတြနဲ႔ အခ်က္အလက္ေတြကို ႏႈိင္းယွဥ္ေဖာ္ျပထားၿပီး အမ်ဳိးသမီး ၂၀၂ ေယာက္ကို တစ္ဆက္တစ္စပ္တည္း ေတာက္ေလွ်ာက္ ေမးျမန္းခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါ႔ျပင္ ေလ့လာမႈအတြင္းမွာ ပါ၀င္ခဲ့ၾကတဲ့ အမ်ဳိးသမီးေတြကို ျပသတဲ့ ပံုေတြထဲမွာ ဆြဲေဆာင္မႈ အားေကာင္းတဲ့ အမ်ဳိးသားဟာ ေကာ္ဖီနဲ႔ အသားညႇပ္ေပါင္မုန္႔ေတြကို ၀ယ္ယူၿပီး အိမ္ေျခယာမဲ့ တစ္ေယာက္ဆီ သြားေပးတဲ့ ကိုယ္ခ်င္းစာတရား ရွိသူအျဖစ္ ေဖာ္ျပထားၿပီး ဆြဲေဆာင္မႈ အားမေကာင္းတဲ့ အမ်ဳိးသားကိုေတာ့ သူ႕ေဘးမွာ အိမ္ေျခရာမဲ့တစ္ေယာက္ ျဖတ္ေလွ်ာက္ခ်ိန္မွာေတာင္ ဖုန္းကိုသာ ၾကည့္ဟန္ေဆာင္ေနတဲ့ ကိုယ္ခ်င္းစာတရား မရွိသူအျဖစ္ ဇာတ္လမ္းဆင္ေဖာ္ျပထားသလို တျခားက႑ေတြမွာလည္း ဆန္႔က်င္ဘက္ေတြအျဖစ္ အသိေပး၊ ေဖာ္ျပထားပါတယ္။ အဲဒီေနာက္မွာေတာ့ လက္တြဲေဖာ္တစ္ေယာက္အတြက္ ဘယ္အမ်ဳိးသားကို ပိုသေဘာက်လဲ ဆိုၿပီး အမ်ဳိးသမီးေတြကို ေျဖၾကည့္ေစတဲ့အခါမွာ ကိုယ္က်ဳိးမငဲ့ဘဲ ကိုယ္ခ်င္းစာစိတ္ ရွိၿပီး အိမ္ေျခယာမဲ့ တစ္ေယာက္ကို ကူညီခဲ့သူ အမ်ဳိးသားကိုသာ ေျဖဆိုသူေတြက ပိုလို႔ စိတ္၀င္တစားရွိခဲ့ၾကတာပါ။

ဒါ႔ျပင္ ဒီေနရာမွာ ထူးျခားတာက ေျဖဆိုသူေတြရဲ႕ ရလဒ္အရ ႐ုပ္ရည္ ေခ်ာေမာ၊ ခန္႔ညားသည္ ျဖစ္ေစ၊ မေခ်ာေမာ၊ မခန္႔ညားသည္ ျဖစ္ေစ ဆိုတာကို စိတ္၀င္စားမႈ သိပ္မရွိဘဲ ကိုယ္က်ဳိးမငဲ့ စိတ္ဓာတ္ရွိသူ အမ်ဳိးသားကိုသာ စိတ္၀င္စားမႈ ပိုခဲ့တာ ျဖစ္ၿပီး တကယ္လို႔သာ ကိုယ္က်ဳိးမငဲ့သူလည္းျဖစ္၊ ႐ုပ္ရည္ ေခ်ာေမာ၊ ခန္႔ညားသူလည္း ျဖစ္မယ္ဆိုရင္ေတာ့ အေကာင္းဆံုးေပါ႔ ဆိုတဲ့ အေျဖကိုလည္း ေလ့လာမႈ အရ ေတြ႕ရွိခဲ့ၾကတယ္လို႔ သိရပါတယ္။ ဆိုလိုခ်င္တာကေတာ့ အမ်ဳိးသားတစ္ေယာက္ဟာ ႐ုပ္ရည္ ေခ်ာေမာ၊ ခန္႔ညားေနတာထက္ စာရင္ ကိုယ္က်ဳိးမငဲ့စိတ္ ရွိသူက အမ်ဳိးသမီးေတြအတြက္ ပိုလိုအပ္ၿပီး တကယ္လို႔သာ အမ်ဳိးသား တစ္ေယာက္မွာ အဲဒီႏွစ္ခ်က္ထဲက တစ္ခ်က္တည္းသာ ရွိမယ္ဆိုရင္လည္း ကိုယ္က်ဳိးမငဲ့စိတ္ ရွိသူက အမ်ဳိးသမီးေတြအတြက္ ပိုလို႔အေရးပါ၊ အဖိုးထိုက္တန္တယ္လို႔ ယူဆႏိုင္တာ ျဖစ္ပါတယ္။ ေနာက္ထပ္ စိတ္၀င္စားစရာ တစ္ခ်က္အေနနဲ႔ကလည္း ရွိေနျပန္ၿပီး အဲဒါကေတာ့ အမ်ဳိးသမီးေတြဟာ ခဏတာထက္စာရင္ ထာ၀ရ လက္တြဲေဖာ္မ်ဳိးကိုသာ လိုခ်င္ၾကတာ ျဖစ္ပါတယ္။

ေျပာခ်င္တာကေတာ့ အမ်ဳိးသားတစ္ေယာက္မွာ ကိုယ္က်ဳိးမငဲ့စိတ္ ရွိမေနဘူးဆိုရင္ေတာင္ အဲဒီအခ်က္ဟာ ခဏတာ လက္တြဲရခြင့္နဲ႔ယွဥ္ရင္ အမ်ဳိးသမီးေတြအတြက္ ပိုၿပီး စိတ္ေက်နပ္စရာ၊ လက္ခံႏိုင္စရာ ေကာင္းၿပီး ကိုယ္က်ဳိးမငဲ့စိတ္ ရွိေနေပမဲ့ ထာ၀ရ လက္တြဲခြင့္မ်ဳိး မရတာဟာ အလကားပါပဲလို႔ ဆိုလိုခ်င္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အမ်ဳိးသားေတြအေနနဲ႔ တစ္ကိုယ္ေကာင္း မဆန္ဘဲ အားလံုးအေပၚမွာ ေကာင္းေပးႏိုင္ရင္ မွန္မွန္ကန္ကန္၊ မိန္းမေကာင္းေလးေတြနဲ႔ တစ္ေယာက္ကို တစ္ေယာက္ ရွာေတြ႕ႏိုင္ၾကမွာ ျဖစ္သလို တျခားတစ္ဖက္မွာလည္း ႐ုပ္ရည္သာ ေခ်ာေမာ၊ ခန္႔ညား ေနၿပီး တစ္ကိုယ္ေကာင္းဆန္လြန္းေနရင္ေတာ့ ခဏတာ လက္တြဲမႈေတြနဲ႔ ခ်ာခ်ာလည္ေနရမယ္လို႔ အႀကံေပးထားပါတယ္။ သို႔ေသာ္ျငားလည္း ဒါဟာ ေလ့လာေတြ႕ရွိမႈသာ ျဖစ္လို႔ ရာႏႈန္းျပည့္ ယံုၾကည္ရမယ္လို႔ေတာ့ မဟုတ္ဘဲ စာဖတ္သူ ပရိသတ္ႀကီးေရာ အခုေတြ႕ရွိမႈကို ဘယ္လိုထင္ျမင္လဲ ဆိုတာ ေျဖၾကည့္ေပးပါဦး။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
သုတေသနပြု လေ့လာမှုအသစ်အရ အမျိုးသမီးတွေ သဘောတွေ့၊ နှစ်ခြိုက်ကြတဲ့ အမျိုးသား ပုံစံဟာ ခဏတာနဲ့ ထာဝရ လက်တွဲခွင့်ရရေးအပေါ်မှာ အများကြီး မူတည်နေပြီး တကယ်လို့သာ ထာဝရ လက်တွဲခွင့်ရမယ်ဆိုရင် ရုပ်ရည် ချောမော၊ ခန့်ညားတဲ့ အမျိုးသားထက် ကိုယ်ချင်းစာတတ်ပြီး ကိုယ်ကျိုးမငဲ့တတ်တဲ့ အမျိုးသားမျိုးကိုသာ ပိုပြီး အလိုရှိကြတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း ဆန့်ကျင်ဘက်အနေနဲ့ ခဏတာ လက်တွဲခွင့်ရမယ်ဆိုရင်တော့ ဘယ်လိုအမျိုးသားပဲ ဖြစ်ဖြစ် အရေးအကြီးဆုံးက ရုပ်ရည် ချောမောပြီး သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေတာမျိုး ဖြစ်ဖို့သာ လိုတယ်လို့ သိရပါတယ်။ ဒီလေ့လာမှုကိုတော့ အင်္ဂလန်နိုင်ငံ၊ University of Worcester က သုတေသီတွေက တွေ့ရှိခဲ့ကြတာ ဖြစ်ပြီး Evolutionary Psychology ဂျာနယ်မှာပါ ပြန်လည် ဖော်ပြခဲ့ကြပါတယ်။

လေ့လာမှု အတွင်းမှာတော့ ဆွဲဆောင်မှုအားကောင်းတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆွဲအောင်မှုအားမကောင်းတဲ့ အမျိုးသားတစ်ယောက်တို့ရဲ့ ပုံတွေနဲ့ အချက်အလက်တွေကို နှိုင်းယှဉ်ဖော်ပြထားပြီး အမျိုးသမီး ၂၀၂ ယောက်ကို တစ်ဆက်တစ်စပ်တည်း တောက်လျှောက် မေးမြန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့ပြင် လေ့လာမှုအတွင်းမှာ ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးတွေကို ပြသတဲ့ ပုံတွေထဲမှာ ဆွဲဆောင်မှု အားကောင်းတဲ့ အမျိုးသားဟာ ကော်ဖီနဲ့ အသားညှပ်ပေါင်မုန့်တွေကို ဝယ်ယူပြီး အိမ်ခြေယာမဲ့ တစ်ယောက်ဆီ သွားပေးတဲ့ ကိုယ်ချင်းစာတရား ရှိသူအဖြစ် ဖော်ပြထားပြီး ဆွဲဆောင်မှု အားမကောင်းတဲ့ အမျိုးသားကိုတော့ သူ့ဘေးမှာ အိမ်ခြေရာမဲ့တစ်ယောက် ဖြတ်လျှောက်ချိန်မှာတောင် ဖုန်းကိုသာ ကြည့်ဟန်ဆောင်နေတဲ့ ကိုယ်ချင်းစာတရား မရှိသူအဖြစ် ဇာတ်လမ်းဆင်ဖော်ပြထားသလို တခြားကဏ္ဍတွေမှာလည်း ဆန့်ကျင်ဘက်တွေအဖြစ် အသိပေး၊ ဖော်ပြထားပါတယ်။ အဲဒီနောက်မှာတော့ လက်တွဲဖော်တစ်ယောက်အတွက် ဘယ်အမျိုးသားကို ပိုသဘောကျလဲ ဆိုပြီး အမျိုးသမီးတွေကို ဖြေကြည့်စေတဲ့အခါမှာ ကိုယ်ကျိုးမငဲ့ဘဲ ကိုယ်ချင်းစာစိတ် ရှိပြီး အိမ်ခြေယာမဲ့ တစ်ယောက်ကို ကူညီခဲ့သူ အမျိုးသားကိုသာ ဖြေဆိုသူတွေက ပိုလို့ စိတ်ဝင်တစားရှိခဲ့ကြတာပါ။

ဒါ့ပြင် ဒီနေရာမှာ ထူးခြားတာက ဖြေဆိုသူတွေရဲ့ ရလဒ်အရ ရုပ်ရည် ချောမော၊ ခန့်ညားသည် ဖြစ်စေ၊ မချောမော၊ မခန့်ညားသည် ဖြစ်စေ ဆိုတာကို စိတ်ဝင်စားမှု သိပ်မရှိဘဲ ကိုယ်ကျိုးမငဲ့ စိတ်ဓာတ်ရှိသူ အမျိုးသားကိုသာ စိတ်ဝင်စားမှု ပိုခဲ့တာ ဖြစ်ပြီး တကယ်လို့သာ ကိုယ်ကျိုးမငဲ့သူလည်းဖြစ်၊ ရုပ်ရည် ချောမော၊ ခန့်ညားသူလည်း ဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ ဆိုတဲ့ အဖြေကိုလည်း လေ့လာမှု အရ တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။ ဆိုလိုချင်တာကတော့ အမျိုးသားတစ်ယောက်ဟာ ရုပ်ရည် ချောမော၊ ခန့်ညားနေတာထက် စာရင် ကိုယ်ကျိုးမငဲ့စိတ် ရှိသူက အမျိုးသမီးတွေအတွက် ပိုလိုအပ်ပြီး တကယ်လို့သာ အမျိုးသား တစ်ယောက်မှာ အဲဒီနှစ်ချက်ထဲက တစ်ချက်တည်းသာ ရှိမယ်ဆိုရင်လည်း ကိုယ်ကျိုးမငဲ့စိတ် ရှိသူက အမျိုးသမီးတွေအတွက် ပိုလို့အရေးပါ၊ အဖိုးထိုက်တန်တယ်လို့ ယူဆနိုင်တာ ဖြစ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ချက်အနေနဲ့ကလည်း ရှိနေပြန်ပြီး အဲဒါကတော့ အမျိုးသမီးတွေဟာ ခဏတာထက်စာရင် ထာဝရ လက်တွဲဖော်မျိုးကိုသာ လိုချင်ကြတာ ဖြစ်ပါတယ်။

ပြောချင်တာကတော့ အမျိုးသားတစ်ယောက်မှာ ကိုယ်ကျိုးမငဲ့စိတ် ရှိမနေဘူးဆိုရင်တောင် အဲဒီအချက်ဟာ ခဏတာ လက်တွဲရခွင့်နဲ့ယှဉ်ရင် အမျိုးသမီးတွေအတွက် ပိုပြီး စိတ်ကျေနပ်စရာ၊ လက်ခံနိုင်စရာ ကောင်းပြီး ကိုယ်ကျိုးမငဲ့စိတ် ရှိနေပေမဲ့ ထာဝရ လက်တွဲခွင့်မျိုး မရတာဟာ အလကားပါပဲလို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ တစ်ကိုယ်ကောင်း မဆန်ဘဲ အားလုံးအပေါ်မှာ ကောင်းပေးနိုင်ရင် မှန်မှန်ကန်ကန်၊ မိန်းမကောင်းလေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် ရှာတွေ့နိုင်ကြမှာ ဖြစ်သလို တခြားတစ်ဖက်မှာလည်း ရုပ်ရည်သာ ချောမော၊ ခန့်ညား နေပြီး တစ်ကိုယ်ကောင်းဆန်လွန်းနေရင်တော့ ခဏတာ လက်တွဲမှုတွေနဲ့ ချာချာလည်နေရမယ်လို့ အကြံပေးထားပါတယ်။ သို့သော်ငြားလည်း ဒါဟာ လေ့လာတွေ့ရှိမှုသာ ဖြစ်လို့ ရာနှုန်းပြည့် ယုံကြည်ရမယ်လို့တော့ မဟုတ်ဘဲ စာဖတ်သူ ပရိသတ်ကြီးရော အခုတွေ့ရှိမှုကို ဘယ်လိုထင်မြင်လဲ ဆိုတာ ဖြေကြည့်ပေးပါဦး။

Credit:Momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top