iMyanmarHouse.com - Best Property Website for Myanmar
×

ရည္မွန္းခ်က္ပန္းတုိင္ကို မေရာက္ႏိုင္ေသးဘဲ မၾကာခဏက်ဆံုးမႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့သူေတြထဲမွာ ကိုယ္လည္းပါလာၿပီဆိုရင္ ကိုယ္ခ်မွတ္ထားတဲ့ ရည္မွန္းခ်က္ပန္းတိုင္ဆက္တင္ရဲ႕ ျဖစ္စဥ္တစ္ခုလံုးကို ျပန္ၾကည့္ဖို႔လိုပါတယ္။ ရည္မွန္းခ်က္ပန္းတိုင္တစ္ခုခ်မွတ္တဲ့အခါ ေအာင္ျမင္ဖို႔၊ အက်ိဳးျဖစ္ထြန္ုးဖို႔ဆိုတာ ဆက္တင္က အေရးႀကီးပါတယ္။ ဒါေပမဲ့ ကိုယ့္ဘက္က လုပ္ေဆာင္ခ်က္မရွိဘူးဆိုရင္ေတာ့ အဲဒါ ပန္းတိုင္အစစ္တစ္ခုကို ခ်မွတ္ခဲ့တာမဟုတ္ဘူး။ အိပ္မက္ေလာက္ပဲ မက္ခဲ့တာျဖစ္တယ္။ “ရည္မွန္းခ်က္ပန္းတိုင္ဆိုတာ ေနာက္ဆံုးသတ္မွတ္ခ်ိန္နဲ႔အတူ ျဖစ္တည္လာတဲ့ အိပ္မက္တစ္ခုပဲ” လို႔ နပိုလီယံက ေျပာခဲ့တယ္။ အဲဒီေတာ့ ကိုယ့္မွာ ႀကီးမွားတဲ့ပန္းတိုင္တစ္ခု ခ်မွတ္ၿပီးၿပီဆိုရင္ ေအာင္ျမင္ေအာင္၊ အေကာင္အထည္ေပၚလာေအာင္ လက္ေတြ႔အတကယ္ ႐ုန္းကန္ရမယ္။ အဲဒီလိုမွမဟုတ္ရင္ေတာ့ အဲဒါ အိပ္မက္လိုပဲ မက္လိုက္ ေပ်ာက္သြားလိုက္ေနမွာပဲ။ ဒါေၾကာင့္ အဓိကက်ဆံုးေစတတ္တဲ့အရာေတြကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ဘာေၾကာင့္က်ေလ့ရွိၾကသလဲဆိုတဲ့အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ရည္ရြယ္ခ်က္ တိတိက်က်မရွိလို႔

အေကာင္းဆံုးဘဝတစ္ခုကို ရရွိပိုင္ဆိုင္ႏိုင္ဖို႔ဆိုရင္ ကိုယ့္ရဲ႕ ရည္ရြယ္ခ်က္နဲ႔ အျမင္ေတြကလည္း ၾကည္လင္ျပတ္သားေနရမယ္။ အနည္းဆံုးေတာ့ ကိုယ္ခ်မွတ္လိုက္တဲ့ပန္းတိုင္က ကိုယ့္ရည္ရြယ္ခ်က္ စိတ္ကူးေတြထဲမွာ ကိုယ့္ကို ရွင္သန္ေနထိုင္ႏိုင္ဖို႔ ကူညီႏိုင္ရလိမ့္မယ္။ ကိုယ့္ရည္ရြယ္ခ်က္စိတ္ကူးေတြနဲ႔ လံုးဝဆန္႔က်င္ေနတာမ်ိဳး မျဖစ္သင့္ပါဘူး။

၂။ ဘာေၾကာင့္လဲဆိုတာ မမွတ္မိႏိုင္ျဖစ္ေနလို႔

အေရးအႀကီးဆံုးပန္းတိုင္ေတြ ခ်မွတ္ၾကတဲ့အခါ ႏွစ္ရွည္စီမံကိန္းေတြနဲ႔ ခ်မွတ္ေရးဆြဲၾကတာမ်ားတယ္။ ဒါေၾကာင့္ တစ္ေန႔ထက္တစ္ေန႔ ၾကာလာတဲ့အခါ ကိုယ္ပထမခ်မွတ္ခဲ့တဲ့ အေၾကာင္းအရင္းအခ်ိဳ႕ကို ေမ့သြားႏိုင္တယ္။ အဲဒီအခါ ကိုယ့္ရည္မွန္းခ်က္ေတြေအာင္ျမင္ဖို႔အတြက္ လိုအပ္တဲ့အခ်က္အလက္ေတြကို ေန႔စဥ္နဲ႔အမွ် အံက်ိတ္ၿပီး လိုက္ဖမ္းေနရတာမ်ိဳးျဖစ္လာမယ္။ ဒါေၾကာင့္ ရည္မွန္းခ်က္ပန္းတိုင္ ခ်မွတ္ၿပီဆိုကတည္းက ေခါင္းထဲမွာ ေပၚလာသမွ်ကို ခ်ေရးၿပီး မွတ္သားထားပါ။

၃။ ေခါင္းထဲမွာ အမ်ားႀကီးထည့္ထားလို႔

အိုင္ယာလန္မွာ အသံုးျပဳေနၾကတဲ့ မွတ္သားစရာ သိပ္ကိုေကာင္းတဲ့ စကားပံုေလးတစ္ခု ရွိတယ္။ “ဟိုစပ္စပ္ ဒီစပ္စပ္လုပ္တတ္တဲ့သူက ဘာမွျဖစ္မလာတဲ့ေနရာမွာေတာ့ ဆရာႀကီးပဲ” တဲ့။ ဟုတ္ပါတယ္၊ အမွန္တကယ္ ျဖစ္ရမွာက ကိုယ့္ရည္မွန္းခ်က္ပန္းတိုင္နဲ႔ပတ္သက္သမွ် (သို႔) အေထာက္အကူျဖစ္ေစမယ့္အရာမွန္သမွ်ကို ရႏိုင္သမွ် မ်ားမ်ားေလ့လာသင့္ေပမဲ့ ကိုယ့္ရည္မွန္ခ်က္ပန္းတိုင္သြားရာလမ္းေပၚကိုပဲ အာ႐ံုစိုက္ၿပီးလုပ္သင့္ပါ တယ္။

၄။ ဆႏၵမရွိဘူးဆိုတဲ့အေပၚ အာ႐ံုထားေနလို႔

ကိုယ္မလုိခ်င္၊ မလုပ္ခ်င္၊ ဆႏၵမရွိဘူးဆိုတဲ့အရာေတြကလည္း ကိုယ့္အတြက္ အလုပ္ျဖစ္ေအာင္ လုပ္ယူႏိုင္မယ္ဆိုရင္ အသံုးဝင္ပါတယ္။ အဲဒီလုိ ကိုဆႏၵမရွိတဲ့အခ်က္ေတြကိုအသံုးခ်ၿပီး ကိုယ့္အေနနဲ႔ အမွန္တကယ္ဘာေတြ လိုခ်င္၊ လုပ္ခ်င္တယ္ (သို႔) ဆႏၵရွိတယ္ဆိုတာ သိေအာင္လုပ္ယူႏိုင္ရမယ္။ ဥပမာ - အလုပ္ထဲမွာ ကိုယ္ဆႏၵမရွိတဲ့၊ တစ္နည္းအားျဖင့္ ကိုယ္နဲ႔မကိုက္တဲ့ အလုပ္တစ္ခုခုကို လုပ္ေနရတယ္၊ တာဝန္ယူေနရတယ္ဆိုရင္ အဲဒါ ကိုယ္ဘယ္လိုေနရာ၊ ဘယ္လိုအလုပ္မ်ိဳးမွာ ဆႏၵာရွိသလဲ၊ ကိုယ္နဲ႔ ဘယ္လိုအလုပ္မ်ိဳးက ကိုက္ညီသလဲဆိုတာေဖာ္ျပေနတာပဲ။ အဲဒါကို ကိုယ္က သိေအာင္လုပ္ယူရပါမယ္။

၅။ စိတ္လႊမ္းမိုးခံရတာမ်ားလို႔

လူအမ်ားစုဟာ ကိုယ္ရည္မွန္းခ်က္ပန္းတိုင္ကို ေဖာ္ေဆာင္ၾကတဲ့အခါ လႊမ္းမိုးမႈလြန္ကဲတဲ့ အျမင္တစ္ခုေၾကာင့္ လိုအပ္တဲ့ေဆာင္ရြက္မႈေတြကို မလုပ္ႏိုင္၊ မျပဳႏိုင္ ျဖစ္သြားၾကရတယ္။ အဲဒါဘာလဲဆိုေတာ့ သူတို႔ရဲ႕စိတ္ထဲမွာ ျဖစ္ေပၚလာတဲ့ ဒါကေတာ့ အရမ္းကိုႀကီးလြန္းအားႀကီးတာပဲ၊ ခက္လြန္းအားႀကီးတာပဲ၊ ေအာင္ျမင္ေအာင္လုပ္ဖို႔ လြယ္မွလြယ္ပါ့မလား စတဲ့အေတြးေတြ လႊမ္းမိုးတာကို ခံၾကရတာပါ။ အဲဒီအခါ ကိုယ့္ရည္မွန္းခ်က္ေအာင္ျမင္မႈ ရရွိေအာင္ေဖာ္ေဆာင္တဲ့အခါ တခ်ိဳ႕လိုအပ္တဲ့ကၽြမ္းက်င္မႈေတြက လစ္ဟင္းသြားပါတယ္။

အဲဒီေတာ့ ရည္မွန္းခ်က္ပန္းတိုင္ကို ေဖာ္ေဆာင္ရာမွာ အဓိကက်ဆံုးရတဲ့အေၾကာင္းက ကိုယ္ဘယ္လိုခ်မွတ္ခဲ့ တယ္ဆိုတာနဲ႔မဆိုင္ဘူး။ ကိုယ္ႀကိဳက္သလိုခ်မွတ္လို႔ရတယ္။ အဓိကက ျပႆနာက လုပ္ေဆာင္ခ်က္ပဲ။ ကိုယ္ ခ်မွတ္ေရြးခ်ယ္ထားတဲ့ ရည္မွန္းခ်က္ေတြ (သို႔) ပန္းတိုင္နဲ႔ ကိုက္ညီတဲ့ ကၽြမ္းက်င္မႈအခ်ိဳ႕လည္း အထိုက္အေလ်ာက္ရွိေနမယ္၊ လုပ္ေဆာင္ခ်က္လည္းရွိေနမယ္ဆိုရင္ ျဖစ္ႏိုင္ပါတယ္။  
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ရည်မှန်းချက်ပန်းတိုင်ကို မရောက်နိုင်သေးဘဲ မကြာခဏကျဆုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့သူတွေထဲမှာ ကိုယ်လည်းပါလာပြီဆိုရင် ကိုယ်ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်ဆက်တင်ရဲ့ ဖြစ်စဉ်တစ်ခုလုံးကို ပြန်ကြည့်ဖို့လိုပါတယ်။ ရည်မှန်းချက်ပန်းတိုင်တစ်ခုချမှတ်တဲ့အခါ အောင်မြင်ဖို့၊ အကျိုးဖြစ်ထွန်ုးဖို့ဆိုတာ ဆက်တင်က အရေးကြီးပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က လုပ်ဆောင်ချက်မရှိဘူးဆိုရင်တော့ အဲဒါ ပန်းတိုင်အစစ်တစ်ခုကို ချမှတ်ခဲ့တာမဟုတ်ဘူး။ အိပ်မက်လောက်ပဲ မက်ခဲ့တာဖြစ်တယ်။ “ရည်မှန်းချက်ပန်းတိုင်ဆိုတာ နောက်ဆုံးသတ်မှတ်ချိန်နဲ့အတူ ဖြစ်တည်လာတဲ့ အိပ်မက်တစ်ခုပဲ” လို့ နပိုလီယံက ပြောခဲ့တယ်။ အဲဒီတော့ ကိုယ့်မှာ ကြီးမှားတဲ့ပန်းတိုင်တစ်ခု ချမှတ်ပြီးပြီဆိုရင် အောင်မြင်အောင်၊ အကောင်အထည်ပေါ်လာအောင် လက်တွေ့အတကယ် ရုန်းကန်ရမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အဲဒါ အိပ်မက်လိုပဲ မက်လိုက် ပျောက်သွားလိုက်နေမှာပဲ။ ဒါကြောင့် အဓိကကျဆုံးစေတတ်တဲ့အရာတွေကို ရှောင်ရှားနိုင်ဖို့အတွက် ဘာကြောင့်ကျလေ့ရှိကြသလဲဆိုတဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရည်ရွယ်ချက် တိတိကျကျမရှိလို့

အကောင်းဆုံးဘဝတစ်ခုကို ရရှိပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ အမြင်တွေကလည်း ကြည်လင်ပြတ်သားနေရမယ်။ အနည်းဆုံးတော့ ကိုယ်ချမှတ်လိုက်တဲ့ပန်းတိုင်က ကိုယ့်ရည်ရွယ်ချက် စိတ်ကူးတွေထဲမှာ ကိုယ့်ကို ရှင်သန်နေထိုင်နိုင်ဖို့ ကူညီနိုင်ရလိမ့်မယ်။ ကိုယ့်ရည်ရွယ်ချက်စိတ်ကူးတွေနဲ့ လုံးဝဆန့်ကျင်နေတာမျိုး မဖြစ်သင့်ပါဘူး။

၂။ ဘာကြောင့်လဲဆိုတာ မမှတ်မိနိုင်ဖြစ်နေလို့

အရေးအကြီးဆုံးပန်းတိုင်တွေ ချမှတ်ကြတဲ့အခါ နှစ်ရှည်စီမံကိန်းတွေနဲ့ ချမှတ်ရေးဆွဲကြတာများတယ်။ ဒါကြောင့် တစ်နေ့ထက်တစ်နေ့ ကြာလာတဲ့အခါ ကိုယ်ပထမချမှတ်ခဲ့တဲ့ အကြောင်းအရင်းအချို့ကို မေ့သွားနိုင်တယ်။ အဲဒီအခါ ကိုယ့်ရည်မှန်းချက်တွေအောင်မြင်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို နေ့စဉ်နဲ့အမျှ အံကျိတ်ပြီး လိုက်ဖမ်းနေရတာမျိုးဖြစ်လာမယ်။ ဒါကြောင့် ရည်မှန်းချက်ပန်းတိုင် ချမှတ်ပြီဆိုကတည်းက ခေါင်းထဲမှာ ပေါ်လာသမျှကို ချရေးပြီး မှတ်သားထားပါ။

၃။ ခေါင်းထဲမှာ အများကြီးထည့်ထားလို့

အိုင်ယာလန်မှာ အသုံးပြုနေကြတဲ့ မှတ်သားစရာ သိပ်ကိုကောင်းတဲ့ စကားပုံလေးတစ်ခု ရှိတယ်။ “ဟိုစပ်စပ် ဒီစပ်စပ်လုပ်တတ်တဲ့သူက ဘာမှဖြစ်မလာတဲ့နေရာမှာတော့ ဆရာကြီးပဲ” တဲ့။ ဟုတ်ပါတယ်၊ အမှန်တကယ် ဖြစ်ရမှာက ကိုယ့်ရည်မှန်းချက်ပန်းတိုင်နဲ့ပတ်သက်သမျှ (သို့) အထောက်အကူဖြစ်စေမယ့်အရာမှန်သမျှကို ရနိုင်သမျှ များများလေ့လာသင့်ပေမဲ့ ကိုယ့်ရည်မှန်ချက်ပန်းတိုင်သွားရာလမ်းပေါ်ကိုပဲ အာရုံစိုက်ပြီးလုပ်သင့်ပါ တယ်။

၄။ ဆန္ဒမရှိဘူးဆိုတဲ့အပေါ် အာရုံထားနေလို့

ကိုယ်မလိုချင်၊ မလုပ်ချင်၊ ဆန္ဒမရှိဘူးဆိုတဲ့အရာတွေကလည်း ကိုယ့်အတွက် အလုပ်ဖြစ်အောင် လုပ်ယူနိုင်မယ်ဆိုရင် အသုံးဝင်ပါတယ်။ အဲဒီလို ကိုဆန္ဒမရှိတဲ့အချက်တွေကိုအသုံးချပြီး ကိုယ့်အနေနဲ့ အမှန်တကယ်ဘာတွေ လိုချင်၊ လုပ်ချင်တယ် (သို့) ဆန္ဒရှိတယ်ဆိုတာ သိအောင်လုပ်ယူနိုင်ရမယ်။ ဥပမာ - အလုပ်ထဲမှာ ကိုယ်ဆန္ဒမရှိတဲ့၊ တစ်နည်းအားဖြင့် ကိုယ်နဲ့မကိုက်တဲ့ အလုပ်တစ်ခုခုကို လုပ်နေရတယ်၊ တာဝန်ယူနေရတယ်ဆိုရင် အဲဒါ ကိုယ်ဘယ်လိုနေရာ၊ ဘယ်လိုအလုပ်မျိုးမှာ ဆန္ဒာရှိသလဲ၊ ကိုယ်နဲ့ ဘယ်လိုအလုပ်မျိုးက ကိုက်ညီသလဲဆိုတာဖော်ပြနေတာပဲ။ အဲဒါကို ကိုယ်က သိအောင်လုပ်ယူရပါမယ်။

၅။ စိတ်လွှမ်းမိုးခံရတာများလို့

လူအများစုဟာ ကိုယ်ရည်မှန်းချက်ပန်းတိုင်ကို ဖော်ဆောင်ကြတဲ့အခါ လွှမ်းမိုးမှုလွန်ကဲတဲ့ အမြင်တစ်ခုကြောင့် လိုအပ်တဲ့ဆောင်ရွက်မှုတွေကို မလုပ်နိုင်၊ မပြုနိုင် ဖြစ်သွားကြရတယ်။ အဲဒါဘာလဲဆိုတော့ သူတို့ရဲ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဒါကတော့ အရမ်းကိုကြီးလွန်းအားကြီးတာပဲ၊ ခက်လွန်းအားကြီးတာပဲ၊ အောင်မြင်အောင်လုပ်ဖို့ လွယ်မှလွယ်ပါ့မလား စတဲ့အတွေးတွေ လွှမ်းမိုးတာကို ခံကြရတာပါ။ အဲဒီအခါ ကိုယ့်ရည်မှန်းချက်အောင်မြင်မှု ရရှိအောင်ဖော်ဆောင်တဲ့အခါ တချို့လိုအပ်တဲ့ကျွမ်းကျင်မှုတွေက လစ်ဟင်းသွားပါတယ်။

အဲဒီတော့ ရည်မှန်းချက်ပန်းတိုင်ကို ဖော်ဆောင်ရာမှာ အဓိကကျဆုံးရတဲ့အကြောင်းက ကိုယ်ဘယ်လိုချမှတ်ခဲ့ တယ်ဆိုတာနဲ့မဆိုင်ဘူး။ ကိုယ်ကြိုက်သလိုချမှတ်လို့ရတယ်။ အဓိကက ပြဿနာက လုပ်ဆောင်ချက်ပဲ။ ကိုယ် ချမှတ်ရွေးချယ်ထားတဲ့ ရည်မှန်းချက်တွေ (သို့) ပန်းတိုင်နဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်မှုအချို့လည်း အထိုက်အလျောက်ရှိနေမယ်၊ လုပ်ဆောင်ချက်လည်းရှိနေမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ 
Credit:Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top