iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူျဖစ္လို႔ လက္ထပ္ၾကေတာ့မယ္ဆိုရင္ တစ္ခ်ိဳ႕က ေစ့စပ္လက္စြပ္ တစ္ခ်ိဳ႕က လက္ထပ္လက္စြပ္ေတြ ေပးၾကပါတယ္။

အဓိကအားျဖင့္ေတာ့ စိန္လက္စြပ္ေပးၾကတာမ်ားပါတယ္။ စိန္လက္စြပ္က ထာ၀ရ ဆိုတဲ့ အဓိပၸာယ္ေဆာင္ၿပီး ဒီကေန႔ ကမၻာေပၚမွာ ခ်စ္သူစံုတြဲတိုင္း စိန္လက္စြပ္ ေပးၾကတာမ်ားပါတယ္။ လက္ထပ္လက္စြပ္ ေစ့စပ္လက္စြပ္အေၾကာင္း ေလ့လာၾကည့္ရေအာင္ပါ။

ရိုးရာတစ္ခုျဖစ္ၿပီး ေရွးက်တဲ့ အရာမဟုတ္ပါ။

စိန္ဆိုတာ ၁၃ ရာစု ေနာက္ပိုင္းမွာလူသိမ်ား ေက်ာ္ၾကားလာတဲ့အရာျဖစ္ၿပီး စိန္လက္ထပ္လက္စြပ္ေပးတဲ့ အေလ့အထ ျဖစ္ေပၚလာတာ ေရွးယခင္ကတည္းမဟုတ္ပါဘူး။ ၁၉ ရာစုမတိုင္ခင္ကစိန္ဆိုတာ ေတာ္၀င္မိသားစုေတြကို ဆက္သခဲ့ၾကၿပီး ညဖက္မွာသာ ၀တ္ဆင္ခဲ့ၾကပါတယ္။ ၁၉၃၀ ျပည့္ႏွစ္ေနာက္ပိုင္းမွာေတာ့ De Beers ဆိုတဲ့ ကုမၸဏီက စိန္လက္စြပ္ကို ေစ့စပ္လက္စြပ္အျဖစ္ ေစ်းကြက္မွာ စတင္မိတ္ဆက္ခဲ့တာပါ။

ေစ်းကြက္ရဲ့ ေမွာ္အစြမ္း

ေစ်းကြက္တစ္ခု ႀကီးမားလာတာနဲ႔ အမွ် လူမႈပတ္၀န္းက်င္ရဲ့ အယူအဆေတြလည္း ေျပာင္းလဲလာပါတယ္။ ေစ်းကြက္တစ္ခုရဲ့ မဟာဗ်ဴဟာေၾကာင့္ လွ်ပ္စစ္ပစၥည္းေတြ ေခတ္စားလာခဲ့သလို စိန္ဆိုတာလည္း ထာ၀ရ ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ အတူ စိန္အေရာင္ ျမင့္တင္ခဲ့ၾကတာပါ။ ၁၉၄၀ ျပည့္ႏွစ္မွာ စတင္ၿပီး စိန္ေစ်းကြက္ ထြန္းကားလာခဲ့ပါတယ္။

De Beers ကုမၸဏီက ၂၀၁၆ ခုႏွစ္ ဧၿပီလတစ္လတည္းရဲ့ စိန္ ေရာင္းအားက အေမရိကန္ေဒၚလာ ၃ ဘီလီယံေတာင္ရွိတယ္လို႔ သိရပါတယ္။

စိန္ဆိုတာ တကယ္ေတာ့ သင္ထင္သလို အရမ္းရွားပါးတ့ဲ ပစၥည္းတစ္ခုမဟုတ္ပါဘူူ။

ေစ်းကြက္တစ္ခုႀကီးမားလာဖို႔အတြက္ လူေတြရဲ့ Psycho စိတ္ပညာပိုင္းကလည္း အေရးပါပါတယ္။ De Beer ရဲ့ ေစ်းကြက္မဟာဗ်ဴဟာတစ္ခု ေအာင္ျမင္ခဲ့တယ္လို႔ပဲဆိုရမွာပါ။ ၀ယ္ယူအသံုးျပဳသူေတြရဲ့ စိတ္ထဲမွာ စိန္ဆိုတာ ရွားပါးပစၥည္းတစ္ခုျဖစ္တယ္ ေက်ာက္မ်က္ရတနာျဖစ္တယ္လို႔ မွတ္ယူေစခဲ့တာပါ။

တကယ္ေတာ့ စိန္ဆိုတာ ကမၻာေပၚမွာေတြ႔ရွိရသမွ်ထဲက အမာဆံုး ေက်ာက္တံုးေတြသာျဖစ္ၿပီး ရွားပါးဆံုး ေက်ာက္ေတြရယ္လို႔ေတာ့ မဆိုႏိုင္ပါဘူး။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူဖြစ်လို့ လက်ထပ်ကြတော့မယ်ဆိုရင် တစ်ချို့က စေ့စပ်လက်စွပ် တစ်ချို့က လက်ထပ်လက်စွပ်တွေ ပေးကြပါတယ်။

အဓိကအားဖြင့်တော့ စိန်လက်စွပ်ပေးကြတာများပါတယ်။ စိန်လက်စွပ်က ထာဝရ ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပြီး ဒီကနေ့ ကမ္ဘာပေါ်မှာ ချစ်သူစုံတွဲတိုင်း စိန်လက်စွပ် ပေးကြတာများပါတယ်။ လက်ထပ်လက်စွပ် စေ့စပ်လက်စွပ်အကြောင်း လေ့လာကြည့်ရအောင်ပါ။

ရိုးရာတစ်ခုဖြစ်ပြီး ရှေးကျတဲ့ အရာမဟုတ်ပါ။

စိန်ဆိုတာ ၁၃ ရာစု နောက်ပိုင်းမှာလူသိများ ကျော်ကြားလာတဲ့အရာဖြစ်ပြီး စိန်လက်ထပ်လက်စွပ်ပေးတဲ့ အလေ့အထ ဖြစ်ပေါ်လာတာ ရှေးယခင်ကတည်းမဟုတ်ပါဘူး။ ၁၉ ရာစုမတိုင်ခင်ကစိန်ဆိုတာ တော်ဝင်မိသားစုတွေကို ဆက်သခဲ့ကြပြီး ညဖက်မှာသာ ဝတ်ဆင်ခဲ့ကြပါတယ်။ ၁၉၃၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ De Beers ဆိုတဲ့ ကုမ္ပဏီက စိန်လက်စွပ်ကို စေ့စပ်လက်စွပ်အဖြစ် ဈေးကွက်မှာ စတင်မိတ်ဆက်ခဲ့တာပါ။

ဈေးကွက်ရဲ့ မှော်အစွမ်း

ဈေးကွက်တစ်ခု ကြီးမားလာတာနဲ့ အမျှ လူမှုပတ်ဝန်းကျင်ရဲ့ အယူအဆတွေလည်း ပြောင်းလဲလာပါတယ်။ ဈေးကွက်တစ်ခုရဲ့ မဟာဗျူဟာကြောင့် လျှပ်စစ်ပစ္စည်းတွေ ခေတ်စားလာခဲ့သလို စိန်ဆိုတာလည်း ထာဝရ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အတူ စိန်အရောင် မြင့်တင်ခဲ့ကြတာပါ။ ၁၉၄၀ ပြည့်နှစ်မှာ စတင်ပြီး စိန်ဈေးကွက် ထွန်းကားလာခဲ့ပါတယ်။

De Beers ကုမ္ပဏီက ၂၀၁၆ ခုနှစ် ဧပြီလတစ်လတည်းရဲ့ စိန် ရောင်းအားက အမေရိကန်ဒေါ်လာ ၃ ဘီလီယံတောင်ရှိတယ်လို့ သိရပါတယ်။

စိန်ဆိုတာ တကယ်တော့ သင်ထင်သလို အရမ်းရှားပါးတဲ့ ပစ္စည်းတစ်ခုမဟုတ်ပါဘူူ။

ဈေးကွက်တစ်ခုကြီးမားလာဖို့အတွက် လူတွေရဲ့ Psycho စိတ်ပညာပိုင်းကလည်း အရေးပါပါတယ်။ De Beer ရဲ့ ဈေးကွက်မဟာဗျူဟာတစ်ခု အောင်မြင်ခဲ့တယ်လို့ပဲဆိုရမှာပါ။ ဝယ်ယူအသုံးပြုသူတွေရဲ့ စိတ်ထဲမှာ စိန်ဆိုတာ ရှားပါးပစ္စည်းတစ်ခုဖြစ်တယ် ကျောက်မျက်ရတနာဖြစ်တယ်လို့ မှတ်ယူစေခဲ့တာပါ။

တကယ်တော့ စိန်ဆိုတာ ကမ္ဘာပေါ်မှာတွေ့ရှိရသမျှထဲက အမာဆုံး ကျောက်တုံးတွေသာဖြစ်ပြီး ရှားပါးဆုံး ကျောက်တွေရယ်လို့တော့ မဆိုနိုင်ပါဘူး။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top