iMyanmarHouse.com - Best Property Website for Myanmar
×

စာဖတ္သူေတြထဲမွာအသည္းကြဲတဲ့သူရွိလာရွင့္။ အသည္းကြဲတာကို အမ်ိဳးမ်ိဳး ကုစားၾကပါတယ္။ ဒီတခါမွာေတာ့ အသည္းကြဲတာကို အေကာင္းဆံုးကုစားေပးႏိုင္မယ့္ နည္းလမ္းေတြကိုမွ်ေ၀ေပးခ်င္ပါတယ္။

အမွတ္တရပစၥည္းေတြကို လွဴပစ္ပါ။

သူကေပးထားတဲ့ အမွတ္တရပစၥည္းေလးေတြကို လွဴပစ္လိုက္ပါ။ ကိုယ့္နားမွာမထားပါနဲ႔။ ဒါဆိုရင္ သူ႔ကို တခါေလတတိရတာကို သက္သာေစမွာပါ။

ခြန္အားျဖစ္ေစတဲ့ သီခ်င္းေတြနားေထာင္ပါ။

အသည္းကြဲပါတယ္ဆို အသည္းကြဲသီခ်င္းေတြနားမေထာင္ပါနဲ႔ေနာ္။ အသည္းကြဲတာေတြအတြက္ ခြန္အားျဖစ္ေစတဲ့ သီခ်င္းကို နားေထာင္ပါ။ ဂီတာတီးသင္တာပဲျဖစ္ျဖစ္ တူရီယာတမ်ိဳးမ်ိဳး တီးသင္ပါ။

လုပ္အားေပး၀င္လုပ္ပါ။

လူမႈအက်ိဳးျပဳလုပ္ငန္းေတြမွာ လုပ္အားေပး၀င္လုပ္ပါ။ ဒါဆို၇င္ သင့္ရဲ့ စိတ္ေတြ အေျပာင္းအလဲျဖစ္ႏိုင္ၿပီး သူ႔ဆီ စိတ္အၿမဲေရာက္ေနတာေတြကို သက္သာေစမွာပါ။

တိရိစၦာန္ေတြကိုကယ္တင္ပါ။

ပရဟိတလုပ္ငန္းေတြအျပင္ ေခြး ငွက္ ေၾကာင္ စတဲ့ တိရိစၦာန္ေလးေတြကို ကယ္တင္ပါ။ အစာေကၽြးပါ ဂရုစိုက္ပါ။

နာက်င္ရတဲ့ အေၾကာင္းရင္းကို ရွာေဖြပါ။

ကိုယ္ဘာလို႔ နာက်င္တာလဲ။ ကိုယ္ဘာလို႔ သူ႔ကိုမေမ့ႏိုင္တာလဲဆိုတာ ရွာေဖြပါ။ ရွက္လို႔လား။ လႊမ္းလို႔လား။ ဒါမွမဟုတ္ တျခားအေၾကာင္းတစ္ခုခုေၾကာင့္လား။ သူ႕အေၾကာင္းကို ေမ့ပစ္ဖို႔ မႀကိဳးစားပါနဲ႔။ ေတြးႏိုင္သေလာက္ ထိုင္ေတြးလိုက္ပါ။ ၿပီးရင္ ကိုယ္လုပ္စရာရွိတာလုပ္ပါ။

ကေလးေတြကို စာျပပါ။

ကေလးေတြကို စာျပေပးပါ။ ဒါဟာ စိတ္ေျဖေဖ်ာက္စရာတစ္ခုျဖစ္ပါတယ္။ ဒီလိုလုပ္ေပးတာဟာ သင့္ရဲ့ စိတ္အာရံုကို ေျပာင္းေစမွာပါ။

ခရီးသြားပါ။

အေျပာင္းလဲျဖစ္သြားေအာင္ ခရီးသြားပါ။ ခရီးသြားတာဟာ စိတ္သစ္လူသစ္ျဖစ္ေစပါတယ္။

အတိတ္ကိုေတြးၿပီး နာက်င္မေနပါနဲ႔။ သူမရွိလည္း ဘ၀က ေရွ႕ဆက္သြားရမွာျဖစ္ပါတယ္။ ဘ၀မွာ ေနာက္ထပ္ အေျပာင္းအလဲတစ္ခုျဖစ္ဖို႔ အသည္းကြဲရတာလို႔ပဲေတြးပါ။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version

စာဖတ်သူတွေထဲမှာအသည်းကွဲတဲ့သူရှိလာရှင့်။ အသည်းကွဲတာကို အမျိုးမျိုး ကုစားကြပါတယ်။ ဒီတခါမှာတော့ အသည်းကွဲတာကို အကောင်းဆုံးကုစားပေးနိုင်မယ့် နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။

အမှတ်တရပစ္စည်းတွေကို လှူပစ်ပါ။

သူကပေးထားတဲ့ အမှတ်တရပစ္စည်းလေးတွေကို လှူပစ်လိုက်ပါ။ ကိုယ့်နားမှာမထားပါနဲ့။ ဒါဆိုရင် သူ့ကို တခါလေတတိရတာကို သက်သာစေမှာပါ။

ခွန်အားဖြစ်စေတဲ့ သီချင်းတွေနားထောင်ပါ။

အသည်းကွဲပါတယ်ဆို အသည်းကွဲသီချင်းတွေနားမထောင်ပါနဲ့နော်။ အသည်းကွဲတာတွေအတွက် ခွန်အားဖြစ်စေတဲ့ သီချင်းကို နားထောင်ပါ။ ဂီတာတီးသင်တာပဲဖြစ်ဖြစ် တူရီယာတမျိုးမျိုး တီးသင်ပါ။

လုပ်အားပေးဝင်လုပ်ပါ။

လူမှုအကျိုးပြုလုပ်ငန်းတွေမှာ လုပ်အားပေးဝင်လုပ်ပါ။ ဒါဆို၇င် သင့်ရဲ့ စိတ်တွေ အပြောင်းအလဲဖြစ်နိုင်ပြီး သူ့ဆီ စိတ်အမြဲရောက်နေတာတွေကို သက်သာစေမှာပါ။

တိရိစ္ဆာန်တွေကိုကယ်တင်ပါ။

ပရဟိတလုပ်ငန်းတွေအပြင် ခွေး ငှက် ကြောင် စတဲ့ တိရိစ္ဆာန်လေးတွေကို ကယ်တင်ပါ။ အစာကျွေးပါ ဂရုစိုက်ပါ။

နာကျင်ရတဲ့ အကြောင်းရင်းကို ရှာဖွေပါ။

ကိုယ်ဘာလို့ နာကျင်တာလဲ။ ကိုယ်ဘာလို့ သူ့ကိုမမေ့နိုင်တာလဲဆိုတာ ရှာဖွေပါ။ ရှက်လို့လား။ လွှမ်းလို့လား။ ဒါမှမဟုတ် တခြားအကြောင်းတစ်ခုခုကြောင့်လား။ သူ့အကြောင်းကို မေ့ပစ်ဖို့ မကြိုးစားပါနဲ့။ တွေးနိုင်သလောက် ထိုင်တွေးလိုက်ပါ။ ပြီးရင် ကိုယ်လုပ်စရာရှိတာလုပ်ပါ။

ကလေးတွေကို စာပြပါ။

ကလေးတွေကို စာပြပေးပါ။ ဒါဟာ စိတ်ဖြေဖျောက်စရာတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ပေးတာဟာ သင့်ရဲ့ စိတ်အာရုံကို ပြောင်းစေမှာပါ။

ခရီးသွားပါ။

အပြောင်းလဲဖြစ်သွားအောင် ခရီးသွားပါ။ ခရီးသွားတာဟာ စိတ်သစ်လူသစ်ဖြစ်စေပါတယ်။

အတိတ်ကိုတွေးပြီး နာကျင်မနေပါနဲ့။ သူမရှိလည်း ဘဝက ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ ဘဝမှာ နောက်ထပ် အပြောင်းအလဲတစ်ခုဖြစ်ဖို့ အသည်းကွဲရတာလို့ပဲတွေးပါ။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top