iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔ရဲ႕ အစာအိမ္က ေကာင္းစြာအလုပ္မလုပ္ဘူးဆိုရင္ ကၽြန္မတို႔ဘယ္လိုခံစားရလဲဆိုတာ အားလံုးသိထားၿပီး ျဖစ္ပါတယ္။ အစာမေၾကျခင္းဆိုတာကေတာ့ ကၽြန္မတို႔အစာမစားေတာင္ ကၽြန္မတို႔အစာအိမ္မွာ ျပည့္ေနတယ္လို႔ ခံစားေနရျခင္းပါ။ အစာမေၾကျဖစ္ရျခင္း အေၾကာင္းရင္းကေတာ့ ကၽြန္မတို႔အစာအိမ္မွာရွိတဲ႔ အက္ဆစ္ရည္က အစာအိမ္ျပြန္ထဲကို ျပန္စီးဝင္သြားတဲ႔ အတြက္ ျဖစ္ရျဖင္း ျဖစ္ပါတယ္။ ဒီလိုအစာမေၾကျဖစ္ျခင္းကို လြယ္လြယ္ကူကူ ေျဖရွင္းႏိုင္မယ့္ အိမ္တြင္းကုထံုးတစ္ခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) မုန္႔ဖုတ္ဆိုဒါ
အစာမေၾကျဖစ္ျခင္းဆိုတာ အစာအိမ္ထဲမွာ အက္ဆစ္ဓာတ္ေတြ မ်ားေနလို႔ျဖစ္ပါတယ္။ ပံုမွန္အားျဖင့္ေတာ့ ပဲ၊ ေဂၚဖီထုပ္၊ ႏို႔ထြက္ပစၥည္းမ်ား၊ ၾကက္သြန္နီ စတဲ႔ အစားအေသာက္ေတြက အစာမေၾကျခင္းကို ျဖစ္ေစပါတယ္။ ဆိုဒါမႈန္႔မွာဆိုရင္ ဆိုဒီယမ္ဘိုင္ကာဗိုနိတ္ (Sodium Bicarbonate) ဓာတ္ပါဝင္တာေၾကာင့္ အစာအိမ္မွာရွိတဲ႔ အက္ဆစ္ဓာတ္ကို ဓာတ္ျပယ္ေစႏိုင္ပါတယ္။ ဆိုဒါမႈန္႔ကို ေရ၊ ပ်ားရည္၊ လီမြန္ တစ္မ်ိဳးမ်ိဳးျဖင့္ ေရာၿပီး သင္ႀကိဳက္ႏွစ္သလို ေသာက္သံုးႏိုင္ပါတယ္။

(၂) ပန္းသီးရွာလကာရည္
ပန္းသီးရွာလကာရည္မွာဆိုရင္ အစာေျခဖ်က္ျခင္းကို ကူညီလုပ္ေဆာင္ေပးႏိုင္တဲ႔ မက္ဂနီဆီယမ္၊ ေဖာ့စေဖာရပ္၊ ပိုတက္ဆီယမ္၊ ကယ္ဆီယမ္ဓာတ္မ်ားစြာ ပါဝင္ပါတယ္။ အစာမေၾကျဖစ္တဲ႔အခါ ပန္းသီးရွာလကာရည္ကို ေရ ဒါမွမဟုတ္ ပ်ားရည္နဲ႔အတူ တြဲဖက္ေသာက္သံုးျခင္းျဖင့္ သက္သာရာရႏိုင္ပါတယ္။

(၃) ဂ်င္း
ဂ်င္းကေတာ့ အစာမေၾကျခင္းကို ကုသေပးႏိုင္တဲ႔ မီးဖိုေခ်ာင္သံုးပစၥည္းအျဖစ္ ေတာ္ေတာ္မ်ားမ်ား သိထားၾကပါတယ္။ ဂ်င္းမွာပါဝင္တဲ႔ Gingerols လို႔ဟာဆိုရင္ အန္တီေအာက္ဆီဒန္႔ ဓာတ္တစ္မ်ိဳးျဖစ္ၿပီး အစာမေၾကျဖစ္ျခင္းကို သက္သာေစပါတယ္။

(၄) ဆီးျဖဴသီး
ဆီးျဖဴသီးမွာဆိုရင္ ဆီးရႊင္ေစျခင္း၊ ဝမ္းမွန္ေစျခင္း၊ ဗိုင္းရပ္စ္နဲ႔ ဘက္တီးရီးယားပိုးမ်ားကို ကာကြယ္ေပးျခင္း စတဲ႔ ဂုဏ္သတၱိမ်ားစြာ ပါဝင္ပါတယ္။ ထိုဂုဏ္သတၱိမ်ားက အစာေျခလမ္းေၾကာင္းကို ေကာင္းမြန္ေစရံုမွ်မက အစာမေၾကျဖစ္ျခင္းကိုပါ ကုသေပးႏိုင္ပါတယ္။

Credit:MoMoLay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ကျွန်မတို့ရဲ့ အစာအိမ်က ကောင်းစွာအလုပ်မလုပ်ဘူးဆိုရင် ကျွန်မတို့ဘယ်လိုခံစားရလဲဆိုတာ အားလုံးသိထားပြီး ဖြစ်ပါတယ်။ အစာမကြေခြင်းဆိုတာကတော့ ကျွန်မတို့အစာမစားတောင် ကျွန်မတို့အစာအိမ်မှာ ပြည့်နေတယ်လို့ ခံစားနေရခြင်းပါ။ အစာမကြေဖြစ်ရခြင်း အကြောင်းရင်းကတော့ ကျွန်မတို့အစာအိမ်မှာရှိတဲ့ အက်ဆစ်ရည်က အစာအိမ်ပြွန်ထဲကို ပြန်စီးဝင်သွားတဲ့ အတွက် ဖြစ်ရဖြင်း ဖြစ်ပါတယ်။ ဒီလိုအစာမကြေဖြစ်ခြင်းကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ့် အိမ်တွင်းကုထုံးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မုန့်ဖုတ်ဆိုဒါ
အစာမကြေဖြစ်ခြင်းဆိုတာ အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်တွေ များနေလို့ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပဲ၊ ဂေါ်ဖီထုပ်၊ နို့ထွက်ပစ္စည်းများ၊ ကြက်သွန်နီ စတဲ့ အစားအသောက်တွေက အစာမကြေခြင်းကို ဖြစ်စေပါတယ်။ ဆိုဒါမှုန့်မှာဆိုရင် ဆိုဒီယမ်ဘိုင်ကာဗိုနိတ် (Sodium Bicarbonate) ဓာတ်ပါဝင်တာကြောင့် အစာအိမ်မှာရှိတဲ့ အက်ဆစ်ဓာတ်ကို ဓာတ်ပြယ်စေနိုင်ပါတယ်။ ဆိုဒါမှုန့်ကို ရေ၊ ပျားရည်၊ လီမွန် တစ်မျိုးမျိုးဖြင့် ရောပြီး သင်ကြိုက်နှစ်သလို သောက်သုံးနိုင်ပါတယ်။

(၂) ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်မှာဆိုရင် အစာခြေဖျက်ခြင်းကို ကူညီလုပ်ဆောင်ပေးနိုင်တဲ့ မက်ဂနီဆီယမ်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်ဓာတ်များစွာ ပါဝင်ပါတယ်။ အစာမကြေဖြစ်တဲ့အခါ ပန်းသီးရှာလကာရည်ကို ရေ ဒါမှမဟုတ် ပျားရည်နဲ့အတူ တွဲဖက်သောက်သုံးခြင်းဖြင့် သက်သာရာရနိုင်ပါတယ်။

(၃) ဂျင်း
ဂျင်းကတော့ အစာမကြေခြင်းကို ကုသပေးနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းအဖြစ် တော်တော်များများ သိထားကြပါတယ်။ ဂျင်းမှာပါဝင်တဲ့ Gingerols လို့ဟာဆိုရင် အန်တီအောက်ဆီဒန့် ဓာတ်တစ်မျိုးဖြစ်ပြီး အစာမကြေဖြစ်ခြင်းကို သက်သာစေပါတယ်။

(၄) ဆီးဖြူသီး
ဆီးဖြူသီးမှာဆိုရင် ဆီးရွှင်စေခြင်း၊ ဝမ်းမှန်စေခြင်း၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးများကို ကာကွယ်ပေးခြင်း စတဲ့ ဂုဏ်သတ္တိများစွာ ပါဝင်ပါတယ်။ ထိုဂုဏ်သတ္တိများက အစာခြေလမ်းကြောင်းကို ကောင်းမွန်စေရုံမျှမက အစာမကြေဖြစ်ခြင်းကိုပါ ကုသပေးနိုင်ပါတယ်။

Credit:MoMoLay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top