iMyanmarHouse.com - Best Property Website for Myanmar
×

ဆူ႐ွီဟာ က်န္းမာေရးအတြက္ သင့္ေလ်ာ္ေကာင္းမြန္တဲ့ အစားအစာတစ္ခုပါ။ အဆီနည္းၿပီး အသားဓာတ္မ်ားမ်ားပါဝင္တယ္ေလ။ ဒါေပမဲ့ ဆူ႐ွီႀကိဳက္ပါတယ္ဆုိသူေတြအတြက္ သတိထားစရာ ေနာက္ဆက္တြဲ ဆုိးက်ိဳးေတြလည္း ရွိလာတာမုိ႔ ဆရာဝန္ေတြက သတိေပးေနၾကပါၿပီ။

ငါးအသားစိမ္းနဲ႔ ျပဳလုပ္တဲ့ ဆူရွီေတြမွာ လူကိုေဘးဒုကၡျဖစ္ေစမယ့္ ကပ္ပါးပိုးေတြ ပါဝင္ေနတတ္ပါတယ္။ အထူးသျဖင့္ အေနာက္ႏိုင္ငံေတြမွာ ဒီျပႆနာေတြ ပိုၿပီးေတြ႕ျမင္လာရတယ္လို႔ ဆုိၾကပါတယ္။

ယခုသီတင္းပတ္အတြင္း ထြက္႐ွိခဲ့တဲ့ BMJ Case Reports ေဆးပညာဂ်ာနယ္ထဲမွာ ေဖာ္ျပခဲ့တဲ့ ေပၚတူဂီအမ်ိဳးသားတစ္ဦးရဲ႕ ျဖစ္ရပ္ကိုၾကည့္ကာ သတိထား သင္ခန္းစာယူသင့္ပါတယ္။ ေပၚတူဂီႏိုင္ငံ၊ လစၥဘြန္းၿမိဳ႕က အသက္ ၃၂ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဟာ ယခင္က က်န္းမာသန္စြမ္းခဲ့ေပမဲ့ အစာအိမ္ေအာင့္ျခင္းကို တစ္ပတ္ေက်ာ္ၾကာခံစားလာခဲ့ရတာပါ။ ကိုယ္လည္းပူၿပီး ေအာ့အန္ျခင္းေတြလည္း ျဖစ္ခဲ့ရပါတယ္။

ဆရာဝန္ေတြက ယင္းအမ်ိဳးသားခံစားေနရတဲ့ လကၡဏာေတြကို ေမးျမန္းကာ ေနာက္ေၾကာင္းကိုလိုက္ၾကည့္တဲ့အခါ မၾကာခင္က ဆူရွီစားခဲ့တယ္လို႔ ေျပာပါတယ္။ ယင္းအမ်ိဳးသားရဲ႕အစာအိမ္ထဲကို ေသးငယ္တဲ့ကင္မရာေလးထည့္သြင္းၿပီး ေလ့လာတဲ့အခါ အစာအိမ္အတြင္းပိုင္းမ်က္ႏွာျပင္မွာ ကပ္ပါးသန္ေကာင္ ကပ္ေနတာကို ေတြ႔ခဲ့ရလို႔ Roth လို႔ေခၚတဲဲ့ ပိုက္ကြန္ငယ္ေလးကိုအသံုးျပဳကာ ဖယ္ရွားလိုက္ရပါတယ္။

အစာအိမ္ထဲမွာ ကပ္ပါးေကာင္ကပ္ေနမႈဟာ အရင္တုန္းကေတာ့ ဂ်ပန္ႏိုင္ငံမွာသာ အျဖစ္မ်ားခဲ့တာပါ။ ဂ်ပန္ဟာ ဆူရွီကို အဓိကစားသံုးၾကတဲ့ႏိုင္ငံလည္း ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဆူရွီကို အေနာက္ႏိုင္ငံေတြမွာပါ စားသံုးလာၾကၿပီး ကပ္ပါးေကာင္ျပႆနာေတြ ပိုမိုၾကံဳေတြ႕လာရပါတယ္။ ဆူရွီမွာပါတဲ့ အသားစိမ္း၊ ငါးစိမ္းကတစ္ဆင့္ အစာအိမ္ထဲမွာ သန္ေကာင္(ကပ္္ပါးေကာင္) ဝင္ေရာက္သြားၿပီး ဆိုးက်ိဳးေပးေတာ့တာပါပဲ။ အစာအိမ္ထဲမွာ ကပ္ပါးေကာင္ရွိေနၿပီဆုိရင္ မအီမသာနဲ႔ပ်ိဳ႕အန္ျခင္း၊ အူလမ္းေၾကာင္းပိတ္ျခင္း၊ ဗိုက္ေအာင့္ျခင္းနဲ႔ ယားယံဓာတ္မတည့္မႈေတြကို ခံစားရပါတယ္။ ဒီ့ထက္မက ပိုမ်ားတဲ့ ဆုိးက်ိဳးေတြကိုလည္း ၾကံဳရႏိုင္ၿပီး အသက္အႏၱရာယ္ကိုပါၿခိမ္းေျခာက္ႏိုင္တဲ့အထိ ျဖစ္သြားႏိုင္တယ္လို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ ေရာဂါကာကြယ္ေရးနဲ႔ထိမ္းခ်ဳပ္ေရးစင္တာက သတိေပးထားပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ဆူရှီဟာ ကျန်းမာရေးအတွက် သင့်လျော်ကောင်းမွန်တဲ့ အစားအစာတစ်ခုပါ။ အဆီနည်းပြီး အသားဓာတ်များများပါဝင်တယ်လေ။ ဒါပေမဲ့ ဆူရှီကြိုက်ပါတယ်ဆိုသူတွေအတွက် သတိထားစရာ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိလာတာမို့ ဆရာဝန်တွေက သတိပေးနေကြပါပြီ။

ငါးအသားစိမ်းနဲ့ ပြုလုပ်တဲ့ ဆူရှီတွေမှာ လူကိုဘေးဒုက္ခဖြစ်စေမယ့် ကပ်ပါးပိုးတွေ ပါဝင်နေတတ်ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ဒီပြဿနာတွေ ပိုပြီးတွေ့မြင်လာရတယ်လို့ ဆိုကြပါတယ်။

ယခုသီတင်းပတ်အတွင်း ထွက်ရှိခဲ့တဲ့ BMJ Case Reports ဆေးပညာဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ ပေါ်တူဂီအမျိုးသားတစ်ဦးရဲ့ ဖြစ်ရပ်ကိုကြည့်ကာ သတိထား သင်ခန်းစာယူသင့်ပါတယ်။ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့က အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ယခင်က ကျန်းမာသန်စွမ်းခဲ့ပေမဲ့ အစာအိမ်အောင့်ခြင်းကို တစ်ပတ်ကျော်ကြာခံစားလာခဲ့ရတာပါ။ ကိုယ်လည်းပူပြီး အော့အန်ခြင်းတွေလည်း ဖြစ်ခဲ့ရပါတယ်။

ဆရာဝန်တွေက ယင်းအမျိုးသားခံစားနေရတဲ့ လက္ခဏာတွေကို မေးမြန်းကာ နောက်ကြောင်းကိုလိုက်ကြည့်တဲ့အခါ မကြာခင်က ဆူရှီစားခဲ့တယ်လို့ ပြောပါတယ်။ ယင်းအမျိုးသားရဲ့အစာအိမ်ထဲကို သေးငယ်တဲ့ကင်မရာလေးထည့်သွင်းပြီး လေ့လာတဲ့အခါ အစာအိမ်အတွင်းပိုင်းမျက်နှာပြင်မှာ ကပ်ပါးသန်ကောင် ကပ်နေတာကို တွေ့ခဲ့ရလို့ Roth လို့ခေါ်တဲ့ ပိုက်ကွန်ငယ်လေးကိုအသုံးပြုကာ ဖယ်ရှားလိုက်ရပါတယ်။

အစာအိမ်ထဲမှာ ကပ်ပါးကောင်ကပ်နေမှုဟာ အရင်တုန်းကတော့ ဂျပန်နိုင်ငံမှာသာ အဖြစ်များခဲ့တာပါ။ ဂျပန်ဟာ ဆူရှီကို အဓိကစားသုံးကြတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆူရှီကို အနောက်နိုင်ငံတွေမှာပါ စားသုံးလာကြပြီး ကပ်ပါးကောင်ပြဿနာတွေ ပိုမိုကြုံတွေ့လာရပါတယ်။ ဆူရှီမှာပါတဲ့ အသားစိမ်း၊ ငါးစိမ်းကတစ်ဆင့် အစာအိမ်ထဲမှာ သန်ကောင်(ကပ်ပါးကောင်) ဝင်ရောက်သွားပြီး ဆိုးကျိုးပေးတော့တာပါပဲ။ အစာအိမ်ထဲမှာ ကပ်ပါးကောင်ရှိနေပြီဆိုရင် မအီမသာနဲ့ပျို့အန်ခြင်း၊ အူလမ်းကြောင်းပိတ်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ယားယံဓာတ်မတည့်မှုတွေကို ခံစားရပါတယ်။ ဒီ့ထက်မက ပိုများတဲ့ ဆိုးကျိုးတွေကိုလည်း ကြုံရနိုင်ပြီး အသက်အန္တရာယ်ကိုပါခြိမ်းခြောက်နိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရောဂါကာကွယ်ရေးနဲ့ထိမ်းချုပ်ရေးစင်တာက သတိပေးထားပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top