iMyanmarHouse.com - Best Property Website for Myanmar
×

ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ကင္ဝူဘင္ဟာ ကင္ဆာေရာဂါျဖစ္ေနေၾကာင္း ေမလ ၂၄ ရက္ေန႔က ကင္ဝူဘင္ရဲ႕ ေအဂ်င္စီမွ ေၾကညာခဲ့တာျဖစ္ပါတယ္။

ကိုရီးယားနုိင္ငံရဲ႕ အမ်ဳိးသားကင္ဆာဌာနရဲ႕ ဦးေခါင္းနဲ႔ လည္ပင္း ခြဲစိတ္မႈ အထူးကုက ကင္ဝူဘင္ကို ကုသမယ့္ လုပ္ငန္းစဥ္ကို KBS2 Entertainment Weekly ႐ုပ္သံအစီအစဥ္မွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

"ေရာဂါျဖစ္ပြားတဲ့ ေနရာျပႆနာေၾကာင့္ ခြဲစိတ္ကုသျဖစ္မွာမဟုတ္ပါဘူး။ ဓာတုကုထံဳးနဲ႔  ဓာတ္ေရာင္ျခည္ကုထံုးေတြနဲ႔ ကုသသြားမွာပါ" လို႔ ယင္းအထူးကုက ေျပာျပပါတယ္။

ကင္ဝူဘင္ရဲ႕ကင္ဆာက ရွားပါးကင္ဆာတစ္မ်ဳိးျဖစ္ၿပီး ဦးေခါင္းနဲ႔ လည္ပင္းၾကားမွာ ျဖစ္ေပၚတာ ျဖစ္ပါတယ္။

"အစပိုင္းမွာေတာ့ ေပ်ာက္ကင္းမႈႏႈန္းကို ၇၀ ရာခုိင္ႏႈန္းပဲ ေမွ်ာ္လင့္ႏုိင္တယ္။ လူနာရဲ႕ အေျခအေနနဲ႔၊ အဆင့္ ၃ နဲ႔ ၄ မွာ ကုသမႈလုပ္ငန္းစဥ္ေတြေပၚမူတည္ၿပီးမွ ပိုမိုေကာင္းမြန္တဲ့ ႏႈန္းကို ေမွ်ာ္လင့္ႏုိင္မွာ ျဖစ္ပါတယ္" လို႔ ရွင္းျပခဲ့ပါတယ္။

"အခု လူတုိင္းက ကင္ဝူဘင္ရဲ႕အေျခအနေနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေၾကာင္း ေျပာၾကတယ္။ စိုးရိမ္သူေတြအတြက္ ဒီေၾကညာခ်က္ကို ထုတ္ျပန္ရတာပါ။ အခုခ်ိန္အတြင္းမွာ ကင္ဝူဘင္ဟာ သူ႔ရဲ႕အလုပ္ေတြနဲ႔ အရမ္းအရမ္း အလုပ္မ်ားေနတာပါ။ သူ႔ခႏၶာကိုယ္က ေနလို႔မေကာင္းဘူးလို႔ ခံစားရလို႔ သူေဆး႐ံုကိုသြားခဲ့တယ္။ ေဆး႐ံုေရာက္ေတာ့ သူ႔မွာ လည္ေခ်ာင္း (Nasopharynx) ကင္ဆာ ျဖစ္တယ္လုိ႔ သိလိုက္ရပါတယ္။ ကံေကာင္းစြာပဲ ကုသဖုိ႔ သိပ္ေနာက္မက်ေသးတဲ့အတြက္ အခု ကုသမႈခံယူေနတယ္ဆုိတာကို ပရိသတ္ကို သိေစခ်င္တာပါ။ သူ လံုးဝက်န္းမာလာခ်ိန္မွာ ျပန္လာမွာပါ။ ဒီအခ်ိန္မွာ အားလံုးက သူ႔အတြက္ ဆုေတာင္းေပးၾကေစခ်င္ပါတယ္" လို႔ ကင္ဝူဘင္ရဲ႕ ေအဂ်င္စီ SidusHQ က ေမလ ၂၄ ရက္ေန႔က ေၾကညာခဲ့တာပါ။

ကင္ဝူဘင္ရဲ႕ခ်စ္သူ နာမည္ေက်ာ္ ကိုရီးယားမင္းသမီး ရွင္မင္အာကေတာ့ ၾကားၾကားခ်င္မွာ ထိတ္လန္႔ခဲ့ေပမဲ့ ခ်စ္သူအနားမွာ အားေပးသြားမယ္လို႔ ေျပာခဲ့ဖူးပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ကင္ဝူဘင္ (Kim Woo Bin) နဲ႔ အသက္ ၃၃ ႏွစ္အရြယ္ ရွင္မင္အာတုိ႔ဟာ Giordano ေၾကာ္ျငာ ႐ို္က္ကူးရင္း စေတြ႕ခဲ့ၾကတာျဖစ္ၿပီး သူတုိ႔ႏွစ္ေယာက္ ခ်စ္သူျဖစ္ေၾကာင္းကိုေတာ့ ၂၀၁၅ ခုႏွစ္ ဇူလုိင္လ ၂၂ ရက္ေန႔မွာ ေၾကညာခဲ့တာျဖစ္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တောင်ကိုရီးယားသရုပ်ဆောင် ကင်ဝူဘင်ဟာ ကင်ဆာရောဂါဖြစ်နေကြောင်း မေလ ၂၄ ရက်နေ့က ကင်ဝူဘင်ရဲ့ အေဂျင်စီမှ ကြေညာခဲ့တာဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ အမျိုးသားကင်ဆာဌာနရဲ့ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိတ်မှု အထူးကုက ကင်ဝူဘင်ကို ကုသမယ့် လုပ်ငန်းစဉ်ကို KBS2 Entertainment Weekly ရုပ်သံအစီအစဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်။

"ရောဂါဖြစ်ပွားတဲ့ နေရာပြဿနာကြောင့် ခွဲစိတ်ကုသဖြစ်မှာမဟုတ်ပါဘူး။ ဓာတုကုထုံးနဲ့  ဓာတ်ရောင်ခြည်ကုထုံးတွေနဲ့ ကုသသွားမှာပါ" လို့ ယင်းအထူးကုက ပြောပြပါတယ်။

ကင်ဝူဘင်ရဲ့ကင်ဆာက ရှားပါးကင်ဆာတစ်မျိုးဖြစ်ပြီး ဦးခေါင်းနဲ့ လည်ပင်းကြားမှာ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။

"အစပိုင်းမှာတော့ ပျောက်ကင်းမှုနှုန်းကို ၇၀ ရာခိုင်နှုန်းပဲ မျှော်လင့်နိုင်တယ်။ လူနာရဲ့ အခြေအနေနဲ့၊ အဆင့် ၃ နဲ့ ၄ မှာ ကုသမှုလုပ်ငန်းစဉ်တွေပေါ်မူတည်ပြီးမှ ပိုမိုကောင်းမွန်တဲ့ နှုန်းကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။

"အခု လူတိုင်းက ကင်ဝူဘင်ရဲ့အခြေအနနေဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြတယ်။ စိုးရိမ်သူတွေအတွက် ဒီကြေညာချက်ကို ထုတ်ပြန်ရတာပါ။ အခုချိန်အတွင်းမှာ ကင်ဝူဘင်ဟာ သူ့ရဲ့အလုပ်တွေနဲ့ အရမ်းအရမ်း အလုပ်များနေတာပါ။ သူ့ခန္ဓာကိုယ်က နေလို့မကောင်းဘူးလို့ ခံစားရလို့ သူဆေးရုံကိုသွားခဲ့တယ်။ ဆေးရုံရောက်တော့ သူ့မှာ လည်ချောင်း (Nasopharynx) ကင်ဆာ ဖြစ်တယ်လို့ သိလိုက်ရပါတယ်။ ကံကောင်းစွာပဲ ကုသဖို့ သိပ်နောက်မကျသေးတဲ့အတွက် အခု ကုသမှုခံယူနေတယ်ဆိုတာကို ပရိသတ်ကို သိစေချင်တာပါ။ သူ လုံးဝကျန်းမာလာချိန်မှာ ပြန်လာမှာပါ။ ဒီအချိန်မှာ အားလုံးက သူ့အတွက် ဆုတောင်းပေးကြစေချင်ပါတယ်" လို့ ကင်ဝူဘင်ရဲ့ အေဂျင်စီ SidusHQ က မေလ ၂၄ ရက်နေ့က ကြေညာခဲ့တာပါ။

ကင်ဝူဘင်ရဲ့ချစ်သူ နာမည်ကျော် ကိုရီးယားမင်းသမီး ရှင်မင်အာကတော့ ကြားကြားချင်မှာ ထိတ်လန့်ခဲ့ပေမဲ့ ချစ်သူအနားမှာ အားပေးသွားမယ်လို့ ပြောခဲ့ဖူးပါတယ်။

အသက် ၂၇ နှစ်အရွယ် ကင်ဝူဘင် (Kim Woo Bin) နဲ့ အသက် ၃၃ နှစ်အရွယ် ရှင်မင်အာတို့ဟာ Giordano ကြော်ငြာ ရိုက်ကူးရင်း စတွေ့ခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ယောက် ချစ်သူဖြစ်ကြောင်းကိုတော့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top